Cele News

ဒီနေ့ မေလ(၁၄)ရက်နေ့မှာ တတိယမြောက် ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ပြီဖြစ်တဲ့ R ဇာနည်ရဲ့ ဇနီး

Written by Aung Lay




Source- Zarni Myo Nyunt

Unicode

ပရိသတ်ကြီးရေ အာဇာနည်တို့ဇနီးမောင်နှံကတော့ နှစ်တွေအကြာကြီး တစ်ဦးအပေါ်တစ်ဦးနားလည်မှုအပြည့်နဲ့ ရွှေလက်တွဲထားနိုင်ခဲ့ပြီး ပျော်ရွှင်စရာမိသားစုလေးပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျနေရတဲ့ သူတွေဆိုလည်း မမှားပါဘူးနော်။ချစ်စရာကောင်းပြီး လိမ်မာရေးခြားရှိတဲ့ သားလေးနှစ်ယောက်ပိုင်ဆိုင်ထားတဲ့အပြင် အာဇာနည်ရဲ့ဇနီးဝမ်းက တတိယမြောက်ရင်သွေးလေးကို လွယ်ထားရပါတယ်။

အာဇာနည်ရဲ့ဇနီးဖြစ်သူဝမ်း ကတော့ ဒီနေ့ မေလ(၁၄)ရက်နေ့မှာဆိုရင်တော့ တတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီလို့သိရပါတယ်။သားလေးနှစ်ယောက်အပြင် နောက်ထပ် သမီးလေးတစ်ယောက်ပိုင်ဆိုင်သွားပြီဖြစ်တဲ့ အာဇာနည်တို့ ဇနီးမောင်နှံအတွက် အားလုံးကဂုဏ်ပြုစကားဆိုထားတာတွေ့ရပါတယ်။

အာဇာနည်နဲ့ ဖစ်ဖစ်တုန်လေးတို့ ညီအကိုကတော့ ပျော်ရွှင်နေမှာအမှန်ပါပဲနော်။ ပရိသတ်ကြီးကလည်း သမီးရတနာလေးပိုင်ဆိုင်သွားပြီဖြစ်တဲ့ အာဇာနည်တို့ဇနီးမောင်နှံအတွက် ဂုဏ်ပြုစကားလေးဆိုခဲ့ပါအုံးနော်။

Source- Zarni Myo Nyunt

About the author

Aung Lay

Leave a Comment