Cele News
ကိုယ်တိုင် အကြော်ကြော်ပြီး မုန့်ဟင်းခါးရောင်းခဲ့တဲ့ ငယ်ဘဝ အမှတ်တရလေးတွေကို ပြောပြလာတဲ့ မေကဗျာ
Written by Aung Lay
Source-May Kabyar
Unicode
သရုပ်ဆောင်မေကဗျာကတော့ ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးချစ်ခင်မှု အခိုင်အမာရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။
မေကဗျာကတော့ လက်ရှိအချိန်မှာတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်းနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။သူမကတော့ အသက်၃၆နှစ်လို့ မထင်ရလောက်အောင်နုပျိုလွန်းတာကြောင့် ပရိသတ်တွေ အားကျနေရသူပါနော်။ဒီနေ့မှာတော့ မေကဗျာက သူရဲ့ ငယ်ဘဝအမှတ်တရကိုတွေ သူရဲ့ လူမှုကွန်ရက်ကနေမျှဝေလာခဲ့ပါတယ်။
မေကဗျာကတော့ “ပဲခူးသူလက်ရာ အမေ့သမီး ဆိုပေမယ့် အမေ့လက်ရာတော့မမှီပါ.။ ငယ်ငယ်လေးထဲက မုန့်ဟင်းခါးရောင်း အကြော်စုံမိသားစု ကိုယ်တိုင်ကြော် ချြက်ပီး လက်မလည်အောင် ရောင်းခဲ့ရတာ ငယ်ဘဝလေးကို ပျော်တယ်.။ ကျွန်မတို့ပဲခူးက မုန့်ဟင်းခါးကို သရက်သီးစိမ်း မရမ်းသီးစား ရေစိမ်တို့နဲ့ စားကြတာ ပါ.။ အဲ့လိုစားတာကို ကျွန်မကို ရူးနေတာတဲ့ ပဲခူးဆိုင်တွေမှာ အဲ့ပုလင်းလေးတွေ ချပေးထားပါတယ် ဆိုမယုံကြဘူး.။ မုန့်သက်ရှည် ဆွမ်းကပ်..”ဆိုပြီး ငယ်ငယ်ကအမှတ်တရတွေကို ရေးသားထားတာပဲဖြစ်ပါတယ်နော်။
Source-May Kabyar
About the author
Aung Lay
Leave a Comment