ၾကားသိရသမ်ွ

အာဆင်နယ် နဲ့ ချဲလ်ဆီးပွဲ ကြည့်ရှုရန် ဖိတ်ခေါ်မှုအား ငြင်းပယ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း

Written by Aung Lay

ကြၽန္ေတာ့္တို႔ရဲ႕ ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္ဆန္းရဲ႕ အေၾကာင္းကို ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြ ဟာ စာအုပ္ေတြကတဆင့္ေသာ္လည္းေကာင္း ေရွးလူႀကီးသူမမ်ားကတစ္ဆင့္ သိရွိၾကတာ မ်ားပါတယ္။ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ ျမန္မာနိင္ငံလြတ္လပ္ေရး ရရွိေအာင္ အစြမ္းကုန္ ႀကိဳးစားခဲ့တယ္ဆို တာကို အားလုံးအသိဘဲ ျဖစ္မယ္ထင္ပါတယ္။ ထိုအေၾကာင္းအရာမ်ားထဲမွ လူသိနည္းတဲ့ အေၾကာင္းေလးကို ေရးလိုက္ပါတယ္။ အဲဒါ့ကေတာ့ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း နဲ႔ ေဘာလုံးပြဲအေၾကာင္းပါ။ဗိုလ္ခ်ဳပ္ ေအာင္ဆန္းဟာ ဗမာနိင္ငံလြတ္လပ္ေရးေပးဖို႔ အဂၤလိပ္တို႔ထံ ေတာင္းဆိုရန္ အတြက္ ၁၉၄၇ ဇန္နဝါရီလ ၂ ရက္ နံနက္ ၇ နာရီအခ်ိန္ တိတိတြင္ မဂၤလာဒုံေလဆိပ္မွ စတင္ထြက္ခြာလာခဲ့ပါတယ္။ ၁၉၄၇ ဇန္နဝါရီလ ၉ ရက္ ည ၉ နာရီ မိနစ္ ၄၀ မွာ လန္ဒန္သို႔ ေရာက္ရွိခဲ့ပါတယ္။

(စာႂကြင္း ဗိုလ္ခ်ဳပ္ ေအာင္ဆန္းဟာ လန္ဒန္သို႔ တိုက္႐ိုက္ မသြားဘဲ ဇန္နဝါရီလ ၂ ရက္ ညေန ၄ နာရီ ၄၀ ခ်ိန္တြင္ နယူးေဒလီ ဝယ္လင္တန္ ေလဆိပ္သို႔ ေရာက္ရွိခဲ့ကာ အိႏၵိယ ေခါင္းေဆာင္ႀကီး ေန႐ူးနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ၁၉၄၇ ဇန္နဝါရီ ၄ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ဟာ နယူးေဒလီမွ ကရာခ်ိ ကရာခ်ိမွ အီရတ္ နိင္ငံ ဘဂၢဒတ္ ၿမိဳ႕ေတာ္အနီး ဟီဗာနီးယား ေလဆိပ္ မွ လန္ဒန္ စသည္ျဖင့္ ထြက္ခြာ လာျခင္း ျဖစ္ပါတယ္)ဗိုလ္ခ်ဳပ္ ေအာင္ဆန္း လန္ဒန္သို႔ ေရာက္ရွိလာသည့္ ၁၉၄၇ ခုႏွစ္အခ်ိန္တြင္ အဂၤလန္နိင္ငံမွာ ေဘာလုံးအားကစား ထြန္းကားေနၿပီ ျဖစ္သလို ကလပ္အသင္းမ်ား ကစားေစသည့္ စနစ္မွာလည္း ႏွစ္ေပါင္း ၅၉ ႏွစ္ၾကာျမင့္ ခဲ့ၿပီ ျဖစ္သည္။ (ထိုစဥ္က ပရီးမီယားလိဂ္အမည္ျဖင့္ က်င္းပ ျခင္းမဟုတ္)

