မိုးလေဝသ

ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် အထက်မြင့်တက်နေမှုကြောင့် တစ်နိုင်ငံလုံး မြစ်ရေကြီးမှု အန္တရာယ်သတင်းများ မပြတ်စောင့် ကြည့်ရန် မိုးဇလ သတိပေး

Written by Aung Lay

အခု ဆို ရင္ မုန္သုံမိုးရာ သီခ်ိန္ ေရာက္လာၿပီ ျဖစ္တဲ့အတြက္ တခ်ိဳ႕ေနရာေတြမွာ မုတ္သုံမိုး အားေကာင္းတာေတြ ရွိသလို မိုးႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚေနတဲ့ အတြက္ ျမစ္ေရေတြလည္း စိုးရိမ္ ေရမွတ္ အထက္ ကို ျမင့္တက္ လာေန ပါ တယ္ ။ စိုးရိမ္ေရမွတ္ အထက္ ကို ေရာက္ရွိ ခဲ့တဲ့ ခ်င္းတြင္းျမစ္နဲ႔ ဧရာဝတီျမစ္ ရဲ႕ လက္ရွိ စိုးရိမ္ ေရမွတ္ အေျခအေနနဲ႔ ျမန္မာႏိုင္ငံတဝန္းက ျမစ္ေခ်ာင္းေတြ မွာ စိုးရိမ္ေရမွတ္ေတြ အထိ ျမစ္ေရျမင့္တက္လာေန တဲ့ အေနအထားေတြ ကိုေတာ့ မိုးေလဝသ နဲ႔ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး က ရွင္းျပ ပါတယ္။

“ လက္ရွိအေန နဲ႔ကေတာ့ စိုးရိမ္ေရမွတ္ အထက္ ေရာက္ခဲ့ တာ နဲ႔ လက္ရွိ စိုးရိမ္ေရမွတ္ ကို ေရာက္ေနတာကေတာ့ ဧရာဝတီျမစ္ နဲ႔ ခ်င္းတြင္းျမစ္ ၂ ခုပါ ။ သံလြင္ကေတာ့ စိုးရိမ္ေရမွတ္ အထက္ ကို ေရာက္ဖို႔ ၄ ေပေလာက္ လိုေသး တယ္ ။ လက္ ရွိ ဧရာဝတီျမစ္ေရကေတာ့ ၿပီးခဲ့ တဲ့ တရက္ေက်ာ္ က ေ႐ႊကူမွာေတာ့ သူက စိုးရိမ္ေရမွတ္ကို အနည္းငယ္ ေက်ာ္သြားတဲ့အတြက္ေၾကာင့္မို႔လို႔ ကသာဘက္ မွာေတာ့ စိုးရိမ္ေရမွတ္ မေရာက္ခဲ့ဘူး ၊ ျပန္က်ေနတယ္။

“ဒါေပမယ့္ သူတို႔ဆီ ကေန တက္ခဲ့တဲ့ေရေၾကာင့္ က်န္တဲ့ ေအာက္က စခန္းေတြေပါ့ သပိတ္က်င္း တို႔ မႏၲေလး၊ စစ္ကိုင္း၊ ျမင္းမူတို႔ဘက္ကိုေတာ့ ဆက္ၿပီးေတာ့ ေရတက္ေနတဲ့ အေနအထားရွိတယ္။ အဲ့လိုမ်ိဳးပဲ ဒီ ခ်င္းတြင္းျမစ္ေပါ့၊ ခ်င္းတြင္းျမစ္ မွာေတာ့ ဟုမၼလင္းနဲ႔ ေဖာင္းျပင္ကို ေရထိုးခဲ့တယ္။ ေဖာင္းျပင္ကေတာ့ စိုးရိမ္ေရမွတ္အထက္ကို ေက်ာ္သြားၿပီေပါ့ေနာ္။ ေဖာင္းျပင္ရဲ႕ ေအာက္ကစခန္းေတြျဖစ္တဲ့ ကေလးဝ တို႔ ေမာ္လိုက္ တို႔ မင္းကင္းတို႔ မုံ႐ြာတို႔ မွာေတာ့ စိုးရိမ္ေရမွတ္ ကို ေရာက္ႏိုင္တဲ့ အေနအထားမ်ိဳးေတြ ရွိပါတယ္၊ အခုတက္ခဲ့တဲ့ ေရအေရ ပါ့ေနာ္။”

