Knowledge

အာဇာနည္ဗိမာန္ကို ဗုံးေဖာက္ခြဲခဲ့တဲ့ တရားခံအားအရွင္ရေအာင္ အသက္စြန္႔ၿပီး ဖမ္းဆီးေပးခဲ့သူဓားစန္းရီ

Written by Aung Lay

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်ခပ်စိပ်စိပ်ရှိသော ရပ်ကွက်အတွင်းမှာ နေထိုင်သော အသက် ၈ဝ ကျော် အဘွားအိုတစ်ဦးကို အလေးဂရုပြုမည့်သူများ နည်းပါးကြလိမ့်မည်ထင်ပါ သည်။ ထိုအဘွားအိုကား မြန်မာ့သမိုင်းစာမျက်နှာများတွင် အမေ့လျော့ခံထားရသော အညတြသူရဲကောင်း တစ်ဦးဖြစ်သည့် ‘ဓားစန်းရီ’ဟု လူသိများသော ဒေါ် စန်းရီဖြစ်ပေသည်။

ဓားတစ်လက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ပြီး၊ ဒုစရိုက်လောကမှာရော၊ ရဲဝန်ထမ်း လောကမှာပါ ဖိန့်ဖိန့်တုန်အောင် နာမည်ကြီးခဲ့သော ဓားစန်းရီသည် အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှု ကျူးလွန်သည့် မြောက်ကိုရီးယား နိုင်ငံသား တရားခံ ‘ဇင်မို’ ကို အရှင်ရအောင် အသက်စွန့်၍ ဖမ်းဆီးနိုင်ခဲ့သူလည်းဖြစ်သည်။

၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်နေ့ည ၉း၃ဝ အချိန်ခန့်တွင် ပုဇွန်တောင်ဈေး၏ အနောက်ဘက်ရှိ ချောင်းရိုးတစ်လျှောက်၌ ဆူဆူညံညံ အသံများ ကြားရချိန်မှာ ညောင်တန်းဆိပ်ကမ်းအနီးတွင် နေထိုင်သော ဓားစန်းရီသည် ညဝတ်အင်္ကျီနှင့် ချောင်းစပ်သို့ ပြေးထွက်လာခဲ့ရာမှ အဖြစ်အပျက် စတင်ခဲ့သည်။ ယင်းအဖြစ်အပျက်ကို ဓားစန်းရီက ဤသို့ ပြန်လည်ပြောပြသည်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အပေါင်းအပါတွေရဲ့ အုတ်ဂူတွေကို ဖောက်ခွဲပစ်လိုက်ပြီလို့ မနက်က ကြားလိုက်ရတော့ စိတ်ထဲနားထဲမှာ မခံနိုင်လွန်းလို့ ဒီအသံတွေဟာ အာဇာနည်ဗိမာန်ကို ဖောက်ခွဲတဲ့ ကောင်တွေပဲဖြစ်မှာပဲ၊ ငါသွား ကြည့်ဦးမယ်ဆိုပြီး ဆင်းဖမ်း လိုက်တာဟူ၏။တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ကို လုပ်ကြံသော အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှုတွင် တောင်ကိုရီးယားအရာရှိ ၁၇ ဦးနှင့် မြန်မာနိုင်ငံသားလေးဦး သေဆုံးခဲ့ရသည်။ ထို့ပြင် သမိုင်းဝင် အာဇာနည်ကိုးဦး၏ အုတ်ဂူများလည်း ပျက်စီးခဲ့ရပြီး၊ ယင်းနေရာတွင်ပင် အာဇာနည်ဗိမာန်အသစ်ကို ပြန်လည်တည်ဆောက်ခဲ့ရသည်။

မှတ်ချက်။ ။ ယင်းလုပ်ကြံမှုတွင် ပါဝင်သူ မြောက်ကိုရီးယား နိုင်ငံသားသုံးဦးအနက် တစ်ဦးကို အသေဖမ်းမိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းဆီးရမိသည်။

