Knowledge

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ဇူလိုင်၂၅ရက်၊သောကြာနေ့ညပိုင်းအချိန်အသံလွင့်ရုံမှ ထုတ်လွင့်ခဲ့သောဒေါ်ခင်ကြည်၏ တိုင်းပြည်သို့မှာကြားချက်

Written by Aung Lay

“ကျွန်မ၏ ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်မှာပဲ အခုတော့ ကျဆုံးသွားရှာပါပြီ။ ဒီတော့ကာ ကျဆုံးသွားရတဲ့ လူတွေလည်း ကျဆုံးသွားကြပြီ ဖြစ်တဲ့အတွက် ချဲ့ထွင်လု့ိလည်း မပြောလိုတော့ပါဘူး။

ကျဆုံးတဲ့ပုဂ္ဂိုလ်များကို ချစ်ကြည်လေးစားကြရင်ဖြင့် သူတို့ရည်ရွယ်ထားတဲ့ ပန်းတိုင်အဝင်ရောက် အောင် ချမှတ်တဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ကြပါလို့ ပြောပါရစေတော့။

ကျွန်မမှာတော့ ကြီးလေးတဲ့ တာဝန်တွေကို ရှေ့ဆောင်ရှေ့ရွက်အဖြစ်နဲ့ မလုပ်နိုင်သေးလို့ နောက်ကနေပြီးတော့ပဲ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်များကို တနည်းတဖုံ ပြုစုအားပေးပြီး သူ့ရဲ့ရင်နှစ်ဖြစ်တဲ့ ကလေးများကို သူတို့ရဲ့ ဖခင်သွေးပီပီ ဖခင်လို ဖြစ်ထွန်းလာစေဖို့ ပြုစုပျိုးထောင်ပေးတော့မယ်လို့ ဆုံးဖြတ်ပြီးပါပြီ။

ကျွန်မနည်းတူ ကျွန်မနှင့် ကံတူအကျိုးပေး ဖြစ်ကြရတဲ့ ကျဆုံးသွားကြတဲ့ ခေါင်းဆောင်ကြီးများရဲ့ ဇနီးသည်များမှာလည်းဝမ်းနည်းပက်လက် ဖြစ်ကြပေလိမ့်မယ်လို့သိပါရဲ့။ဒါပေမဲ့ ကျွန်မ ပြောလိုတာကတော့ သူတို့ကို တကယ်ချစ်ရိုးမှန်ရင်ဖြင့် သူတို့ချမှတ်ထားခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြစေလိုပါတယ်။ ဒါမှပဲ သူတို့ကို ချစ်ရာခင်ရာ ရောက်ပါလိမ့်မယ်။

ဒီတော့ ကျွန်မတို့က အကောင်အထည်ပေါ်အောင် ဝိုင်းဝန်းပြီး အားပေးကြဖို့ လိုပါတယ်။ ကျွန်မတို့ တိုင်းသူပြည်သားများကလည်း ကျဆုံးသွားတဲ့ ပုဂ္ဂိုလ်ကြီးများကို လေးစားတဲ့အနေနဲ့ ဒေါသရှေ့ထားပြီး စိတ်လိုက်မာန်ပါ မပြုလုပ်ကြဘဲ၊ ကွယ်လွန်တဲ့ ပုဂ္ဂိုလ်များရဲ့ ချမှတ်ထားခဲ့တဲ့ လမ်းစဉ်အတိုင်း တသဝေမတိမ်း လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

ဖဆပလ အဖွဲ့ကြီးနဲ့၊ ဖဆပလ အစိုးရအဖွဲ့ကို အားလုံးထောက်ခံကြပြီး ကွယ်လွန်ရှာကြတဲ့ ခေါင်းဆောင်များရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လုံးဝလွတ်လပ်ရေး မရမနေ ကြိုးစားအားထုတ် ကြပါလို့”သာ တိုင်းပြည်အား အပြီးတိုင်မှာကြားခဲ့ပါတယ်ဟူ၍ ပြောကြားသွားခဲ့လေသည်။

မူရင်း ကျော်ကြီး

Zawgyi

“ကၽြန္မ၏ ခင္ပြန္းသည္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ လူမ်ိဳးအတြက္ ႀကိဳးပမ္းရင္း လမ္းခုလတ္မွာပဲ အခုေတာ့ က်ဆုံးသြား႐ွာပါၿပီ။ ဒီေတာ့ကာ က်ဆုံးသြားရတဲ့ လူေတြလည္း က်ဆုံးသြားၾကၿပီ ျဖစ္တဲ့အတြက္ ခ်ဲ႕ထြင္လု႔ိလည္း မေျပာလိုေတာ့ပါဘူး။

