ၾကားသိရသမ်ွ

မြန်မာပြည်မှာ အသည်းရောင် အသားဝါ စီပိုးကို စရိတ်နည်းနည်းနဲ့ လုံးဝပျောက်အောင် ကုနိုင်ပြီ

Written by Aung Lay

ကမာၻေပၚတြင္ အသည္းေျခာက္ျခင္း၊ အသည္းပ်က္စီးျခင္း၊ အသည္းကင္ဆာျဖစ္ျခင္း ႏွင့္ ေသဆုံးျခင္းတို႔ကို ျဖစ္ေစႏိုင္ေသာ အသည္းေရာင္အသားဝါ စီပိုး ကူးစက္ျခင္း ခံေနရသူေပါင္း ၇၁ သန္းခန႔္ ရွိပါသည္။

ျမန္မာႏိုင္ငံတြင္လည္း စီပိုး ကူးစက္ျခင္း ခံထားရသူေပါင္း ၁.၄ သန္းခန႔္ (လူဦးေရ၏ ၂.၇ ရာခိုင္ႏႈန္း) ရွိၿပီး အထက္ပါ လူနာမ်ားအနက္အမ်ားစုမွာ စီပိုးေရာဂါကို ဂ႐ုျပဳအေလးထားျခင္းႏွင့္ တိက်ထိေရာက္ေသာ စီပိုးေပ်ာက္သည့္ ေဆးဝါးမ်ားကို ေသာက္သုံးႏိုင္ျခင္း မရွိၾကပါ။

ယခုသုေတသနတြင္ ျမန္မာအသည္းေဖာင္ေဒးရွင္း၏ သံစစ္ ကုသိုလ္ျဖစ္ေဆးခန္း (ရန္ကုန္) သို႔ ေဆးကုသမႈ ခံယူရန္ လာေရာက္ၾကေသာ အသည္းေရာင္အသားဝါ စီပိုးရွိ လူနာမ်ားကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊

အမ်ိဳးသား အသည္းေရာင္ အသားဝါ ထိန္းခ်ဳပ္ေရး စီမံခ်က္၏ လမ္းၫႊန္ခ်က္ ကုသနည္းလမ္း ႏွစ္ခု ျဖစ္ေသာ Sofosbuvir?\/Velpatasvir (SOF/VEL) ႏွင့္ Sofosbuvir/Daclatasvir (SOF/DCV) ေဆးဝါးမ်ား၏ အႏၲရာယ္ကင္းမႈ၊

အာနိသင္ထိေရာက္မႈႏွင့္ ကုန္က်မည့္ စရိတ္တို႔ကို စီပိုးေကာင္ေရ (HCV RNA) ရွိလူနာ ၃၅၅ ဦးႏွင့္ ၁၆၄ ဦး အေပၚတြင္ အသီးသီးတိုက္ေကြၽး ေလ့လာျခင္း ျဖစ္ပါသည္။

လူနာ၏ အသည္းအေျခအေနေပၚ မူတည္၍ ေဆးဝါး တိုက္ေကြၽးမႈကို ၁၂ ပတ္ (သို႔မဟုတ္) ၂၄ ပတ္ ျပဳလုပ္ေပးပါသည္။

သုေတသနျပဳ ေလ့လာေနသည့္ ကာလမ်ားအတြက္ ကုသမႈခံ ယူေနေသာ လူနာမ်ားကို စနစ္တက် စမ္းသပ္စစ္ေဆးေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ေပးပါသည္။

ေဆးဝါးကုသမႈ ၿပီးဆုံးသည့္အခ်ိန္မွ ၁၂ ပတ္အၾကာတြင္ ကုသမႈခံယူထားေသာ လူနာမ်ား၏ စီပိုးအေကာင္ေရကို ျပန္လည္ စမ္းသပ္စစ္ေဆးၿပီး စီပိုးေပ်ာက္ကင္းမႈကို ၾကည့္ရႈပါသည္။

ပထမကုသနည္းျဖစ္ေသာ SOF/VEL ေဆးဝါးျဖင့္ ၁၂ ပတ္ကုသမႈ ခံယူေသာ လူနာ ၃၅၅ ဦးတြင္ စီပိုး ေပ်ာက္ကင္းသူ ၃၄၇ ဦး (၉၇.၇ ရာခိုင္ႏႈန္း)၊

