ၾကားသိရသမ်ွ

နောက်ဆုံးတော့ ကျောင်းတွေ ပြန်ဖွင့် ပါတော့မယ် (တနိုင်ငံလုံး ကျောင်းဖွင့်မယ့် ရက်ကို ကြေငြာပြီ)

Written by Aung Lay

အေျခခံပညာ ေက်ာင္းေတြကို ဇူလိုင္လ ထဲျပန္ဖြင့္ေတာ့မယ္ လို႔ အေျခခံ ပညာဦးစီးဌာန၊ ၫႊန္ၾကားေရး မႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

“ေကာ္မတီထုတ္ ထားတဲ့သတင္းက အမွန္ပါ။ အေျခခံ ေက်ာင္းေတြ ရဲ႕ ေအာင္စာရင္း ေတြကို ဇူလိုင္လအ တြင္း မွာ ထုတ္ေပးရမွာေပါ့။ ဇူလိုင္လမွာ ေက်ာင္းေတြျပန္ဖြင့္မယ္ ဆိုရင္ ေက်ာင္းမဖြင့္ခင္ ေအာင္စာ ရင္း ထုတ္ေပးဖို႔ လုပ္ရမယ္။” လို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။

ဇူလိုင္လ ေက်ာင္းဖြင့္ခ်ိန္ မွာ ေက်ာင္းသား မ်ားရင္ (၂) သုတ္ခြဲၿပီး ေက်ာင္းတက္နိုင္ဖို႔ စီစဥ္ေနသလို ေက်ာင္းအပ္ႏွံ နိုင္မယ့္ ရက္ကိုလည္း ထပ္ေၾကညာေပးသြားမယ္လို႔ သိရပါတယ္။

“တကၠသိုလ္ ဝင္တန္းေရာ၊ Grade-5 ၊ Grade-9 တို႔ရဲ႕ စာေမးပြဲ ေတြေရာ ေက်ာင္းတြင္းစစ္ စာေမးပြဲေတြေရာ၊ ေနာက္ၿပီး ေက်ာင္းအပ္နိုင္ေရး ကိစၥေတြေရာ လုပ္ရမွာေပါ။ ေလာေလာ ဆယ္ေတာ့ အေျဖလႊာ စစ္ေဆးတာေတြ အရင္လုပ္ ရဦးမယ္။

အေျဖလႊာ စစ္ေဆးတာကို ဘယ္ေန႕ လုပ္ခြင့္ဆိုတာ ကို စာေစာင့္ရဦးမယ္ လို႔ဦးကိုေလးဝင္းက ေျပာပါတယ္။ ဆယ္တန္း ေအာင္စာရင္း ေတြကေတာ့ သတ္မွတ္ရက္ထက္ ေနာက္က်နိဳင္ေပမဲ့ ဇူလိုင္လ ေက်ာင္းမဖြင့္ခင္ ထုတ္ျပန္ ေပးသြားမယ္လို႔ သူကေျပာပါတယ္။

အခုခ်ိန္မွာေတာ့ ေက်ာင္းေတြ ျပန္ဖြင့္နိုင္ ဖို႔ ေနျပည္ ေတာ္ အပါအဝင္ တိုင္းနဲ႕ ျပည္နယ္ေတြက Facility Q ဖြင့္လွစ္ထားတဲ့ ေက်ာင္းေတြ စာရင္းေကာက္ ယူခဲ့တဲ့အခါ မူလတန္း၊ အလယ္တန္းေက်ာင္းနဲ႕ အထက္တန္း ေက်ာင္းေပါင္း (၆၀၂၁)ေက်ာင္းရွိတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ Quarantine လုပ္ထားတဲ့ အေျခခံပညာေက်ာင္း အားလုံးကို က်န္းမာေရးနဲ႕ အားကစား ဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ နဲ႕အညီ ပိုးသတ္ေဆးဖ်န္းၿပီး ဇြန္လ (၁၅) ရက္ေန႕အၿပီး ပညာေရးဝန္ ႀကီးဌာနကို လႊဲေျပာင္းေပးသြား မယ္လို႔ သိရပါတယ္။

အေျခခံပညာ ေက်ာင္းေတြမွာ Q ဝင္ေရာက္ ေနသူေတြ ကလြဲလို႔ ေနာက္တိုး Quarantine ထားဖို႔ လိုအပ္တဲ့ သူေတြကို သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြ ထဲမွာရွိတဲ့ အစိုးရပိုင္ အေဆာက္ အဦးေတြနဲ႕

အဆင့္ျမင့္ပညာ ဦးစီးဌာနေအာက္က တကၠသိုလ္၊ ေကာလိပ္၊ ဒီဂရီအေဆာက္ အဦးေနရေတြမွာ ေနရာခ်ထားေပးသြားမယ္လို႔ သိရ ပါတယ္။

