ၾကားသိရသမ်ွ

ကားဝယ်ဖို့စုထားတဲ့ပိုက်ဆံကို အများအကျိုးအတွက် တံတားထိုးပြီး လှူလိုက်တဲ့အဖိုးအို

Written by Aung Lay

အိန္ဒိယနိုင်ငံ ဥဒိဿပြည်နယ်မှာ နေထိုင်တဲ့ ပင်စင်စားအဖိုးအိုတစ်ယောက်ဟာ ကားဝယ်ဖို့ အနှစ်အနှစ်အလလ စုဆောင်းထားတဲ့ ပိုက်ဆံတွေကို၊ ကားဝယ်ရာမှာ အသုံးမပြုတော့ဘဲ အခြားအကျိုးရှိတဲ့နေရာကိုသာ သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဖိုးရဲ့နာမည်ကတော့ Gangadhar Rout ဖြစ်ပါတယ်။ အသက်(၇၆)နှစ်ပါ။

အနီးအနား ကျေးရွာ(၆)ရွာဟာ မြို့ကိုသွားဖို့အတွက် သဘာဝမြစ်ချောင်းအင်းအိုင်တွကို ဖြစ်သလို ဖြတ်သန်းနေရပါတယ်။ အဖိုး Rout ဟာ Livestock inspector အရာရှိဘဝကနေ ပင်စင်စားဘဝနဲ့ အနားယူထားသူဖြစ်ပြီး၊ သူ စုထားသမျှကို အနည်းငယ်ချန်ပြီး၊ ရွာက အနှစ်နှစ်အလလ မပြီးပြတ်သေးဘဲ ကျန်နေတဲ့တံတားငုပ်ကို ပြန်ပြီးအသက်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။Rout က ” ရွာကလူတွေကလည်း ပြောရရင် ခပ်ကပ်ကပ်ပဲဗျ … လုပ်အားပေးခေါ်တော့လည်း တစ်ယောက်မှ မလာကြဘူး …

ကျွန်တော် တောင်းတောင်းပန်ပန်နဲ့ ခေါ်ခဲ့တာပါ … သူတို့က ကျွန်တော့်ကို လူလိမ်လို့ အထင်ရှိနေပုံပဲ “လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူနေထိုင်ရာနယ်မြေကတော့ Salandi မှာဖြစ်ပြီး၊ အများအားဖြင့်တော့ တောင်သူလယ်သမားတွေပဲ နေထိုင်ကြပါတယ်။ နယ်မြေတည်ဆောက်ပုံအရ လမ်းတံတားကလည်း ရှားပါးလွန်းပါတယ်။

အဖိုး Rout ဟာ ရွာခံတွေရဲ့အားပေးကူညီမှု မရခဲ့သော်လည်း သူ လုပ်ချင်တဲ့အလုပ်ကို စိတ်မပျက်ခဲ့ပါဘူး။ သူနေထိုင်တဲ့ Kanpur ရွာနဲ့ Daneipur ကို ဆက်သွယ်ဖို့ ကြားထဲက ခံနေတဲ့မြစ်ပေါ်ကနေ ပေ(၂၇၀)အရှည်ရှိတံတားကို တည်ဆောက်ခဲ့ပါတယ်။ ယခု တံတားလက်ငုပ်နေရာဟာ ယခင်က အစိုးရရံပုံငွေနဲ့ တံတားတည်ဆောက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဆယ်စုနှစ်ကြာသည်အထိ မအောင်မြင်ခဲ့ပါဘူး။ဟိုးအရင်ကတော့ ဝါးတံတားနဲ့ ဖြစ်သလိုသွားခဲ့ရပေမယ့်၊ မိုးရာသီတိုင်းမှာ ဝါးတံတားတွေက ပျက်စီးကုန်ပါတယ်။ ဒီနေရာကို တံတားတည်ဆောက်ဖို့ လွန်ခဲ့တဲ့ (၁၄)နှစ်က ဒေသခံမော်တော်ယာဉ်အသင်းနဲ့ လွှတ်တော်အမတ်တစ်ချို့က ရူပီး (၃)သိန်းအထိ စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စီမံကိန်းက မအောင်မြင်ခဲ့ပါဘူး။ Rout က နောက်ဆုံးတော့ သူ စုဆောင်းထားတဲ့ ရူပီးသိန်း (၁၂)သိန်းကျော်ကို ဒီမှာ သုံးဖို့ဆုံးဖြတ်လိုက်တာပါ။