ေဆး၏ မျပင္းထန္ေသာ ေဘးထြက္ဆိုးက်ိဳးခံစားရသူ ၉ ဦး (၂.၅ ရာခိုင္ႏႈန္း) ရွိၿပီး ေဆးဝါးကုသျခင္းအတြက္ ကုန္က်စရိတ္မွာာ (က်ပ္ ၁,၀၀၀,၀၀၀) ခန႔္ ျဖစ္ပါသည္။

ဒုတိယကုသနည္း ျဖစ္ေသာ SOF/DCV ေဆးဝါးျဖင့္ ၁၂ ပတ္ (သို႔မဟုတ္) ၂၄ ပတ္ ကုသမႈ ခံယူေသာလူနာ ၁၆၄ ဦးတြင္ စီပိုးေပ်ာက္ကင္းသူ ၁၅၇ ဦး (၉၅.၇ ရာခိုင္ႏႈန္း)၊

ေဆး၏ မျပင္းထန္ေသာ ေဘးထြက္ဆိုးက်ိဳးခံစားရသူ ၅ ဦး (၃.၄ ရာခိုင္ႏႈန္း) သာ ရွိၿပီး ေဆးဝါးကုသျခင္းအတြက္ ကုန္က်စရိတ္မွာ (က်ပ္ ၂၅၀,၀၀၀ မွ ၅၀၀,၀၀၀) ခန႔္သာ ျဖစ္ပါသည္။

ေဆးဝါးမ်ားေၾကာင့္ ျဖစ္ေပၚသည့္ ဆိုးဝါးျပင္းထန္ေသာ ေဘးထြက္ဆိုးက်ိဳး (SAE) မ်ားကို ကုသမႈနည္းလမ္း (၂) ခုလုံးတြင္ မေတြ႕ရွိရပါ။

သို႔ျဖစ္ပါ၍ စီပိုးေပ်ာက္ကင္းေစသည့္ အထက္ပါ ကုသနည္း (၂) မ်ိဳးလုံးသည္ စီပိုးေပ်ာက္ကင္းမႈႏႈန္းႏွင့္ ေဘးထြက္ဆိုးက်ိဳး ျဖစ္ပြားမႈႏႈန္းသည္ လြန္စြာကြာဟျခားနားမႈ မရွိေသာ္လည္း

ဒုတိယကုသနည္း ျဖစ္ေသာ SOF/DCV ျဖင့္ ေဆးကုသမႈ ကုန္က်စရိတ္ သည္ လြန္စြာသက္သာသျဖင့္ စီပိုးလူနာမ်ားကို အထက္ပါကုသနည္း အသုံးျပဳ၍ ကုန္က်စရိတ္ သက္သာစြာျဖင့္ စီပိုးေပ်ာက္ကင္းေအာင္ ကုသေဆာင္႐ြက္မႈ ေပးႏိုင္ပါေၾကာင္း အႀကံျပဳ တင္ျပ အပ္ပါသည္။

Win Aung (Executive Director at Myanmar Liver Foundation-MLF)

Unicode

ကမ္ဘာပေါ်တွင် အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း နှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သော အသည်းရောင်အသားဝါ စီပိုး ကူးစက်ခြင်း ခံနေရသူပေါင်း ၇၁ သန်းခန့် ရှိပါသည်။

မြန်မာနိုင်ငံတွင်လည်း စီပိုး ကူးစက်ခြင်း ခံထားရသူပေါင်း ၁.၄ သန်းခန့် (လူဦးရေ၏ ၂.၇ ရာခိုင်နှုန်း) ရှိပြီး အထက်ပါ လူနာများအနက်အများစုမှာ စီပိုးရောဂါကို ဂရုပြုအလေးထားခြင်းနှင့် တိကျထိရောက်သော စီပိုးပျောက်သည့် ဆေးဝါးများကို သောက်သုံးနိုင်ခြင်း မရှိကြပါ။

ယခုသုတေသနတွင် မြန်မာအသည်းဖောင်ဒေးရှင်း၏ သံစစ် ကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) သို့ ဆေးကုသမှု ခံယူရန် လာရောက်ကြသော အသည်းရောင်အသားဝါ စီပိုးရှိ လူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊

အမျိုးသား အသည်းရောင် အသားဝါ ထိန်းချုပ်ရေး စီမံချက်၏ လမ်းညွှန်ချက် ကုသနည်းလမ်း နှစ်ခု ဖြစ်သော Sofosbuvir?\/Velpatasvir (SOF/VEL) နှင့် Sofosbuvir/Daclatasvir (SOF/DCV) ဆေးဝါးများ၏ အန္တရာယ်ကင်းမှု၊

