Knowledge

အချိန် (၁) မိနစ်ပဲ ပေးပြီး ဖတ်ကြည့်ပါ

Written by Aung Lay

ဆင်းရဲတဲ့ လူငယ်လေး ( ၃ ) ဦးဟာ ကျောင်း အားချိန်မှာ ဖိနပ် တိုက် တဲ့ အလုပ်ကို လုပ်ပြီး အိမ်ကို ထောက်ပံ့ နေကြတယ်..တနေ့တော့ သူတို့ ထံကို လူကုံတန် တစ်ယောက် ဖိနပ် တိုက်ဖို့ ရောက်လာ ပါတယ်..သူတို့ သုံး

ယောက်ရဲ့ မျက်လုံးအိမ် မှာတော့ မျှော်လင့် ချက်တွေ အပြည့်နဲ့ .. အားလုံး ဟာ ပိုက်ဆံ လိုချင်လို့ အလုပ်လုပ် နေကြရတဲ့သူတွေကိုး…ရောက်လာတဲ့ သူဟာ ဘယ်သူ့ကို ဖိနပ် တိုက်ခိုင်းရမလဲ မသိဘဲ ဖြစ်နေတယ်..နောက်ဆုံး

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
တေ့ာ သူဟာ သူ့ရဲ့ လက်ထဲ မှာ ပိုက်ဆံ နှစ်ထောင် ကို ကိုင်ပြီး ဖိနပ် တိုက်ခ နှစ်ထောက် ပေးမယ် .. ဘယ်သူ တိုက်မလဲလို့ မေးလိုက်တယ်.ဖိနပ် တခါတိုက်ရင် နှစ်ရာပဲ ရတာ အခု သူဌေးကြီးက နှစ်ထောင်ပေးမယ် ဆိုတော့

လူငယ်လေး သုံးယောက်ရဲ့ မျက်လုံး လေးတွေဟာ ရချင် စိတ်နဲ့ အရောင်တွေ တောက်လာပါတယ်.လူငယ်လေး တစ်ယောက်က ..”ကျွန်တော် တိုက်ပါရစေ.. ကျွန်တော် မနက်ကထဲက ဘာမှ မစားရသေးပါဘူး ကျွန်တော်

အစာမစားရရင် သေသွား နိုင်ပါ တယ်” လို့ ပြော လိုက်ပါတယ်..နောက် တစ်ယောက်က ….”ကျွန်တော်တို့ အိမ်မှာ ပိုက်ဆံပြတ် နေတာ သုံးရက် ရှိသွားပါပြီ… အမေလည်း နေမကောင်းဘူး..ဒါကြောင့် ဖိနပ်ကို ကျွန်တော်

တိုက်ပါရစေ”လို့ ပြောလိုက် ပါတယ်..သူဟာ နောက်ဆုံး လူငယ်လေး ကို ကြည့်လိုက် ပါတယ် လူငယ်လေးဟာ သူ့လက်ထဲက ပိုက်ဆံ နှစ်ထောင်ကို သေချာ ကြည့်ပြီး”တကယ် လို့ ကျွန်တော်သာ ဖိနပ် တိုက်ခွင့် ရခဲ့မယ်ဆိုရင်

သူတို့ နှစ်ယောက်ကို တစ်ယောက် တစ်ထောင်ဆီ ပေးလိုက် ပါမယ်..သူတို့ က ကျွန်တော့ ရဲ့သူငယ်ချင်း တွေပါ..သူတို့ တကယ်ဒုက္ခ ရောက်ေ နကြတာပါ..ကျွန်တော် ကတော့ မနက်က ထမင်းကြမ်းလေး နဲနဲ စားထားရလို့

ဖိနပ်တိုက်ဖို့ အားရှိ ပါတယ်..သူဌေး ဖိနပ် ကို ကျွန်တော်တိုက်ပါရစေ..” လို့ ပြောလိုက် ပါတယ်..လူကုံတန်နဲ့ လူငယ်လေးရဲ့ သူငယ်ချင်း နှစ်ယောက်ဟာ အံ့အားသင့် နေချိန်မှာ ပဲ လူငယ်လေး ဟာ လူကုံတန် စိတ်ကျေနပ်တဲ့

အထိ ဖိနပ်ကို သေချာစွာ တိုက်ပေးလိုက် ပါတယ်..ပြီးတော့ သူပေးလာတဲ့ ပိုက်ဆံ နှစ်ထောင် ယူပြီး သူ့သူငယ်ချင်းနှစ်ယောက်ကို ချက်ချင်း ဘဲ ခွဲဝေ ပေးလိုက် ပါတယ်…အဲဒီ လူငယ်လေး သုံးဦးဟာ အမြင် မတူကြပါဘူး..နှစ်

ယောက် ကတော့ သူဌေးကြီး လက်ထဲက ပိုက်ဆံဟာ သူတို့ ဝမ်းရေး အတွက် အရေးကြီးဆုံး အရာ မရှိမဖြစ် လိုအပ်နေ တဲ့ အရာလို့ သူတို့မြင်ခဲ့တယ်..( သူတို့အမြင်မှန်ပါတယ်..တကယ်လဲ ဒုက္ခ ရောက်နေ ကြတာကို း)

ကျန်တဲ့ လူငယ်လေးကတော့ သူကိုယ်တိုင် လည်းဆာလောင်နေတာ မှန်ေ ပမဲ့ သူ့ အတွက်ထက် သူတပါး အတွက်ကို အလေးထားပြီး မြင်ပေးခဲ့တယ်..သူမြင်တာက ပိုက်ဆံ မဟုတ်လူး..ဆာလောင် နေတဲ့ သူ့ သူငယ်ချင်းတွေကို

မြင်ခဲ့တာပါ..သူ့ရဲ့ အမြင်ဟာ ကျန်တဲ့ နှစ်ယောက် နဲ့ မတူခဲ့ ပါဘူး…အဲဒီ လူငယ်လေးဟာ တချိန်မှာ သမ္မတ ဘရာဇီးနိုင်ငံရဲ့သမ္မတ Luiz Inacio Lula da Silva ဖြစ်လာခဲ့ပါတယ်။

Zawgyi



တော့ သူဟာ သူ့ရဲ့ လက်ထဲ မှာ ပိုက်ဆံ နှစ်ထောင် ကို ကိုင်ပြီး ဖိနပ် တိုက်ခ နှစ်ထောက် ပေးမယ် .. ဘယ်သူ တိုက်မလဲလို့ မေးလိုက်တယ်.ဖိနပ် တခါတိုက်ရင် နှစ်ရာပဲ ရတာ အခု သူဌေးကြီးက နှစ်ထောင်ပေးမယ် ဆိုတော့










Credit

About the author

Aung Lay

Leave a Comment