ၿပီးခဲတဲ့ ေမလ (၁၂) ရက္ေန႕ကလည္း နိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကိုဗစ္ ကပ္ေရာဂါ ကာကြယ္ေဆး မေပၚေသးေပမဲ့ ေက်ာင္းေတြကိုျပန္ဖြင့္ရမွာျဖစ္တယ္လို႔ ေျပာၾကားထားပါေသးတယ္။

Unicode

အခြေခံပညာ ကျောင်းတွေကို ဇူလိုင်လ ထဲပြန်ဖွင့်တော့မယ် လို့ အခြေခံ ပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

“ကော်မတီထုတ် ထားတဲ့သတင်းက အမှန်ပါ။ အခြေခံ ကျောင်းတွေ ရဲ့ အောင်စာရင်း တွေကို ဇူလိုင်လအ တွင်း မှာ ထုတ်ပေးရမှာပေါ့။ ဇူလိုင်လမှာ ကျောင်းတွေပြန်ဖွင့်မယ် ဆိုရင် ကျောင်းမဖွင့်ခင် အောင်စာ ရင်း ထုတ်ပေးဖို့ လုပ်ရမယ်။” လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ဇူလိုင်လ ကျောင်းဖွင့်ချိန် မှာ ကျောင်းသား များရင် (၂) သုတ်ခွဲပြီး ကျောင်းတက်နိုင်ဖို့ စီစဉ်နေသလို ကျောင်းအပ်နှံ နိုင်မယ့် ရက်ကိုလည်း ထပ်ကြေညာပေးသွားမယ်လို့ သိရပါတယ်။

“တက္ကသိုလ် ဝင်တန်းရော၊ Grade-5 ၊ Grade-9 တို့ရဲ့ စာမေးပွဲ တွေရော ကျောင်းတွင်းစစ် စာမေးပွဲတွေရော၊ နောက်ပြီး ကျောင်းအပ်နိုင်ရေး ကိစ္စတွေရော လုပ်ရမှာပေါ။ လောလော ဆယ်တော့ အဖြေလွှာ စစ်ဆေးတာတွေ အရင်လုပ် ရဦးမယ်။

အဖြေလွှာ စစ်ဆေးတာကို ဘယ်နေ့ လုပ်ခွင့်ဆိုတာ ကို စာစောင့်ရဦးမယ် လို့ဦးကိုလေးဝင်းက ပြောပါတယ်။ ဆယ်တန်း အောင်စာရင်း တွေကတော့ သတ်မှတ်ရက်ထက် နောက်ကျနိုင်ပေမဲ့ ဇူလိုင်လ ကျောင်းမဖွင့်ခင် ထုတ်ပြန် ပေးသွားမယ်လို့ သူကပြောပါတယ်။

အခုချိန်မှာတော့ ကျောင်းတွေ ပြန်ဖွင့်နိုင် ဖို့ နေပြည် တော် အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက Facility Q ဖွင့်လှစ်ထားတဲ့ ကျောင်းတွေ စာရင်းကောက် ယူခဲ့တဲ့အခါ မူလတန်း၊ အလယ်တန်းကျောင်းနဲ့ အထက်တန်း ကျောင်းပေါင်း (၆၀၂၁)ကျောင်းရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် Quarantine လုပ်ထားတဲ့ အခြေခံပညာကျောင်း အားလုံးကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် နဲ့အညီ ပိုးသတ်ဆေးဖျန်းပြီး ဇွန်လ (၁၅) ရက်နေ့အပြီး ပညာရေးဝန် ကြီးဌာနကို လွှဲပြောင်းပေးသွား မယ်လို့ သိရပါတယ်။

အခြေခံပညာ ကျောင်းတွေမှာ Q ဝင်ရောက် နေသူတွေ ကလွဲလို့ နောက်တိုး Quarantine ထားဖို့ လိုအပ်တဲ့ သူတွေကို သက်ဆိုင်ရာ မြို့နယ်တွေ ထဲမှာရှိတဲ့ အစိုးရပိုင် အဆောက် အဦးတွေနဲ့

အဆင့်မြင့်ပညာ ဦးစီးဌာနအောက်က တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီအဆောက် အဦးနေရတွေမှာ နေရာချထားပေးသွားမယ်လို့ သိရ ပါတယ်။

ပြီးခဲတဲ့ မေလ (၁၂) ရက်နေ့ကလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ် ကပ်ရောဂါ ကာကွယ်ဆေး မပေါ်သေးပေမဲ့ ကျောင်းတွေကိုပြန်ဖွင့်ရမှာဖြစ်တယ်လို့ ပြောကြားထားပါသေးတယ်။

crd : whitesone

About the author

Aung Lay

Leave a Comment