အဆိုပါငွေဟာ ကာလတန်ကြေးအားဖြင့်တော့ မြန်မာငွေနဲ့ (၂၆၃)သိန်းကျော် ဖြစ်ပါတယ်။ ဒီတံတားကို ဆောက်လုပ်ပေးနေတဲ့ကုမ္ပဏီကတော့ Hatadihi ဖြစ်ပြီး၊ မိုးတွင်းအမီတည်ဆောက်ပေးဖို့ တောင်းဆိုထားတယ်လို့ Rout က ပြောပါတယ်။ အဖိုး Rout ဟာ အစကတော့ ပင်စင်လစာလေး အေးအေးဆေးဆေး ထိုင်စားပြီး သူ့ အိပ်မက်ထဲမှာ ဝယ်ဖို့ တေးထားတဲ့ ကားလေးနဲ့ လျှောက်သွားမယ်လို့ စိတ်ကူးရှိခဲ့ပုံပါဘဲ။ ဒါပေမယ့် သူဟာ အများကောင်းကျိုးကိုသာ ရှေးရှုခဲ့ပြီး အတ္တလုံးဝကင်းစင်တဲ့ ပရဟိတအလုပ်ကို လုပ်ခဲ့တာပါ။

Zawgyi

အိႏၵိယနိုင္ငံ ဥဒိႆျပည္နယ္မွာ ေနထိုင္တဲ့ ပင္စင္စားအဖိုးအိုတစ္ေယာက္ဟာ ကားဝယ္ဖို႔ အႏွစ္အႏွစ္အလလ စုေဆာင္းထားတဲ့ ပိုက္ဆံေတြကို၊ ကားဝယ္ရာမွာ အသုံးမျပဳေတာ့ဘဲ အျခားအက်ိဳးရွိတဲ့ေနရာကိုသာ သုံးဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အဖိုးရဲ့နာမည္ကေတာ့ Gangadhar Rout ျဖစ္ပါတယ္။ အသက္(၇၆)ႏွစ္ပါ။

အနီးအနား ေက်းရြာ(၆)ရြာဟာ ၿမိဳ႕ကိုသြားဖို႔အတြက္ သဘာဝျမစ္ေခ်ာင္းအင္းအိုင္တြကို ျဖစ္သလို ျဖတ္သန္းေနရပါတယ္။ အဖိုး Rout ဟာ Livestock inspector အရာရွိဘဝကေန ပင္စင္စားဘဝနဲ႔ အနားယူထားသူျဖစ္ၿပီး၊ သူ စုထားသမၽွကို အနည္းငယ္ခ်န္ၿပီး၊ ရြာက အႏွစ္ႏွစ္အလလ မၿပီးျပတ္ေသးဘဲ က်န္ေနတဲ့တံတားငုပ္ကို ျပန္ၿပီးအသက္သြင္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။Rout က ” ရြာကလူေတြကလည္း ေျပာရရင္ ခပ္ကပ္ကပ္ပဲဗ် … လုပ္အားေပးေခၚေတာ့လည္း တစ္ေယာက္မွ မလာၾကဘူး … ကၽြန္ေတာ္ ေတာင္းေတာင္းပန္ပန္နဲ႔ ေခၚခဲ့တာပါ … သူတို႔က ကၽြန္ေတာ့္ကို လူလိမ္လို႔ အထင္ရွိေနပုံပဲ “လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ သူေနထိုင္ရာနယ္ေျမကေတာ့ Salandi မွာျဖစ္ၿပီး၊ အမ်ားအားျဖင့္ေတာ့ ေတာင္သူလယ္သမားေတြပဲ ေနထိုင္ၾကပါတယ္။ နယ္ေျမတည္ေဆာက္ပုံအရ လမ္းတံတားကလည္း ရွားပါးလြန္းပါတယ္။