ဧရာဝတီျမစ္ေရ စိုးရိမ္ေရမွတ္ အထက္ ျမင့္တက္ လာေနတဲ့ အခ်ိန္မွာေတာ့ ဧရာဝတီတိုင္းတြင္းမွာလည္း ျမစ္ေရျမင့္တက္လာမႈေတြနဲ႔ ေရႀကီး ေရလႊမ္းမိုးမႈဒဏ္ေတြ ႀကဳံလာရႏိုင္တာမို႔ က်န္းမာေရးဦးစီးဌာနဘက္ ကလည္း အေရးေပၚ ကူညီကယ္ဆယ္ေရးနဲ႔ ေရေဘးအႏၲရာယ္ ႀကိဳတင္ျပင္ဆင္မႈေတြ ေဆာင္႐ြက္ေနၾကၿပီ ျဖစ္ပါတယ္။ အေရးေပၚ က်န္းမာေရးေစာင့္ေရွာက္မႈေတြ နဲ႔ ေရေဘးအႏၲရာယ္ ႀကိဳတင္ ကာကြယ္ႏိုင္ေရး လက္ရွိေဆာင္႐ြက္ေနတဲ့ အေျခအေနေတြကို ဧရာဝတီတိုင္း က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသန္းထြဋ္ေအာင္ကလည္း ဗြီအိုေအကို ေျပာျပ ပါတယ္။

“က်ေနာ္တို႔က ၿပီးခဲ့တဲ့ သုံးလေလာက္ကတည္းက သၾကၤန္ အၿပီးမွာ သဘာဝေဘးစီမံခ်က္ေလး ေရးလိုက္တယ္။ Disaster အတြက္ ေဆးဝါးေတြကို ၿမိဳ႕နယ္အလိုက္ ၁၀ ပုံး၊ တိုင္းေဒသႀကီးေတြမွာလည္း ပုံး ၅၀ စီစဥ္ထားတယ္။ ေနာက္ ေရသန႔္ေဆးျပားေတြေပါ့ ။ အဓိကကေတာ့ မိုးေရႀကီး လာရင္ ျမစ္ေရလွ်ံလာရင္ အဓိက ေသာက္သုံးေရေတြ ညစ္ညမ္းမွာ စိုးတဲ့အတြက္ ေရသန႔္ေဆးေတြလည္း က်ေနာ္တို႔ ပို႔ထား တယ္ ။

“ေနာက္ ေရအႏၲရာယ္ မျဖစ္ေအာင္ Early Warning System လည္း လုပ္ထား တယ္။ အဓိကကေတာ့ လူေနရပ္ကြက္ေတြထဲ အသံခ်ဲ႕စက္နဲ႔ေအာ္တဲ့ Early Warning System ေပါ့။ ပင္လယ္ကမ္းေျခက သူေတြကိုလည္း သင္တန္းေတြ ေပးထားတယ္။ ေနာက္ ေဆး႐ုံေတြ လည္း Evacuation Plans ေတြေပါ့၊ အေရးေပၚ ဘယ္လိုေ႐ႊ႕မလဲ၊ အေရးေပၚေဆး႐ုံ ဘယ္မွာထားမလဲေပါ့ ။ ဒါေတြကို စီစဥ္ထားပါတယ္။ ေနာက္ ေႁမြအဆိပ္ေျဖေဆးမ်ားကို လည္း အထူးစီမံထားပါတယ္။ ဘာျဖစ္လို႔လဲ ဆိုရင္ ေရႀကီးလာၿပီဆိုရင္ ေႁမြဆိုးအႏၲရာယ္ ရွိတဲ့အတြက္ ေႁမြဆိပ္ေျဖေဆး ကို အထူး စီစဥ္ထားတယ္ ။ ေနာက္ လူေတြအတြက္ေပါ့၊ အသက္ကယ္ အက်ႌေတြ Life Jackets ေတြလည္း အမ်ားႀကီးျဖန႔္ထားတယ္၊ တတိုင္းလုံး ျဖန႔္ထားတာ ပါ။”

