Knowledge

အရာရှိ ဖြစ်တယ်ဆိုပြီး ဘဝင်တွေ မမြင့်လိုက်ပါနဲ့ ဒါလေးတော့ သိထားပေးပါ

Written by Aung Lay

အရာရွိ ျဖစ္ တယ္ ဆိုၿပီး ဘဝင္ေတြ မျမင့္လိုက္ နဲ႔။ မင္းထက္ လုပ္သက္ ရင့္ၿပီး ကံအေၾကာင္း မလွ လို႔ အရာရွိ ျဖစ္ခြင့္မရလိုက္ တဲ့ လူေတြ အမ်ားႀကီး ရွိ တယ္ ။ မင္းမွာ မရွိတဲ့ အေတြ႕အႀကဳံေတြ ၊ သင္ခန္း စာေတြ သူတို႔မွာ အမ်ားႀကီး ရွိ တယ္ ။

ဒီလိုေျပာ လို႔ အရာရွိ ျဖစ္ ေန တဲ့ မင္း ကို ေစာ္ကား တာေတာ့ မဟုတ္ဘူး ။ မင္းလည္း ဒီရာထူး ကို မင္းႀကိဳးစားမႈ၊ မင္း ရဲ႕ကံ၊ ဉာဏ္၊ ဝီရိယနဲ႔ ရလာတာျဖစ္တဲ့အတြက္ ဂုဏ္ယူ ခ်ီးက်ဴး ပါ တယ္ ။

ဒါေပမဲ့.. အရာရွိ စားပြဲေပၚ ထိုင္ၿပီး ေအာက္က လူေတြ လုပ္သမွ် Initial(လက္မွတ္တို) တို႔ဖို႔ မဟုတ္ဘူး။ အရာရွိ ဆိုတဲ့ ေနရာကေန ေအာက္ကလူေတြကို ေဟာက္စား၊ ေငါက္စား လုပ္ဖို႔ လည္း မဟုတ္ဘူး ။ ေအာက္ကလူေတြ ကို အေပၚစီးကေန ဆက္ဆံေျပာဆို ဖို႔လည္း မဟုတ္ ဘူး။

ျဖစ္သင့္တာက.. အရာရွိ ဆိုတာ.. ေအာက္ကလူေတြ ရဲ႕ လုပ္မွား ကိုင္မွား ကို တာဝန္ခံႏိုင္မွ၊ ေအာက္ကလူေတြကို လမ္းၫႊန္ျပသေပးႏိုင္မွ၊ ေအာက္ကလူေတြရဲ႕ အခက္အခဲကို ဝင္ခံစားႏိုင္မွ၊ သူတို႔ျပႆနာကို ကိုယ့္ျပႆနာလို သေဘာ ထားႏိုင္ မွ၊ ကိုယ္ခ်င္း စာတတ္ မွ၊ အရာရွိ ဆိုတဲ့ မာန္မာန ေတြအစား တာဝန္ရွိတဲ့သူတစ္ေယာက္လို ေတြးတတ္ေခၚတတ္မွ အရာရွိဆိုတဲ့ဂုဏ္က ပိုျပည့္စုံ မယ္ ထင္တယ္ ၊ ညီေလး ။

လူတစ္ေယာက္မွာ အဓိက ပါဝါႏွစ္ခု ရွိတ ယ္တဲ့ ။ Personal Power (ပုဂၢလိကပါဝါ) နဲ႔ Positional Power (ရာထူးအာဏာ) တဲ့။ ဒီႏွစ္ခုမွာ ရာထူးအရ ရလာတဲ့ Positional Power က ရာထူးတိုး စာေမးပြဲေတြ ေျဖဆို ေအာင္ျမင္ရင္ ရလာႏိုင္ေပမဲ့ Personal Power ကေတာ့ ဘယ္စာေမးပြဲ နဲ႔မွ အကဲျဖတ္လို႔ မရဘူး ညီေလး။ ပုဂၢလိကပါဝါက သူမ်ားအေပၚ ေမတၱာ၊ ဂ႐ုဏာ၊ စာနာမႈ၊ နားလည္မႈ၊ သည္းခံမႈေတြ နဲ႔ ရင္းၿပီးမွ ရလာတဲ့ ပါဝါပါ ။ မင္းလည္း ေတြ႕ဖူး မွာပါ။ တခါတေလ ရာထူးအာဏာ မရွိေပမဲ့ သူ ေျပာ လိုက္ရင္ လူေတြက လိုက္လုပ္ေပး ခ်င္တာ။ ဒီပါဝါကေတာ့ လြယ္လြယ္မရဘူး ညီေလး။ အခ်ိန္ယူၿပီး တည္ေဆာက္ရတယ္။