အဖိုး Rout ဟာ ရြာခံေတြရဲ့အားေပးကူညီမွု မရခဲ့ေသာ္လည္း သူ လုပ္ခ်င္တဲ့အလုပ္ကို စိတ္မပ်က္ခဲ့ပါဘူး။ သူေနထိုင္တဲ့ Kanpur ရြာနဲ႔ Daneipur ကို ဆက္သြယ္ဖို႔ ၾကားထဲက ခံေနတဲ့ျမစ္ေပၚကေန ေပ(၂၇၀)အရွည္ရွိတံတားကို တည္ေဆာက္ခဲ့ပါတယ္။ ယခု တံတားလက္ငုပ္ေနရာဟာ ယခင္က အစိုးရရံပုံေငြနဲ႔ တံတားတည္ေဆာက္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ ဆယ္စုႏွစ္ၾကာသည္အထိ မေအာင္ျမင္ခဲ့ပါဘူး။ဟိုးအရင္ကေတာ့ ဝါးတံတားနဲ႔ ျဖစ္သလိုသြားခဲ့ရေပမယ့္၊ မိုးရာသီတိုင္းမွာ ဝါးတံတားေတြက ပ်က္စီးကုန္ပါတယ္။ ဒီေနရာကို တံတားတည္ေဆာက္ဖို႔ လြန္ခဲ့တဲ့ (၁၄)ႏွစ္က ေဒသခံေမာ္ေတာ္ယာဥ္အသင္းနဲ႔ လႊတ္ေတာ္အမတ္တစ္ခ်ိဳ႕က ႐ူပီး (၃)သိန္းအထိ စုေဆာင္းနိုင္ခဲ့ပါတယ္။ ဒါေပမယ့္ စီမံကိန္းက မေအာင္ျမင္ခဲ့ပါဘူး။ Rout က ေနာက္ဆုံးေတာ့ သူ စုေဆာင္းထားတဲ့ ႐ူပီးသိန္း (၁၂)သိန္းေက်ာ္ကို ဒီမွာ သုံးဖို႔ဆုံးျဖတ္လိုက္တာပါ။

အဆိုပါေငြဟာ ကာလတန္ေၾကးအားျဖင့္ေတာ့ ျမန္မာေငြနဲ႔ (၂၆၃)သိန္းေက်ာ္ ျဖစ္ပါတယ္။ ဒီတံတားကို ေဆာက္လုပ္ေပးေနတဲ့ကုမၸဏီကေတာ့ Hatadihi ျဖစ္ၿပီး၊ မိုးတြင္းအမီတည္ေဆာက္ေပးဖို႔ ေတာင္းဆိုထားတယ္လို႔ Rout က ေျပာပါတယ္။ အဖိုး Rout ဟာ အစကေတာ့ ပင္စင္လစာေလး ေအးေအးေဆးေဆး ထိုင္စားၿပီး သူ႔ အိပ္မက္ထဲမွာ ဝယ္ဖို႔ ေတးထားတဲ့ ကားေလးနဲ႔ ေလၽွာက္သြားမယ္လို႔ စိတ္ကူးရွိခဲ့ပုံပါဘဲ။ ဒါေပမယ့္ သူဟာ အမ်ားေကာင္းက်ိဳးကိုသာ ေရွးရွုခဲ့ၿပီး အတၱလုံးဝကင္းစင္တဲ့ ပရဟိတအလုပ္ကို လုပ္ခဲ့တာပါ။

Credit ဘာသာျပန္-လင္းသုတ , Ref ; hindustantimes

About the author

Aung Lay

Leave a Comment