ဒီလို စိုးရိမ္ေရမွတ္အထက္ ျမစ္ေရလွ်ံမႈေတြ ျဖစ္လာႏိုင္တဲ့ အတြက္ ျမစ္ကမ္းနံေဘးေန ျပည္သူေတြေရာ ေရလႊမ္းမိုးမႈဒဏ္ ခံခဲ့ရဖူးတဲ့ေဒသက ျပည္သူေတြအေနနဲ႔ မိုးလဝသ သတင္းေတြကို စဥ္ဆက္မျပတ္ နားစြင့္ထားၾကဖို႔နဲ႔ အေရးေပၚအေျခအေနေတြ ႀကဳံလာရရင္ ႀကိဳတင္ျပင္ဆင္ထားသင့္တဲ့ အေျခအေနေတြ ကိုလည္း မိုးဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္က သတိေပး ပါတယ္။

“အဲဒီအတြက္ေၾကာင့္မို႔လို႔ ျမစ္ကမ္းနံေဘးမွာေ နတဲ့ ျပည္သူေတြအေနနဲ႔ မိုးေကာင္းလာၿပီဆိုရင္ ျမစ္ေရေတြ ႐ုတ္တရက္ ျမင့္တက္လာႏိုင္တာတို႔ ျမစ္ေရေတြ ႀကီးလာႏိုင္တာတို႔ ဒီလိုမ်ိဳး အႏၲရာယ္ေတြ ရွိလာႏိုင္တဲ့အတြက္ အထူးသျဖင့္ ျမစ္ကမ္းနံေဘး မွာ ေနသူေတြက ေန႔စဥ္ထုတ္ျပန္ေနတဲ့ ျမစ္ေရ အေျခအေနသတင္း ေန႔စဥ္ေစာင့္ၾကည့္ၿပီး မိမိတို႔ေနထိုင္တဲ့ ေနရာေဒသေတြမွာ ျမစ္ေရနဲ႔ ပတ္သက္ၿပီးေတာ့ ေဘးအႏၲရာယ္ ျဖစ္လာႏိုင္တယ္ ဆိုရင္ ေဘးအႏၲရာယ္ ျဖစ္လာႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္လာၿပီဆိုရင္ ေဘးအႏၲရာယ္ ကင္းတဲ့ ေနရာေတြကို ေခတၱခဏ ေ႐ႊ႕ေျပာင္းေနထိုင္သင့္ပါတယ္။ ဒါေတြကိုလည္း ႀကိဳတင္ျပင္ ဆင္ထားသင့္ပါတယ္။

“အဓိကကေတာ့ ဒီကာလက COVID-19 ျဖစ္ေနတဲ့ ကာလ လည္း ျဖစ္ေနတဲ့ အခါက်ေတာ့ ေဘးအႏၲရာယ္ကင္းေရး ခါတိုင္းဆိုရင္ေတာ့ က်ေနာ္တို႔ ေရေဘးကယ္ဆယ္ေရးစခန္းေတြ ဖြင့္ပါတယ္။ ဒါေၾကာင့္ ေရေဘး တင္ မဟုတ္ေတာ့ဘူး ၊ က်န္းမာေရးဆိုင္ရာ COVID-19 နဲ႔ ပတ္သက္ၿပီးေတာ့ က်န္းမာေရးဝန္ထမ္းေတြရဲ႕ လမ္းၫႊန္ခ်က္ေတြအတိုင္း လိုက္နာေဆာင္႐ြက္သင့္ပါတယ္။ သက္ဆိုင္ရာ တိုင္းေဒသ ျပည္နယ္ေတြ ၿမိဳ႕နယ္ေတြ အလိုက္မွာ ဖြဲ႕စည္းထားတဲ့ သဘာဝေဘးအဖြဲ႕ေတြ ရွိပါတယ္။ ဒီသဘာဝေဘး အဖြဲ႕ေတြရဲ႕ လမ္းၫႊန္ခ်က္ေတြအတိုင္းလည္း ျပည္သူေတြက လိုက္နာေဆာင္႐ြက္သင့္တယ္လို႔ က်ေနာ့္အေနနဲ႔ အႀကံျပဳလိုပါတယ္။”