အာနိသင်ထိရောက်မှုနှင့် ကုန်ကျမည့် စရိတ်တို့ကို စီပိုးကောင်ရေ (HCV RNA) ရှိလူနာ ၃၅၅ ဦးနှင့် ၁၆၄ ဦး အပေါ်တွင် အသီးသီးတိုက်ကျွေး လေ့လာခြင်း ဖြစ်ပါသည်။

လူနာ၏ အသည်းအခြေအနေပေါ် မူတည်၍ ဆေးဝါး တိုက်ကျွေးမှုကို ၁၂ ပတ် (သို့မဟုတ်) ၂၄ ပတ် ပြုလုပ်ပေးပါသည်။

သုတေသနပြု လေ့လာနေသည့် ကာလများအတွက် ကုသမှုခံ ယူနေသော လူနာများကို စနစ်တကျ စမ်းသပ်စစ်ဆေးစောင့်ကြည့်မှုများ ပြုလုပ်ပေးပါသည်။

ဆေးဝါးကုသမှု ပြီးဆုံးသည့်အချိန်မှ ၁၂ ပတ်အကြာတွင် ကုသမှုခံယူထားသော လူနာများ၏ စီပိုးအကောင်ရေကို ပြန်လည် စမ်းသပ်စစ်ဆေးပြီး စီပိုးပျောက်ကင်းမှုကို ကြည့်ရှုပါသည်။

ပထမကုသနည်းဖြစ်သော SOF/VEL ဆေးဝါးဖြင့် ၁၂ ပတ်ကုသမှု ခံယူသော လူနာ ၃၅၅ ဦးတွင် စီပိုး ပျောက်ကင်းသူ ၃၄၇ ဦး (၉၇.၇ ရာခိုင်နှုန်း)၊

ဆေး၏ မပြင်းထန်သော ဘေးထွက်ဆိုးကျိုးခံစားရသူ ၉ ဦး (၂.၅ ရာခိုင်နှုန်း) ရှိပြီး ဆေးဝါးကုသခြင်းအတွက် ကုန်ကျစရိတ်မှာာ (ကျပ် ၁,၀၀၀,၀၀၀) ခန့် ဖြစ်ပါသည်။

ဒုတိယကုသနည်း ဖြစ်သော SOF/DCV ဆေးဝါးဖြင့် ၁၂ ပတ် (သို့မဟုတ်) ၂၄ ပတ် ကုသမှု ခံယူသောလူနာ ၁၆၄ ဦးတွင် စီပိုးပျောက်ကင်းသူ ၁၅၇ ဦး (၉၅.၇ ရာခိုင်နှုန်း)၊

ဆေး၏ မပြင်းထန်သော ဘေးထွက်ဆိုးကျိုးခံစားရသူ ၅ ဦး (၃.၄ ရာခိုင်နှုန်း) သာ ရှိပြီး ဆေးဝါးကုသခြင်းအတွက် ကုန်ကျစရိတ်မှာ (ကျပ် ၂၅၀,၀၀၀ မှ ၅၀၀,၀၀၀) ခန့်သာ ဖြစ်ပါသည်။

ဆေးဝါးများကြောင့် ဖြစ်ပေါ်သည့် ဆိုးဝါးပြင်းထန်သော ဘေးထွက်ဆိုးကျိုး (SAE) များကို ကုသမှုနည်းလမ်း (၂) ခုလုံးတွင် မတွေ့ရှိရပါ။

သို့ဖြစ်ပါ၍ စီပိုးပျောက်ကင်းစေသည့် အထက်ပါ ကုသနည်း (၂) မျိုးလုံးသည် စီပိုးပျောက်ကင်းမှုနှုန်းနှင့် ဘေးထွက်ဆိုးကျိုး ဖြစ်ပွားမှုနှုန်းသည် လွန်စွာကွာဟခြားနားမှု မရှိသော်လည်း

ဒုတိယကုသနည်း ဖြစ်သော SOF/DCV ဖြင့် ဆေးကုသမှု ကုန်ကျစရိတ် သည် လွန်စွာသက်သာသဖြင့် စီပိုးလူနာများကို အထက်ပါကုသနည်း အသုံးပြု၍ ကုန်ကျစရိတ် သက်သာစွာဖြင့် စီပိုးပျောက်ကင်းအောင် ကုသဆောင်ရွက်မှု ပေးနိုင်ပါကြောင်း အကြံပြု တင်ပြ အပ်ပါသည်။

Win Aung (Executive Director at Myanmar Liver Foundation-MLF)

About the author

Aung Lay

Leave a Comment