ဒီကေန႔ ေန႔လည္ (၂)နာရီ တိုင္းထြာခ်က္အရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းနဲ႔ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းတို႔မွာ ျဖစ္ေပၚလွ်က္ရွိတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းမွာ ဆက္လက္တည္ရွိေနတယ္လို႔ သိရပါတယ္။
အ ဆိုပါ ေလဖိအားနည္းရပ္ဝန္းဟာ ေမလ(၁၅)ရက္ေန႔မွာ မုန္တိုင္းငယ္အဆင့္ေရာက္ရွိလာႏိုင္ၿပီး (၁၆)ရက္ေန႔မွာေတာ့ ဆိုင္ကလုန္း မုန္တိုင္းအဆင့္ကို ေရာက္ရွိလာႏိုင္တယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။
“ လက္ ရွိျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းက ပိုမိုအားေကာင္းလာႏိုင္ၿပီး (၄၈)နာရီအတြင္းမွာ ဆိုင္ကလုန္းမုန္တိုင္းအဆင့္ကိုေရာက္ရွိလာႏိုင္တယ္။ မုန္တိုင္းျဖစ္ေပၚလာရင္ ျမန္မာႏိုင္ငံကိုလည္း သက္ေရာက္မႈေတြရွိလာႏိုင္တယ္။အဓိက ကေတာ့ ရန္ခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသေတြနဲ႔ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ အထူးဂ႐ုျပဳဖို႔လိုပါတယ္။ တိုင္းနဲ႔ျပည္နယ္အလိုက္ကေတာ့ မိုးသက္ေလျပင္းတိုက္ခတ္တာေတြဘာေတြရွိလာႏိုင္ပါ” လို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက Duwun ကိုေျပာပါတယ္။
လက္ရွိမုန္တိုင္းအေျခအေနက အဂၤလားေဒ့လ္၊ အိႏၵိယနဲ႔ ျမန္မာႏိုင္ငံကို သက္ေရာက္မႈေတြရွိႏိုင္တယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံအတြင္း မနက္ျဖန္အထိ မိုးေလဝသခန႔္မွန္းခ်က္မွာ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းနဲ႔ ရွမ္းျပည္နယ္၊ ကယားျပည္နယ္တို႔မွာ ေနရာက်ဲက်ဲမိုး႐ြာႏိုင္ၿပီး က်န္တိုင္းေဒသႀကီးအသီးသီးမွာေတာ့ ေနရာကြက္က်ား မိုးႀကီးႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။
ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမးလြန္ပင္လယ္ျပင္တို႔မွာေတာ့ လႈိင္းအျမင့္မွာ (၅)ေပမွ (၇)ေပခန႔္ရွိႏိုင္တယ္လို႔ သိရပါတယ္။
ေလးစားမွုျဖင္႔ ခရစ္ဒက္ ဓူ၀ံ
Unicode
ဒီကနေ့ နေ့လည် (၂)နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်လျှက်ရှိတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဆက်လက်တည်ရှိနေတယ်လို့ သိရပါတယ်။
အ ဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ မေလ(၁၅)ရက်နေ့မှာ မုန်တိုင်းငယ်အဆင့်ရောက်ရှိလာနိုင်ပြီး (၁၆)ရက်နေ့မှာတော့ ဆိုင်ကလုန်း မုန်တိုင်းအဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
“ လက် ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာနိုင်ပြီး (၄၈)နာရီအတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကိုရောက်ရှိလာနိုင်တယ်။ မုန်တိုင်းဖြစ်ပေါ်လာရင် မြန်မာနိုင်ငံကိုလည်း သက်ရောက်မှုတွေရှိလာနိုင်တယ်။အဓိက ကတော့ ရန်ခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေနဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ အထူးဂရုပြုဖို့လိုပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက်ကတော့ မိုးသက်လေပြင်းတိုက်ခတ်တာတွေဘာတွေရှိလာနိုင်ပါ” လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။
လက်ရှိမုန်တိုင်းအခြေအနေက အင်္ဂလားဒေ့လ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံကို သက်ရောက်မှုတွေရှိနိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း မနက်ဖြန်အထိ မိုးလေဝသခန့်မှန်းချက်မှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲမိုးရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးအသီးသီးမှာတော့ နေရာကွက်ကျား မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမးလွန်ပင်လယ်ပြင်တို့မှာတော့ လှိုင်းအမြင့်မှာ (၅)ပေမှ (၇)ပေခန့်ရှိနိုင်တယ်လို့ သိရပါတယ်။
လေးစားမှုဖြင့် ခရစ်ဒက် ဓူဝံ