အထူးသျဖင့္ ျမစ္ေရ တဟုန္ ထိုးႀကီးၿပီး ျမစ္ကမ္းပါး ၿပိဳက်တာ မ်ိဳး လူေနရပ္ကြက္ေတြထဲအထိ ေရလႊမ္းမိုးမႈေတြ ႀကဳံလာရရင္ အေရးေပၚ သဘာဝေဘးအႏၲရာယ္ကေန ေရွာင္တိမ္းႏိုင္ဖို႔အတြက္ ေရကင္း ေရတားစနစ္ေတြ သက္ဆိုင္ရာက စီမံေပးေနသလို ေဒသခံ ျပည္သူေတြ ဘက္ကလည္း သတိဝီရိယထားၿပီး ေစာင့္ၾကည့္ၾကဖို႔ လိုတယ္လို႔လည္း က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသန္းထြဋ္ေအာင္က အႀကံေပးပါတယ္။

“အၿမဲတမ္း မိုးတြင္းမွာ ျမစ္ေရသည္ တဟုန္ထိုးႀကီးတတ္တယ္။ ျမစ္ေရ တိုးတာထက္ Flash Flood လို႔ေခၚတဲ့ Flash Flood ေပ့ါ၊ ႐ုတ္တရက္ ေရႀကီးျခင္းေပါ့၊ ေရ ႐ုတ္တရက္တိုးၿပီး ေတာင္က်ေရလိုမ်ိဳး အကုန္လုံး ေမ်ာပါသြားတာေပ့ါ၊ အဲဒီေတာ့ အၿမဲတမ္း “ေရကင္း” ေစာင့္တဲ့ အက်င့္ေလး ကို ႐ြာသူ႐ြာသားေတြေရာ ၿမိဳ႕သူၿမိဳ႕သားေတြေရာ ေရကင္းေစာင့္ၿပီးေတာ့ ေရသတင္း ခ်က္ခ်င္းပို႔ၾကမယ္ေပါ့။

“အထူးသျဖင့္ မိုးတြင္းမွာဆိုရင္ ေရႀကီးတာကို အၿမဲတမ္းႀကဳံရ တဲ့ ဧရာဝတီတိုင္း အေနနဲ႔ေရာ က်န္တဲ့ တိုင္းနဲ႔ျပည္နယ္ေတြမွာေရာ ႀကိဳတင္ျပင္ဆင္ၿပီးေတာ့မွ ဘယ္ကို အေရးေပၚေ႐ႊ႕ၾကမလဲ၊ ေနာက္ Shelters ေတြ ဘယ္ဘက္ေတြ ကို ေ႐ႊ႕ၾကမလဲေပါ့၊ ဒါေတြကို ျပင္ထားရမယ္။ ေနာက္ စားဖို႔ေသာက္ဖို႔အတြက္လည္း ျပင္ဆင္ ထားရမယ္။ ေနာက္ က်န္းမာေရးအတြက္လည္း အေရးေပၚလိုအပ္တဲ့ ပစၥည္းပစၥယေတြ ေဆာင္ထားရမယ္ ခင္ဗ် ။ အဲဒါေလး ေျပာလိုပါတယ္။”

