Cele News
အနုပညာ အသိုင်း အဝိုင်းတစ်ခုလုံး က ချစ်ခင်ရသူ တစ်ယောက်ဖြစ်ပေမယ့် ဆူဇီနဲ့တွေ့မှ ခံလိုက် ရတဲ့ ယုန်လေးရဲ့အဖြစ်
Written by Aung Lay
အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ စိတ်ထားကောင်းပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း ချစ်ခင်ခြင်းကို ခံရသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ယုန်လေးက သူ့ရဲ့ အတိတ်က ပတ်သက်ဖူးသူ ဆူဇီရဲ့ စကားတစ်ခွန်းကြောင့် သဘောကျမဆုံးဖြစ်ခဲ့ရပုံကို အခုလိုပဲ မျှဝေထားပါတယ်။
” Suzie လေး Sea Food ကချင်ချက် ရောင်းတယ်ဆိုလို့ိ၊ ကိုယ်တိုင်လိုက်ပို့တယ်ဆိုလို့၊ ကောင်းလည်းကောင်းတယ်ဆိုလို့ အားပေးမလို့ ဖုန်းဆက်တာ တစ်နိုင်ငံလုံးရောင်းတယ်။ နင့်ကို မရောင်းဘူး ဂွပ်တဲ့ 🤣🤣🤣” ဆိုပြီး ဆူဇီနဲ့တွေ့မှ ခံလိုက်ရတဲ့ သူ့ရဲ့အဖြစ်ကို ပြောပြလာတာပဲ ဖြစ်ပါတယ်။…
လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
ယုန်လေးကတော့ တစ်ခါက ဆူဇီနဲ့ ဇာတ်လမ်းဟောင်းတွေရှိခဲ့ပေမယ့် အခုချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆူဇီနဲ့ ယုန်လေးရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi
Credit
About the author
Aung Lay
Leave a Comment