News

Wedding Photo ရိုက်နေရင်း ရေကန်ထဲမှာရေနစ်နေတဲ့ ကလေးငယ်ကိုကယ်ထုတ်ပေးခဲ့တဲ့ စုံတွဲ

Written by Aung Lay

Wedding Photo ရိုက်နေရင်း ရေကန်ထဲမှာရေနစ်နေတဲ့ ကလေးငယ်ကိုကယ်ထုတ်ပေးခဲ့တဲ့ စုံတွဲ

တရုတ်နိုင်ငံ Jiangsu ပြည်နယ်အရှေ့ဖက်ခြမ်းမှာ မင်္ဂလာပွဲအတွက်ဓာတ်ပုံတွေရိုက်နေခဲ့တဲ့စုံတွဲဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က မမျှော်လင့်ဘဲရေကန်ငယ်ထဲပြုတ်ကျသွားခဲ့တဲ့ကလေးငယ်ကို အချိန်မီကယ်တင်ပေးနိုင်ခဲ့ပါတယ် ။

အဆိုပါ Yingbin ပန်းခြံမှာဓာတ်ပုံရိုက်နေတုန်း ကလေးငယ်တစ်ယောက်ရဲ့အော်ဟစ်အကူအညီတောင်းသံကိုကြားလိုက်ရလို့ လှည့်ပတ်ကြည့်လိုက်ချိန်မှာတော့ ရေထဲမှာရေနစ်နေလို့ရုန်းကန်နေခဲ့တဲ့ ကလေးမလေးကိုတွေ့ရှိခဲ့ရပါတယ် ။

ထိုအချိန်မှာတော့ သတို့သားဖြစ်သူဟာ သူ့ရဲ့သတို့သားဝတ်စုံကိုချွတ်ပစ်ဖို့တောင် သတိမရဘဲ ရေကန်ထဲသို့ခုန်ဆင်းကာ ကလေးငယ်ကိုကယ်တင်ပေးခဲ့ပြီး ရေကန်အစပ်မှာတော့ သတို့သမီးဟာ ကလေးမလေးကိုလှမ်းပြီးပွေ့ချီပေးဖို့ စောင့်နေခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်ကို ဓာတ်ပုံဆရာကလည်း အချိန်ကိုက်ရိုက်ကူးထားနိုင်ခဲ့လို့ လူ့အသက်ကယ်တင်ပေးခဲ့တဲ့စုံတွဲရဲ့မင်္ဂလာဓာတ်ပုံလေးဆိုပြီး social media ပေါ်မှာ အတော်လေးရေပန်းစားသွားခဲ့ပါတော့တယ် ။

ကလေးမလေးဟာ 5နှစ်အရွယ်သာရှိသေးပြီး ၊ သူ၏နေအိမ်မှာလည်း ပန်းခြံနှင့်အတော်လေးနီးကပ်သောကြောင့် ပန်းခြံသို့လာရောက်ကစားရင် အခန့်မသင့်ဘဲရေကန်ထဲသို့ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ် ။ အဆိုပါစုံတွဲလေးဟာ လူ့အသက်ကယ်တင်ပေးလိုက်ရလို့ အပျော်ကြီးပျော်နေခဲ့ပေမဲ့လည်း ၎င်းတို့ရဲ့အမည်ကိုတော့ ထုတ်ဖော်ပြခဲ့ခြင်းမျိုးမရှိခဲ့ပါဘူး ။

Jasmine (Mckzone Daily)

Zawgyi

Wedding Photo ႐ိုက္ေနရင္း ေရကန္ထဲမွာေရနစ္ေနတဲ့ ကေလးငယ္ကိုကယ္ထုတ္ေပးခဲ့တဲ့ စုံတြဲ

တ႐ုတ္ႏိုင္ငံ Jiangsu ျပည္နယ္အေရွ႕ဖက္ျခမ္းမွာ မဂၤလာပြဲအတြက္ဓာတ္ပုံေတြ႐ိုက္ေနခဲ့တဲ့စုံတြဲဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က မေမွ်ာ္လင့္ဘဲေရကန္ငယ္ထဲျပဳတ္က်သြားခဲ့တဲ့ကေလးငယ္ကို အခ်ိန္မီကယ္တင္ေပးႏိုင္ခဲ့ပါတယ္ ။

အဆိုပါ Yingbin ပန္းၿခံမွာဓာတ္ပုံ႐ိုက္ေနတုန္း ကေလးငယ္တစ္ေယာက္ရဲ႕ေအာ္ဟစ္အကူအညီေတာင္းသံကိုၾကားလိုက္ရလို႔ လွည့္ပတ္ၾကည့္လိုက္ခ်ိန္မွာေတာ့ ေရထဲမွာေရနစ္ေနလို႔႐ုန္းကန္ေနခဲ့တဲ့ ကေလးမေလးကိုေတြ႕ရွိခဲ့ရပါတယ္ ။

ထိုအခ်ိန္မွာေတာ့ သတို႔သားျဖစ္သူဟာ သူ႔ရဲ႕သတို႔သားဝတ္စုံကိုခြၽတ္ပစ္ဖို႔ေတာင္ သတိမရဘဲ ေရကန္ထဲသို႔ခုန္ဆင္းကာ ကေလးငယ္ကိုကယ္တင္ေပးခဲ့ၿပီး ေရကန္အစပ္မွာေတာ့ သတို႔သမီးဟာ ကေလးမေလးကိုလွမ္းၿပီးေပြ႕ခ်ီေပးဖို႔ ေစာင့္ေနခဲ့ပါတယ္ ။

အဆိုပါအျဖစ္အပ်က္ကို ဓာတ္ပုံဆရာကလည္း အခ်ိန္ကိုက္႐ိုက္ကူးထားႏိုင္ခဲ့လို႔ လူ႔အသက္ကယ္တင္ေပးခဲ့တဲ့စုံတြဲရဲ႕မဂၤလာဓာတ္ပုံေလးဆိုၿပီး social media ေပၚမွာ အေတာ္ေလးေရပန္းစားသြားခဲ့ပါေတာ့တယ္ ။

ကေလးမေလးဟာ 5ႏွစ္အ႐ြယ္သာရွိေသးၿပီး ၊ သူ၏ေနအိမ္မွာလည္း ပန္းၿခံႏွင့္အေတာ္ေလးနီးကပ္ေသာေၾကာင့္ ပန္းၿခံသို႔လာေရာက္ကစားရင္ အခန႔္မသင့္ဘဲေရကန္ထဲသို႔ျပဳတ္က်သြားခဲ့တာျဖစ္ပါတယ္ ။ အဆိုပါစုံတြဲေလးဟာ လူ႔အသက္ကယ္တင္ေပးလိုက္ရလို႔ အေပ်ာ္ႀကီးေပ်ာ္ေနခဲ့ေပမဲ့လည္း ၎တို႔ရဲ႕အမည္ကိုေတာ့ ထုတ္ေဖာ္ျပခဲ့ျခင္းမ်ိဳးမရွိခဲ့ပါဘူး ။

Jasmine (Mckzone Daily)

About the author

Aung Lay

Leave a Comment