ဗိုလ္ခ်ဳပ္ ေအာင္ဆန္းဟာ လန္ဒန္သို႔ ေရာက္ရွိစဥ္ ကာလအတြင္း အဂၤလိပ္တို႔ထံမွ လြတ္လပ္ေရး ရရွိရန္သာ စိတ္ဆႏၵျပင္းျပေနသျဖင့္ အဂၤလိပ္တို႔၏ ေဘာလုံးပြဲ ၾကည့္႐ူရန္ ဖိတ္ေခၚမူကို ျငင္းဆိုခဲ့ျခင္းျဖစ္သည္။အဂၤလိပ္တို႔သည္ ထိုစဥ္ေခတ္အခါမ်ားကတည္းက အျခားနိင္ငံမွ ေခါင္းေဆာင္မ်ားအား အခ်ိန္ေပးကာ သူတို႔နိင္ငံ၏ အားကစားတိုးတတ္မူကို ဂုဏ္ယူဝင့္ႂကြား စြာျပသေလ့ရွိသည္။အဂၤလိပ္လူမ်ိဳးမ်ားသည္ သူတို႔နိင္ငံ၏ ေဘာလုံးအားကစား တိုးတတ္မူကို ျမန္မာ ေခါင္းေဆာင္မ်ားကို ျပသရန္အတြက္ ၁၉၄၇ ဇန္နဝါရီလ ၁၅ ရက္ေန႔တြင္ ကစားသည့္ အာဆင္နယ္နဲ႔ခ်ဲလ္ဆီးပြဲအား ေ႐ြးခ်ယ္ခဲ့သည့္အျပင္ အစည္းအေဝး က်င္းပခ်ိနိကိုလည္း ေဘာလုံးပြဲခ်ိန္ ညေနကိုသာ ေ႐ြးခ်ယ္ခဲ့သည္။

သို႔ေသာ္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းဟာ ၿဗိတိလွ် အစိုးရနဲ႔ ေဆြးေႏြးရာတြင္ အဆင္ေျပေစရန္အတြက္ ႀကိဳတင္ ျပင္ဆင္မူမ်ားအား အေႏွာင့္အယွက္ မျဖစ္ေစရန္ ျငင္းပယ္ခဲ့ၿပီး သခင္ျမကိုေ႐ြးခ်ယ္ခဲ့သည္။ ထို႔ေၾကာင့္ သခင္ျမသည္ (ယခုအေခၚအဂၤလန္ပရီးမီးယားလိဂ္) ကို မ်က္ဝါးထင္ထင္ အားေပးခြင့္ရခဲ့ေသာ ပထမဆုံး ဝန္ႀကီး ျဖစ္ခဲ့သည္။ယေန႔ဟာ ခ်စ္လွစြာေသာ တိုင္းျပည္ရဲ႕ ေခါင္းေဆာင္ျဖစ္သူ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းရဲ႕ ေမြးေန႔ျဖစ္ သည့္အတြက္ လူသိနည္းတဲ့ ဗိုလ္ခ်ဳပ္နဲ႔ အဂၤလိပ္ေဘာလုံး ပြဲ အေၾကာင္းကို ေရးသားရျခင္းျဖစ္သည္။

Credit ထရီဇာေအာင္ၿငိမ္းဦး

တဣသိုလ္ေနဝင္း (ဗိုလ္ခ်ဳပ္ ေအာင္ဆန္း၏ လြတ္လပ္ေရးႀကိဳးပမ္းမူ သမိုင္းစာအုပ္)

Unicode

ကျွန်တော့်တို့ရဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ အကြောင်းကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဟာ စာအုပ်တွေကတဆင့်သော်လည်းကောင်း ရှေးလူကြီးသူမများကတစ်ဆင့် သိရှိကြတာ များပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိင်ငံလွတ်လပ်ရေး ရရှိအောင် အစွမ်းကုန် ကြိုးစားခဲ့တယ်ဆို တာကို အားလုံးအသိဘဲ ဖြစ်မယ်ထင်ပါတယ်။ ထိုအကြောင်းအရာများထဲမှ လူသိနည်းတဲ့ အကြောင်းလေးကို ရေးလိုက်ပါတယ်။ အဲဒါ့ကတော့ ဗိုလ်ချုပ် အောင်ဆန်း နဲ့ ဘောလုံးပွဲအကြောင်းပါ။ဗိုလ်ချုပ် အောင်ဆန်းဟာ ဗမာနိင်ငံလွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်တို့ထံ တောင်းဆိုရန် အတွက် ၁၉၄၇ ဇန်နဝါရီလ ၂ ရက် နံနက် ၇ နာရီအချိန် တိတိတွင် မင်္ဂလာဒုံလေဆိပ်မှ စတင်ထွက်ခွာလာခဲ့ပါတယ်။ ၁၉၄၇ ဇန်နဝါရီလ ၉ ရက် ည ၉ နာရီ မိနစ် ၄၀ မှာ လန်ဒန်သို့ ရောက်ရှိခဲ့ပါတယ်။