ပုဇွန်တောင်ချောင်းတွင် တရားခံ ‘ဇင်မို’ကို အရှင်ရအောင် ဖမ်းဆီးနိုင်ခဲ့သော ဓားစန်းရီအား နိုင်ငံတော်အစိုးရက ဂုဏ်ပြုမှတ်တမ်းနှင့် ကတ်ဆက်တစ်လုံး ဆုချီးမြှင့်ခဲ့သည်။အာဇာနည်နေ့နှင့် အာဇာနည်ဗိမာန်သည် ခွဲခြား၍မရအောင် သမိုင်းအစဉ်အလာ ကြီးမားလှသလို အာဇာနည်များ လဲလျောင်းရာ ဗိမာန်ကို ဗုံးဖောက်ခွဲသော တရားခံကို ဖမ်းဆီးပေးခဲ့သည့် သာမန်အရပ်သူ ဓားစန်းရီသည်လည်း သမိုင်းထဲက အဓိက ဇာတ်ကောင်တစ်ဦး ဖြစ်ပါသည်။သို့ရာတွင် ဓားစန်းရီ၏ လက်ရှိအနေအထားမှာ မွေးစားသမီးဖြစ်သူ၏ နေအိမ်လေးမှာ ဆင်းရဲချို့တဲ့စွာ နေထိုင်လျက်ရှိပြီး တစ်ချိန်က ရဲရင့်နှလုံးသားပိုင်ရှင် ဒေါ်စန်းရီသည် ယခုအချိန်၌ နှလုံးရောဂါ ဝေဒနာကိုလည်း ခံစားနေရသည်။

အမေ့လျော့ခံ၊ အညတြ သူရဲကောင်း =ဓားစန်းရီ+သည် ယခုအခါ ဆိုးရွားလာသော ကျန်းမာရေးကြောင့် သူမ၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းဖြစ်သော လူစည်ကားနေရာများတွင် အလှူခံရန်ပင် ခက်ခဲနေသည်။ သူမကို လာရောက် ကူညီထောက်ပံ့မည့် သူများကိုသာ စောင့်မျှော်ရင်း ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရရှာသည်။

အသက် ၈ဝ ကျော်အရွယ် ရှိပြီဖြစ်သော အဘွားအို ဒေါ်စန်းရီသည် သူမ၏ စားဝတ်နေရေး အခက်အခဲအတွက် ‘အဘွားကို တင့်တင့်တယ်တယ် လူကြားထဲမှာ နေနိုင်တဲ့နေရာလေးမှာ မြေကွက်လေး တစ်ကွက်လောက်နဲ့ အိမ်ကလေးတစ်လုံးနဲ့၊ အဘွား ဈေးလေးဘာလေး ထိုင်ရင်းနဲ့ ဈေးရောင်းစားမယ်၊ အဘွားကို သနားတဲ့သူတွေက ငွေကြေးလေး ထောက်ပံ့မယ်ဆိုရင် အဘွား ကျေနပ်ပါတယ်’ဟု ခပ်ရှင်းရှင်း ခပ်ဘွင်းဘွင်း ပြောချလိုက်သော သူမကို နိုင်ငံတော်အစိုးရက မမေ့မလျော့ဘဲ တတ်အားသမျှ ကူညီထောက်ပံ့စေရန် ရည်ရွယ်ရေး သားတင်ပြလိုက်ရပါတော့သည်။

Credit to Original

Zawgyi

ရန္ကုန္တိုင္းေဒသႀကီး၊ ေရႊျပည္သာၿမိဳ႕နယ္ရွိ ေနအိမ္ခပ္စိပ္စိပ္ရွိေသာ ရပ္ကြက္အတြင္းမွာ ေနထိုင္ေသာ အသက္ ၈ဝ ေက်ာ္ အဘြားအိုတစ္ဦးကို အေလးဂ႐ုျပဳမည့္သူမ်ား နည္းပါးၾကလိမ့္မည္ထင္ပါ သည္။ ထိုအဘြားအိုကား ျမန္မာ့သမိုင္းစာမ်က္ႏွာမ်ားတြင္ အေမ့ေလ်ာ့ခံထားရေသာ အညၾတသူရဲေကာင္း တစ္ဦးျဖစ္သည့္ ‘ဓားစန္းရီ’ဟု လူသိမ်ားေသာ ေဒၚ စန္းရီျဖစ္ေပသည္။