က်ဆုံးတဲ့ပုဂၢိဳလ္မ်ားကို ခ်စ္ၾကည္ေလးစားၾကရင္ျဖင့္ သူတို႔ရည္႐ြယ္ထားတဲ့ ပန္းတုိင္အဝင္ေရာက္ ေအာင္ ခ်မွတ္တဲ့ လမ္းစဥ္အတိုင္း လိုက္နာေဆာင္႐ြက္ၾကပါလို႔ ေျပာပါရေစေတာ့။

ကၽြန္မမွာေတာ့ ႀကီးေလးတဲ့ တာဝန္ေတြကို ေ႐ွ႕ေဆာင္ေ႐ွ႕႐ြက္အျဖစ္နဲ႔ မလုပ္ႏိုင္ေသးလို႔ ေနာက္ကေနၿပီးေတာ့ပဲ ဗိုလ္ခ်ဳပ္ခ်မွတ္ခဲ့တဲ့ လမ္းစဥ္မ်ားကို တနည္းတဖုံ ျပဳစုအားေပးၿပီး သူ႔ရဲ႕ရင္ႏွစ္ျဖစ္တဲ့ ကေလးမ်ားကို သူတို႔ရဲ႕ ဖခင္ေသြးပီပီ ဖခင္လို ျဖစ္ထြန္းလာေစဖို႔ ျပဳစုပ်ိဳးေထာင္ေပးေတာ့မယ္လို႔ ဆုံးျဖတ္ၿပီးပါၿပီ။

ကၽြန္မနည္းတူ ကၽြန္မႏွင့္ ကံတူအက်ိဳးေပး ျဖစ္ၾကရတဲ့ က်ဆုံးသြားၾကတဲ့ ေခါင္းေဆာင္ႀကီးမ်ားရဲ႕ ဇနီးသည္မ်ားမွာလည္းဝမ္းနည္းပက္လက္ ျဖစ္ၾကေပလိမ့္မယ္လို႔သိပါရဲ႕။ဒါေပမဲ့ ကၽြန္မ ေျပာလိုတာကေတာ့ သူတို႔ကို တကယ္ခ်စ္႐ိုးမွန္ရင္ျဖင့္ သူတို႔ခ်မွတ္ထားခဲ့တဲ့ လမ္းစဥ္ကို လိုက္ၾကေစလိုပါတယ္။ ဒါမွပဲ သူတို႔ကို ခ်စ္ရာခင္ရာ ေရာက္ပါလိမ့္မယ္။

ဒီေတာ့ ကၽြန္မတို႔က အေကာင္အထည္ေပၚေအာင္ ဝိုင္းဝန္းၿပီး အားေပးၾကဖို႔ လိုပါတယ္။ ကၽြန္မတို႔ တိုင္းသူျပည္သားမ်ားကလည္း က်ဆုံးသြားတဲ့ ပုဂၢိဳလ္ႀကီးမ်ားကို ေလးစားတဲ့အေနနဲ႔ ေဒါသေ႐ွ႕ထားၿပီး စိတ္လိုက္မာန္ပါ မျပဳလုပ္ၾကဘဲ၊ ကြယ္လြန္တဲ့ ပုဂၢိဳလ္မ်ားရဲ႕ ခ်မွတ္ထားခဲ့တဲ့ လမ္းစဥ္အတိုင္း တသေဝမတိမ္း လိုက္နာေဆာင္႐ြက္ဖို႔ လိုပါတယ္။

ဖဆပလ အဖြဲ႔ႀကီးနဲ႔၊ ဖဆပလ အစိုးရအဖြဲ႔ကို အားလုံးေထာက္ခံၾကၿပီး ကြယ္လြန္႐ွာၾကတဲ့ ေခါင္းေဆာင္မ်ားရဲ႕ ရည္မွန္းခ်က္ျဖစ္တဲ့ လုံးဝလြတ္လပ္ေရး မရမေန ႀကိဳးစားအားထုတ္ ၾကပါလို႔”သာ တိုင္းျပည္အား အၿပီးတိုင္မွာၾကားခဲ့ပါတယ္ဟူ၍ ေျပာၾကားသြားခဲ့ေလသည္။

မူရင္း ေက်ာ္ၾကီး

About the author

Aung Lay

Leave a Comment