လိုရင္းကေတာ့ အရာရွိျဖစ္ လာၿပီ ဆိုရင္ Positional Power နဲ႔ အကုန္လုံး လုပ္ႏိုင္မယ္လို႔ တထစ္ခ် မေတြးထားေလ နဲ႔။ တခ်ိဳ႕ အပိုင္းေတြ မွာ Personal Power နဲ႔ လုပ္မွ ေအာင္ျမင္တဲ့ အရာေတြ ေလာကမွာ အမ်ားႀကီး ရွိ ပါတယ္။

ဒါေၾကာင့္.. အရာရွိျဖစ္ၿပီဆိုတိုင္း ဘဝင္မျမင့္နဲ႔၊ မာနမႀကီး နဲ႔။ မင္း ပတ္ဝန္းက်င္က သင္ယူလို႔ ရသမွ် သင္ယူပါ။ ကိုယ္မသိရင္ ဟိုးေအာက္ဆုံးက လူဆီမွာ တပည့္ခံဖို႔လည္း မရွက္ပါနဲ႔။ တစ္ေနရာမွာ တပည့္ခံရင္ ဆယ္ေနရာမွာ ဆရာ လုပ္လို႔ရတယ္ဆိုတဲ့ ဆို႐ိုးစကား မင္း ၾကားဖူး မွာ ပါ။

မင္းရဲ႕ လက္ေအာက္ငယ္သားေတြ ကို လုပ္ေဖာ္ ကိုင္ဖက္ လို သေဘာထားၿပီး ၾကင္နာ ပါ ။ တာဝန္ယူပါ၊ တာဝန္ခံပါ။ သူတို႔ခံစားခ်က္ေတြကို အေလးထားပါ။ သူတို႔ အခက္အခဲ ဝင္ခံစား တတ္ေအာင္ ႀကိဳးစားၾကည့္ပါ။ ေစတနာဆိုတာ ကိုယ္က စေပးရင္ ေရာင္ျပန္ဟပ္ ပါတယ္ ။

တကယ္ေတာ့ ဘဝ ဆိုတာ တိုတိုေလးပါ ။ ေပ်ာ္႐ြင္ တဲ့ အလုပ္ဝန္းက်င္ မွာ မိသားစုဆန္ဆန္ ေပ်ာ္ေပ်ာ္႐ြင္႐ြင္ ျဖတ္သန္းတတ္ ဖို႔ပဲ အေရးႀကီး ပါတယ္ ။ အတၱတံဆိပ္ေတြ၊ မာနတံဆိပ္ေတြ တပ္ၿပီး လုပ္ေနရင္ေတာ့ အလုပ္ခြင္ မွာ မင္း ေပ်ာ္လာမွာ မဟုတ္ဘူး ။

ဒါကေတာ့ ကိုေလး ရဲ႕ အေတြ႕အႀကဳံေတြ ကို ေဝမွ်တာပါ…

သားညိဳေထြး

Unicode

အရာရှိ ဖြစ် တယ် ဆိုပြီး ဘဝင်တွေ မမြင့်လိုက် နဲ့။ မင်းထက် လုပ်သက် ရင့်ပြီး ကံအကြောင်း မလှ လို့ အရာရှိ ဖြစ်ခွင့်မရလိုက် တဲ့ လူတွေ အများကြီး ရှိ တယ် ။ မင်းမှာ မရှိတဲ့ အတွေ့အကြုံတွေ ၊ သင်ခန်း စာတွေ သူတို့မှာ အများကြီး ရှိ တယ် ။

ဒီလိုပြော လို့ အရာရှိ ဖြစ် နေ တဲ့ မင်း ကို စော်ကား တာတော့ မဟုတ်ဘူး ။ မင်းလည်း ဒီရာထူး ကို မင်းကြိုးစားမှု၊ မင်း ရဲ့ကံ၊ ဉာဏ်၊ ဝီရိယနဲ့ ရလာတာဖြစ်တဲ့အတွက် ဂုဏ်ယူ ချီးကျူး ပါ တယ် ။

ဒါပေမဲ့.. အရာရှိ စားပွဲပေါ် ထိုင်ပြီး အောက်က လူတွေ လုပ်သမျှ Initial(လက်မှတ်တို) တို့ဖို့ မဟုတ်ဘူး။ အရာရှိ ဆိုတဲ့ နေရာကနေ အောက်ကလူတွေကို ဟောက်စား၊ ငေါက်စား လုပ်ဖို့ လည်း မဟုတ်ဘူး ။ အောက်ကလူတွေ ကို အပေါ်စီးကနေ ဆက်ဆံပြောဆို ဖို့လည်း မဟုတ် ဘူး။