လတ္တေလာမွာေတာ့ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားမွာ ဧရာဝတီျမစ္႐ိုးတေလွ်ာက္ ျမစ္ေရျမင့္တက္လာႏိုင္ လို႔ ေျမနိမ့္ပိုင္းေဒသ ျပည္သူေတြ ေရလႊမ္းမိုးမႈကေန ကာကြယ္ႏိုင္ေအာင္ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ကိုယ္တိုင္ ဦးေဆာင္ၿပီးလည္း ျမစ္ကမ္းပါး ေရထိန္းနံရံနဲ႔ ေရတားတာေဘာင္ေတြ၊ ေရတံခါး တည္ေဆာက္ေရးေတြ ကို ဒီကေန႔မွာ ကြင္းဆင္းေဆာင္႐ြက္ေ နပါတယ္။

လက္ရွိ မိုးေလဝသ အေျခအေန မွာေတာ့ ဘဂၤလားပင္လယ္ေအာ္ဘက္ မုတ္သုံေလ အားအသင့္အတင့္ရွိေနၿပီး ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးေတြမွာ မိုးႀကီးႏိုင္သလို ဧရာဝတီ၊ တနသၤာရီ စတဲ့ က်န္ တိုင္းနဲ႔ျပည္နယ္ေတြမွာလည္း မိုးထစ္ခ်ဳန္း႐ြာႏိုင္ တယ္ လို႔ မိုးဇလဌာန က သတိေပး ေျပာဆိုထား ပါတယ္။ အခု ဆိုရင္ေတာ့ အိမ္နီးခ်င္း တ႐ုတ္၊ ဘဂၤလားေဒ့ရွ္ အပါအဝင္ အာရွေဒသႏိုင္ငံ တခ်ိဳ႕မွာလည္း ေရေဘးအႏၲရာယ္က စိုးရိမ္စရာ အေျခအေန ရွိေနတာေၾကာင့္ ႀကိဳတင္ ျပင္ဆင္မႈေတြ ေဆာင္႐ြက္ေနခ်ိန္လည္း ျဖ စ္ပါတယ္ ။

Unicode

အခု ဆို ရင် မုန်သုံမိုးရာ သီချိန် ရောက်လာပြီ ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ မုတ်သုံမိုး အားကောင်းတာတွေ ရှိသလို မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် မြစ်ရေတွေလည်း စိုးရိမ် ရေမှတ် အထက် ကို မြင့်တက် လာနေ ပါ တယ် ။ စိုးရိမ်ရေမှတ် အထက် ကို ရောက်ရှိ ခဲ့တဲ့ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် ရဲ့ လက်ရှိ စိုးရိမ် ရေမှတ် အခြေအနေနဲ့ မြန်မာနိုင်ငံတဝန်းက မြစ်ချောင်းတွေ မှာ စိုးရိမ်ရေမှတ်တွေ အထိ မြစ်ရေမြင့်တက်လာနေ တဲ့ အနေအထားတွေ ကိုတော့ မိုးလေဝသ နဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ရှင်းပြ ပါတယ်။

“ လက်ရှိအနေ နဲ့ကတော့ စိုးရိမ်ရေမှတ် အထက် ရောက်ခဲ့ တာ နဲ့ လက်ရှိ စိုးရိမ်ရေမှတ် ကို ရောက်နေတာကတော့ ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ် ၂ ခုပါ ။ သံလွင်ကတော့ စိုးရိမ်ရေမှတ် အထက် ကို ရောက်ဖို့ ၄ ပေလောက် လိုသေး တယ် ။ လက် ရှိ ဧရာဝတီမြစ်ရေကတော့ ပြီးခဲ့ တဲ့ တရက်ကျော် က ရွှေကူမှာတော့ သူက စိုးရိမ်ရေမှတ်ကို အနည်းငယ် ကျော်သွားတဲ့အတွက်ကြောင့်မို့လို့ ကသာဘက် မှာတော့ စိုးရိမ်ရေမှတ် မရောက်ခဲ့ဘူး ၊ ပြန်ကျနေတယ်။