(စာကြွင်း ဗိုလ်ချုပ် အောင်ဆန်းဟာ လန်ဒန်သို့ တိုက်ရိုက် မသွားဘဲ ဇန်နဝါရီလ ၂ ရက် ညနေ ၄ နာရီ ၄၀ ချိန်တွင် နယူးဒေလီ ဝယ်လင်တန် လေဆိပ်သို့ ရောက်ရှိခဲ့ကာ အိန္ဒိယ ခေါင်းဆောင်ကြီး နေရူးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ၁၉၄၇ ဇန်နဝါရီ ၄ရက်နေ့တွင် ဗိုလ်ချုပ်ဟာ နယူးဒေလီမှ ကရာချိ ကရာချိမှ အီရတ် နိင်ငံ ဘဂ္ဂဒတ် မြို့တော်အနီး ဟီဗာနီးယား လေဆိပ် မှ လန်ဒန် စသည်ဖြင့် ထွက်ခွာ လာခြင်း ဖြစ်ပါတယ်)ဗိုလ်ချုပ် အောင်ဆန်း လန်ဒန်သို့ ရောက်ရှိလာသည့် ၁၉၄၇ ခုနှစ်အချိန်တွင် အင်္ဂလန်နိင်ငံမှာ ဘောလုံးအားကစား ထွန်းကားနေပြီ ဖြစ်သလို ကလပ်အသင်းများ ကစားစေသည့် စနစ်မှာလည်း နှစ်ပေါင်း ၅၉ နှစ်ကြာမြင့် ခဲ့ပြီ ဖြစ်သည်။ (ထိုစဉ်က ပရီးမီယားလိဂ်အမည်ဖြင့် ကျင်းပ ခြင်းမဟုတ်)

ဗိုလ်ချုပ် အောင်ဆန်းဟာ လန်ဒန်သို့ ရောက်ရှိစဉ် ကာလအတွင်း အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိရန်သာ စိတ်ဆန္ဒပြင်းပြနေသဖြင့် အင်္ဂလိပ်တို့၏ ဘောလုံးပွဲ ကြည့်ရူရန် ဖိတ်ခေါ်မူကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။အင်္ဂလိပ်တို့သည် ထိုစဉ်ခေတ်အခါများကတည်းက အခြားနိင်ငံမှ ခေါင်းဆောင်များအား အချိန်ပေးကာ သူတို့နိင်ငံ၏ အားကစားတိုးတတ်မူကို ဂုဏ်ယူဝင့်ကြွား စွာပြသလေ့ရှိသည်။အင်္ဂလိပ်လူမျိုးများသည် သူတို့နိင်ငံ၏ ဘောလုံးအားကစား တိုးတတ်မူကို မြန်မာ ခေါင်းဆောင်များကို ပြသရန်အတွက် ၁၉၄၇ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကစားသည့် အာဆင်နယ်နဲ့ချဲလ်ဆီးပွဲအား ရွေးချယ်ခဲ့သည့်အပြင် အစည်းအဝေး ကျင်းပချိနိကိုလည်း ဘောလုံးပွဲချိန် ညနေကိုသာ ရွေးချယ်ခဲ့သည်။

သို့သော် ဗိုလ်ချုပ် အောင်ဆန်းဟာ ဗြိတိလျှ အစိုးရနဲ့ ဆွေးနွေးရာတွင် အဆင်ပြေစေရန်အတွက် ကြိုတင် ပြင်ဆင်မူများအား အနှောင့်အယှက် မဖြစ်စေရန် ငြင်းပယ်ခဲ့ပြီး သခင်မြကိုရွေးချယ်ခဲ့သည်။ ထို့ကြောင့် သခင်မြသည် (ယခုအခေါ်အင်္ဂလန်ပရီးမီးယားလိဂ်) ကို မျက်ဝါးထင်ထင် အားပေးခွင့်ရခဲ့သော ပထမဆုံး ဝန်ကြီး ဖြစ်ခဲ့သည်။ယနေ့ဟာ ချစ်လှစွာသော တိုင်းပြည်ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မွေးနေ့ဖြစ် သည့်အတွက် လူသိနည်းတဲ့ ဗိုလ်ချုပ်နဲ့ အင်္ဂလိပ်ဘောလုံး ပွဲ အကြောင်းကို ရေးသားရခြင်းဖြစ်သည်။

Credit ထရီဇာအောင်ငြိမ်းဦး

တဣသိုလ်နေဝင်း (ဗိုလ်ချုပ် အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမူ သမိုင်းစာအုပ်)

About the author

Aung Lay

Leave a Comment