Cele News

ကိုယ်တိုင်ကြိုးစားထားတဲ့ အနုပညာကြေးလေးတွေနဲ့ သိန်းပေါင်းရာချီပေးရတဲ့ ကားအသစ်ကြီးတစ်စီး ဝယ်ခဲ့တဲ့ ကျော်ကျော်

Written by Aung Lay

အမြဲပျော်ပျော်နေတတ်ပြီး အခွီဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးလေ့ရှိတဲ့ မင်းသားချောကျော်ကျော်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ၊ကြော်ငြာတွေကနေတစ်ဆင့် စတင်လာခဲ့တာဖြစ်ပြီး အခုဆိုရင် ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေအထိပါ ရိုက်ကူးအောင်မြင်နေတဲ့သူပဲဖြစ်ပါတယ်။ ကျော်ကျော်ဟာ သူငယ်ချင်းဖြစ်သူ

စုမြတ်နိုးဦး၊ညီထွဋ်ခေါင်တို့နဲ့အတူ N.H.K=ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များဆိုတဲ့ Facebook pageလေး‌ထောင်ကာ ဟာသဗီဒီယိုလေးတွေနဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။ကျော်ကျော်ဟာသရုပ်ဆောင်တဲ့အပိုင်းမှာဆိုရင်လည်း သဘာဝကျကျနဲ့အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ ကျော်ကျော်ဟာ ဗီဒီယိုကားတွေ ရုပ်ရှင်ကားကြီး

ရိုက်ကူးနေတာဖြစ်တဲ့အပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ပါနော်။ သူပါဝင်ရိုက်ကူးထားတဲ့ အရိပ်ဇာတ်လမ်းတွဲမှာဆိုရင်လည်း ပေါက်ကျိုင်းအနေနဲ့သဘာဝကျကျလေးသရုပ်ဆောင်ပြသွားတာကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုပိုပြီးရရှိ‌ခဲ့တာလည်းဖြစ်ပါတယ်။ကျော်ကျော်ဟာ မာန်မာနကင်းပြီးအေးဆေးစွာနေတတ်တဲ့သူလည်းဖြစ်တဲ့အပြင်

ပရိတ်သတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးနေတတ်တဲ့သူဖြစ်ပါတယ်။ မကြာသေးမီကလည်း ကျော်ကျော်ဟာ သူ့ရဲ့ကိုယ်ပိုင်အနုပညာကြေးလေးတွေနဲ့ တန်ဖိုးကြီးကားအသစ်တစ်စီးကိုဝယ်လိုက်တာလည်းဖြစ်ပါတယ်။ ဒီအကြောင်းလေးကို “2020 ခုနှစ်မှာ ကျနော့်ရဲ့ ရွေးချယ်မူကတော့Aung Gabar BAIC Show Room ကရောင်းချပေးတဲ့ BAIC SENOVA D70 ဖစ်ပါတယ်…ဝယ်ယူသူများစိတ်တိုင်းကျအောင်

ဆောင်ရွက်ပေးနေတဲ့ Aung Gabar ကိုလည်း ကျေးဇူးတင်ရှိပါတယ်…BAIC D70 ကားလေးက လှလည်းလှ မောင်းလို့လည်း ကောင်းတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ Show Room က အကိုကြီးကိုငယ်ကလည်း အရမ်းချောပီး အရမ်းသဘောကောင်းပါတယ်လို့ ဟီး ဟီး”ဆိုပြီးရေးသားထားတာပါ။ ကဲ…. ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတဲ့နော်။

Zawgyi





About the author

Aung Lay

Leave a Comment