“ဒါပေမယ့် သူတို့ဆီ ကနေ တက်ခဲ့တဲ့ရေကြောင့် ကျန်တဲ့ အောက်က စခန်းတွေပေါ့ သပိတ်ကျင်း တို့ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူတို့ဘက်ကိုတော့ ဆက်ပြီးတော့ ရေတက်နေတဲ့ အနေအထားရှိတယ်။ အဲ့လိုမျိုးပဲ ဒီ ချင်းတွင်းမြစ်ပေါ့၊ ချင်းတွင်းမြစ် မှာတော့ ဟုမ္မလင်းနဲ့ ဖောင်းပြင်ကို ရေထိုးခဲ့တယ်။ ဖောင်းပြင်ကတော့ စိုးရိမ်ရေမှတ်အထက်ကို ကျော်သွားပြီပေါ့နော်။ ဖောင်းပြင်ရဲ့ အောက်ကစခန်းတွေဖြစ်တဲ့ ကလေးဝ တို့ မော်လိုက် တို့ မင်းကင်းတို့ မုံရွာတို့ မှာတော့ စိုးရိမ်ရေမှတ် ကို ရောက်နိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်၊ အခုတက်ခဲ့တဲ့ ရေအရေ ပါ့နော်။”

ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အထက် မြင့်တက် လာနေတဲ့ အချိန်မှာတော့ ဧရာဝတီတိုင်းတွင်းမှာလည်း မြစ်ရေမြင့်တက်လာမှုတွေနဲ့ ရေကြီး ရေလွှမ်းမိုးမှုဒဏ်တွေ ကြုံလာရနိုင်တာမို့ ကျန်းမာရေးဦးစီးဌာနဘက် ကလည်း အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေ နဲ့ ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အောင်ကလည်း ဗွီအိုအေကို ပြောပြ ပါတယ်။

“ကျနော်တို့က ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက သင်္ကြန် အပြီးမှာ သဘာဝဘေးစီမံချက်လေး ရေးလိုက်တယ်။ Disaster အတွက် ဆေးဝါးတွေကို မြို့နယ်အလိုက် ၁၀ ပုံး၊ တိုင်းဒေသကြီးတွေမှာလည်း ပုံး ၅၀ စီစဉ်ထားတယ်။ နောက် ရေသန့်ဆေးပြားတွေပေါ့ ။ အဓိကကတော့ မိုးရေကြီး လာရင် မြစ်ရေလျှံလာရင် အဓိက သောက်သုံးရေတွေ ညစ်ညမ်းမှာ စိုးတဲ့အတွက် ရေသန့်ဆေးတွေလည်း ကျနော်တို့ ပို့ထား တယ် ။

“နောက် ရေအန္တရာယ် မဖြစ်အောင် Early Warning System လည်း လုပ်ထား တယ်။ အဓိကကတော့ လူနေရပ်ကွက်တွေထဲ အသံချဲ့စက်နဲ့အော်တဲ့ Early Warning System ပေါ့။ ပင်လယ်ကမ်းခြေက သူတွေကိုလည်း သင်တန်းတွေ ပေးထားတယ်။ နောက် ဆေးရုံတွေ လည်း Evacuation Plans တွေပေါ့၊ အရေးပေါ် ဘယ်လိုရွှေ့မလဲ၊ အရေးပေါ်ဆေးရုံ ဘယ်မှာထားမလဲပေါ့ ။ ဒါတွေကို စီစဉ်ထားပါတယ်။ နောက် မြွေအဆိပ်ဖြေဆေးများကို လည်း အထူးစီမံထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ရေကြီးလာပြီဆိုရင် မြွေဆိုးအန္တရာယ် ရှိတဲ့အတွက် မြွေဆိပ်ဖြေဆေး ကို အထူး စီစဉ်ထားတယ် ။ နောက် လူတွေအတွက်ပေါ့၊ အသက်ကယ် အင်္ကျီတွေ Life Jackets တွေလည်း အများကြီးဖြန့်ထားတယ်၊ တတိုင်းလုံး ဖြန့်ထားတာ ပါ။”