ဖြစ်သင့်တာက.. အရာရှိ ဆိုတာ.. အောက်ကလူတွေ ရဲ့ လုပ်မှား ကိုင်မှား ကို တာဝန်ခံနိုင်မှ၊ အောက်ကလူတွေကို လမ်းညွှန်ပြသပေးနိုင်မှ၊ အောက်ကလူတွေရဲ့ အခက်အခဲကို ဝင်ခံစားနိုင်မှ၊ သူတို့ပြဿနာကို ကိုယ့်ပြဿနာလို သဘော ထားနိုင် မှ၊ ကိုယ်ချင်း စာတတ် မှ၊ အရာရှိ ဆိုတဲ့ မာန်မာန တွေအစား တာဝန်ရှိတဲ့သူတစ်ယောက်လို တွေးတတ်ခေါ်တတ်မှ အရာရှိဆိုတဲ့ဂုဏ်က ပိုပြည့်စုံ မယ် ထင်တယ် ၊ ညီလေး ။

လူတစ်ယောက်မှာ အဓိက ပါဝါနှစ်ခု ရှိတ ယ်တဲ့ ။ Personal Power (ပုဂ္ဂလိကပါဝါ) နဲ့ Positional Power (ရာထူးအာဏာ) တဲ့။ ဒီနှစ်ခုမှာ ရာထူးအရ ရလာတဲ့ Positional Power က ရာထူးတိုး စာမေးပွဲတွေ ဖြေဆို အောင်မြင်ရင် ရလာနိုင်ပေမဲ့ Personal Power ကတော့ ဘယ်စာမေးပွဲ နဲ့မှ အကဲဖြတ်လို့ မရဘူး ညီလေး။ ပုဂ္ဂလိကပါဝါက သူများအပေါ် မေတ္တာ၊ ဂရုဏာ၊ စာနာမှု၊ နားလည်မှု၊ သည်းခံမှုတွေ နဲ့ ရင်းပြီးမှ ရလာတဲ့ ပါဝါပါ ။ မင်းလည်း တွေ့ဖူး မှာပါ။ တခါတလေ ရာထူးအာဏာ မရှိပေမဲ့ သူ ပြော လိုက်ရင် လူတွေက လိုက်လုပ်ပေး ချင်တာ။ ဒီပါဝါကတော့ လွယ်လွယ်မရဘူး ညီလေး။ အချိန်ယူပြီး တည်ဆောက်ရတယ်။

လိုရင်းကတော့ အရာရှိဖြစ် လာပြီ ဆိုရင် Positional Power နဲ့ အကုန်လုံး လုပ်နိုင်မယ်လို့ တထစ်ချ မတွေးထားလေ နဲ့။ တချို့ အပိုင်းတွေ မှာ Personal Power နဲ့ လုပ်မှ အောင်မြင်တဲ့ အရာတွေ လောကမှာ အများကြီး ရှိ ပါတယ်။

ဒါကြောင့်.. အရာရှိဖြစ်ပြီဆိုတိုင်း ဘဝင်မမြင့်နဲ့၊ မာနမကြီး နဲ့။ မင်း ပတ်ဝန်းကျင်က သင်ယူလို့ ရသမျှ သင်ယူပါ။ ကိုယ်မသိရင် ဟိုးအောက်ဆုံးက လူဆီမှာ တပည့်ခံဖို့လည်း မရှက်ပါနဲ့။ တစ်နေရာမှာ တပည့်ခံရင် ဆယ်နေရာမှာ ဆရာ လုပ်လို့ရတယ်ဆိုတဲ့ ဆိုရိုးစကား မင်း ကြားဖူး မှာ ပါ။

မင်းရဲ့ လက်အောက်ငယ်သားတွေ ကို လုပ်ဖော် ကိုင်ဖက် လို သဘောထားပြီး ကြင်နာ ပါ ။ တာဝန်ယူပါ၊ တာဝန်ခံပါ။ သူတို့ခံစားချက်တွေကို အလေးထားပါ။ သူတို့ အခက်အခဲ ဝင်ခံစား တတ်အောင် ကြိုးစားကြည့်ပါ။ စေတနာဆိုတာ ကိုယ်က စပေးရင် ရောင်ပြန်ဟပ် ပါတယ် ။

တကယ်တော့ ဘဝ ဆိုတာ တိုတိုလေးပါ ။ ပျော်ရွင် တဲ့ အလုပ်ဝန်းကျင် မှာ မိသားစုဆန်ဆန် ပျော်ပျော်ရွင်ရွင် ဖြတ်သန်းတတ် ဖို့ပဲ အရေးကြီး ပါတယ် ။ အတ္တတံဆိပ်တွေ၊ မာနတံဆိပ်တွေ တပ်ပြီး လုပ်နေရင်တော့ အလုပ်ခွင် မှာ မင်း ပျော်လာမှာ မဟုတ်ဘူး ။

ဒါကတော့ ကိုလေး ရဲ့ အတွေ့အကြုံတွေ ကို ဝေမျှတာပါ…

သားညိုထွေး

About the author

Aung Lay

Leave a Comment