ဓားတစ္လက္ကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ကိုင္တြယ္ႏိုင္ၿပီး၊ ဒုစ႐ိုက္ေလာကမွာေရာ၊ ရဲဝန္ထမ္း ေလာကမွာပါ ဖိန္႔ဖိန္႔တုန္ေအာင္ နာမည္ႀကီးခဲ့ေသာ ဓားစန္းရီသည္ အာဇာနည္ဗိမာန္ ဗံုးေဖာက္ခြဲမႈ က်ဴးလြန္သည့္ ေျမာက္ကိုရီးယား ႏိုင္ငံသား တရားခံ ‘ဇင္မို’ ကို အရွင္ရေအာင္ အသက္စြန္႔၍ ဖမ္းဆီးႏိုင္ခဲ့သူလည္းျဖစ္သည္။

၁၉၈၃ ခုႏွစ္၊ ေအာက္တိုဘာလ ၁ဝ ရက္ေန႔ည ၉း၃ဝ အခ်ိန္ခန္႔တြင္ ပုဇြန္ေတာင္ေစ်း၏ အေနာက္ဘက္ရွိ ေခ်ာင္း႐ိုးတစ္ေလွ်ာက္၌ ဆူဆူညံညံ အသံမ်ား ၾကားရခ်ိန္မွာ ေညာင္တန္းဆိပ္ကမ္းအနီးတြင္ ေနထိုင္ေသာ ဓားစန္းရီသည္ ညဝတ္အက်ႌႏွင့္ ေခ်ာင္းစပ္သို႔ ေျပးထြက္လာခဲ့ရာမွ အျဖစ္အပ်က္ စတင္ခဲ့သည္။ ယင္းအျဖစ္အပ်က္ကို ဓားစန္းရီက ဤသို႔ ျပန္လည္ေျပာျပသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ အေပါင္းအပါေတြရဲ႕ အုတ္ဂူေတြကို ေဖာက္ခြဲပစ္လိုက္ၿပီလို႔ မနက္က ၾကားလိုက္ရေတာ့ စိတ္ထဲနားထဲမွာ မခံႏိုင္လြန္းလို႔ ဒီအသံေတြဟာ အာဇာနည္ဗိမာန္ကို ေဖာက္ခြဲတဲ့ ေကာင္ေတြပဲျဖစ္မွာပဲ၊ ငါသြား ၾကည့္ဦးမယ္ဆိုၿပီး ဆင္းဖမ္း လိုက္တာဟူ၏။ေတာင္ကိုရီးယားသမၼတ ခ်န္ဒူးဝမ္ကို လုပ္ႀကံေသာ အာဇာနည္ဗိမာန္ ဗံုးေဖာက္ခြဲမႈတြင္ ေတာင္ကိုရီးယားအရာရွိ ၁၇ ဦးႏွင့္ ျမန္မာႏိုင္ငံသားေလးဦး ေသဆံုးခဲ့ရသည္။ ထို႔ျပင္ သမိုင္းဝင္ အာဇာနည္ကုိးဦး၏ အုတ္ဂူမ်ားလည္း ပ်က္စီးခဲ့ရၿပီး၊ ယင္းေနရာတြင္ပင္ အာဇာနည္ဗိမာန္အသစ္ကို ျပန္လည္တည္ေဆာက္ခဲ့ရသည္။

မွတ္ခ်က္။ ။ ယင္းလုပ္ႀကံမႈတြင္ ပါဝင္သူ ေျမာက္ကိုရီးယား ႏိုင္ငံသားသံုးဦးအနက္ တစ္ဦးကို အေသဖမ္းမိခဲ့ၿပီး ႏွစ္ဦးကို အရွင္ဖမ္းဆီးရမိသည္။