ဒီလို စိုးရိမ်ရေမှတ်အထက် မြစ်ရေလျှံမှုတွေ ဖြစ်လာနိုင်တဲ့ အတွက် မြစ်ကမ်းနံဘေးနေ ပြည်သူတွေရော ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရဖူးတဲ့ဒေသက ပြည်သူတွေအနေနဲ့ မိုးလဝသ သတင်းတွေကို စဉ်ဆက်မပြတ် နားစွင့်ထားကြဖို့နဲ့ အရေးပေါ်အခြေအနေတွေ ကြုံလာရရင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အခြေအနေတွေ ကိုလည်း မိုးဇလ ညွှန်ကြားရေးမှူးချုပ်က သတိပေး ပါတယ်။

“အဲဒီအတွက်ကြောင့်မို့လို့ မြစ်ကမ်းနံဘေးမှာေ နတဲ့ ပြည်သူတွေအနေနဲ့ မိုးကောင်းလာပြီဆိုရင် မြစ်ရေတွေ ရုတ်တရက် မြင့်တက်လာနိုင်တာတို့ မြစ်ရေတွေ ကြီးလာနိုင်တာတို့ ဒီလိုမျိုး အန္တရာယ်တွေ ရှိလာနိုင်တဲ့အတွက် အထူးသဖြင့် မြစ်ကမ်းနံဘေး မှာ နေသူတွေက နေ့စဉ်ထုတ်ပြန်နေတဲ့ မြစ်ရေ အခြေအနေသတင်း နေ့စဉ်စောင့်ကြည့်ပြီး မိမိတို့နေထိုင်တဲ့ နေရာဒေသတွေမှာ မြစ်ရေနဲ့ ပတ်သက်ပြီးတော့ ဘေးအန္တရာယ် ဖြစ်လာနိုင်တယ် ဆိုရင် ဘေးအန္တရာယ် ဖြစ်လာနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာပြီဆိုရင် ဘေးအန္တရာယ် ကင်းတဲ့ နေရာတွေကို ခေတ္တခဏ ရွှေ့ပြောင်းနေထိုင်သင့်ပါတယ်။ ဒါတွေကိုလည်း ကြိုတင်ပြင် ဆင်ထားသင့်ပါတယ်။

“အဓိကကတော့ ဒီကာလက COVID-19 ဖြစ်နေတဲ့ ကာလ လည်း ဖြစ်နေတဲ့ အခါကျတော့ ဘေးအန္တရာယ်ကင်းရေး ခါတိုင်းဆိုရင်တော့ ကျနော်တို့ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပါတယ်။ ဒါကြောင့် ရေဘေး တင် မဟုတ်တော့ဘူး ၊ ကျန်းမာရေးဆိုင်ရာ COVID-19 နဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသ ပြည်နယ်တွေ မြို့နယ်တွေ အလိုက်မှာ ဖွဲ့စည်းထားတဲ့ သဘာဝဘေးအဖွဲ့တွေ ရှိပါတယ်။ ဒီသဘာဝဘေး အဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေအတိုင်းလည်း ပြည်သူတွေက လိုက်နာဆောင်ရွက်သင့်တယ်လို့ ကျနော့်အနေနဲ့ အကြံပြုလိုပါတယ်။”

အထူးသဖြင့် မြစ်ရေ တဟုန် ထိုးကြီးပြီး မြစ်ကမ်းပါး ပြိုကျတာ မျိုး လူနေရပ်ကွက်တွေထဲအထိ ရေလွှမ်းမိုးမှုတွေ ကြုံလာရရင် အရေးပေါ် သဘာဝဘေးအန္တရာယ်ကနေ ရှောင်တိမ်းနိုင်ဖို့အတွက် ရေကင်း ရေတားစနစ်တွေ သက်ဆိုင်ရာက စီမံပေးနေသလို ဒေသခံ ပြည်သူတွေ ဘက်ကလည်း သတိဝီရိယထားပြီး စောင့်ကြည့်ကြဖို့ လိုတယ်လို့လည်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အောင်က အကြံပေးပါတယ်။

“အမြဲတမ်း မိုးတွင်းမှာ မြစ်ရေသည် တဟုန်ထိုးကြီးတတ်တယ်။ မြစ်ရေ တိုးတာထက် Flash Flood လို့ခေါ်တဲ့ Flash Flood ပေ့ါ၊ ရုတ်တရက် ရေကြီးခြင်းပေါ့၊ ရေ ရုတ်တရက်တိုးပြီး တောင်ကျရေလိုမျိုး အကုန်လုံး မျောပါသွားတာပေ့ါ၊ အဲဒီတော့ အမြဲတမ်း “ရေကင်း” စောင့်တဲ့ အကျင့်လေး ကို ရွာသူရွာသားတွေရော မြို့သူမြို့သားတွေရော ရေကင်းစောင့်ပြီးတော့ ရေသတင်း ချက်ချင်းပို့ကြမယ်ပေါ့။

“အထူးသဖြင့် မိုးတွင်းမှာဆိုရင် ရေကြီးတာကို အမြဲတမ်းကြုံရ တဲ့ ဧရာဝတီတိုင်း အနေနဲ့ရော ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာရော ကြိုတင်ပြင်ဆင်ပြီးတော့မှ ဘယ်ကို အရေးပေါ်ရွှေ့ကြမလဲ၊ နောက် Shelters တွေ ဘယ်ဘက်တွေ ကို ရွှေ့ကြမလဲပေါ့၊ ဒါတွေကို ပြင်ထားရမယ်။ နောက် စားဖို့သောက်ဖို့အတွက်လည်း ပြင်ဆင် ထားရမယ်။ နောက် ကျန်းမာရေးအတွက်လည်း အရေးပေါ်လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ဆောင်ထားရမယ် ခင်ဗျ ။ အဲဒါလေး ပြောလိုပါတယ်။”

လတ်တလောမှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရိုးတလျှောက် မြစ်ရေမြင့်တက်လာနိုင် လို့ မြေနိမ့်ပိုင်းဒေသ ပြည်သူတွေ ရေလွှမ်းမိုးမှုကနေ ကာကွယ်နိုင်အောင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် ဦးဆောင်ပြီးလည်း မြစ်ကမ်းပါး ရေထိန်းနံရံနဲ့ ရေတားတာဘောင်တွေ၊ ရေတံခါး တည်ဆောက်ရေးတွေ ကို ဒီကနေ့မှာ ကွင်းဆင်းဆောင်ရွက်ေ နပါတယ်။

လက်ရှိ မိုးလေဝသ အခြေအနေ မှာတော့ ဘင်္ဂလားပင်လယ်အော်ဘက် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ မိုးကြီးနိုင်သလို ဧရာဝတီ၊ တနင်္သာရီ စတဲ့ ကျန် တိုင်းနဲ့ပြည်နယ်တွေမှာလည်း မိုးထစ်ချုန်းရွာနိုင် တယ် လို့ မိုးဇလဌာန က သတိပေး ပြောဆိုထား ပါတယ်။ အခု ဆိုရင်တော့ အိမ်နီးချင်း တရုတ်၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အာရှဒေသနိုင်ငံ တချို့မှာလည်း ရေဘေးအန္တရာယ်က စိုးရိမ်စရာ အခြေအနေ ရှိနေတာကြောင့် ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်နေချိန်လည်း ဖြ စ်ပါတယ် ။

Source;VOA

About the author

Aung Lay

Leave a Comment