ပုဇြန္ေတာင္ေခ်ာင္းတြင္ တရားခံ ‘ဇင္မို’ကို အရွင္ရေအာင္ ဖမ္းဆီးႏိုင္ခဲ့ေသာ ဓားစန္းရီအား ႏိုင္ငံေတာ္အစိုးရက ဂုဏ္ျပဳမွတ္တမ္းႏွင့္ ကတ္ဆက္တစ္လံုး ဆုခ်ီးျမႇင့္ခဲ့သည္။အာဇာနည္ေန႔ႏွင့္ အာဇာနည္ဗိမာန္သည္ ခြဲျခား၍မရေအာင္ သမိုင္းအစဥ္အလာ ႀကီးမားလွသလို အာဇာနည္မ်ား လဲေလ်ာင္းရာ ဗိမာန္ကို ဗံုးေဖာက္ခြဲေသာ တရားခံကို ဖမ္းဆီးေပးခဲ့သည့္ သာမန္အရပ္သူ ဓားစန္းရီသည္လည္း သမိုင္းထဲက အဓိက ဇာတ္ေကာင္တစ္ဦး ျဖစ္ပါသည္။သို႔ရာတြင္ ဓားစန္းရီ၏ လက္ရွိအေနအထားမွာ ေမြးစားသမီးျဖစ္သူ၏ ေနအိမ္ေလးမွာ ဆင္းရဲခ်ဳိ႕တဲ့စြာ ေနထိုင္လ်က္ရွိၿပီး တစ္ခ်ိန္က ရဲရင့္ႏွလံုးသားပိုင္ရွင္ ေဒၚစန္းရီသည္ ယခုအခ်ိန္၌ ႏွလံုးေရာဂါ ေဝဒနာကိုလည္း ခံစားေနရသည္။

အေမ့ေလ်ာ့ခံ၊ အညၾတ သူရဲေကာင္း =ဓားစန္းရီ+သည္ ယခုအခါ ဆိုးရြားလာေသာ က်န္းမာေရးေၾကာင့္ သူမ၏ အသက္ေမြး ဝမ္းေက်ာင္းလုပ္ငန္းျဖစ္ေသာ လူစည္ကားေနရာမ်ားတြင္ အလွဴခံရန္ပင္ ခက္ခဲေနသည္။ သူမကို လာေရာက္ ကူညီေထာက္ပံ့မည့္ သူမ်ားကိုသာ ေစာင့္ေမွ်ာ္ရင္း ဘဝကို ခက္ခဲစြာ ျဖတ္သန္းေနရရွာသည္။

အသက္ ၈ဝ ေက်ာ္အရြယ္ ရွိၿပီျဖစ္ေသာ အဘြားအို ေဒၚစန္းရီသည္ သူမ၏ စားဝတ္ေနေရး အခက္အခဲအတြက္ ‘အဘြားကို တင့္တင့္တယ္တယ္ လူၾကားထဲမွာ ေနႏိုင္တဲ့ေနရာေလးမွာ ေျမကြက္ေလး တစ္ကြက္ေလာက္နဲ႔ အိမ္ကေလးတစ္လံုးနဲ႔၊ အဘြား ေစ်းေလးဘာေလး ထိုင္ရင္းနဲ႔ ေစ်းေရာင္းစားမယ္၊ အဘြားကို သနားတဲ့သူေတြက ေငြေၾကးေလး ေထာက္ပံ့မယ္ဆိုရင္ အဘြား ေက်နပ္ပါတယ္’ဟု ခပ္ရွင္းရွင္း ခပ္ဘြင္းဘြင္း ေျပာခ်လိုက္ေသာ သူမကို ႏိုင္ငံေတာ္အစိုးရက မေမ့မေလ်ာ့ဘဲ တတ္အားသမွ် ကူညီေထာက္ပံ့ေစရန္ ရည္ရြယ္ေရး သားတင္ျပလိုက္ရပါေတာ့သည္။

Credit to Original

About the author

Aung Lay

Leave a Comment