Health

ကျောက်ကပ်အတွက်`ထာဝရဆေး

Written by Aung Lay

ကျောက်ကပ်အတွက်`ထာဝရဆေး´

ဖန်ခွက်ထဲကိုအုန်းစိမ်းရည်ထည့်၊ ပြီးရင်ကျောက်ဖရုံယိုတစ်တောင့့်ထည့်စိမ်ထားလိုက်၊ တစ်နာရီကျော်လောက်စိမ်ထားရင်ရပြီ၊ အရည်လည်းသောက် အဖတ်လည်းစား၊ အဲဒါဟာကျောက်ကပ်အတွက်ထာဝရဆေးပြဲဖစ်ပါတယ်။

ကျောက်ကပ်အမြဲတန်းကောင်းချင်ရင် တစ်ပတ်တစ်ခါလောက်သောက်ပေး။ ကျောက်ကပ်မကောင်းတော့ဘူးဆိုရင်လည်း စိတ်မပျက်ပါနဲ့၊ အခုပြောတဲ့ ကျောက်ကပ်အတွက် ထာဝရဆေးကို တစ်ပတ်၃ကြိမ်စားပေးနိုင်ပါတယ်။

ကျောက်ကပ်ဟာ အသက်၄၀ကျော်ပြီဆိုရင်အိုဟောင်းသွားတော့တာပါပဲ။ ကျောက်ကပ်အလုပ်လုပ်မှုဟာ အသက်၄၀ပြည့်တဲ့နှစ်ကစလို့ ၁နှစ်ကို1ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ ဒါကြောင့်အသက်ကြီးလာတာနဲ့အမျှ ကျောက်ကပ်လည်းအားနည်းလာတော့တယ်။

သို့သော်လည်း သူ့ကိုသေချာထိန်းသိမ်းစောင့်ရှောက်တတ်ရင်တော့ အကောင်းအတိုင်းရှိနေပြီး လုပ်ဆောင်ချက်တွေ မကျဆင်းနိုင်ဘူး။ ကျောက်ကပ်အတွက်မြစ်ချင်းပြီး သဘာဝဆေးဟာကျောက်ဖရုံသီးဖြစ်ကြောင်း အရင်အပတ်ကပြောခဲ့ပြီးဖြစ်တယ်။

ကျောက်ဖရုံသီးကို ကမ္ဘာပေါ်မှာ အကောင်းဆုံးရေဖြစ်တဲ့ အုန်းစိမ်းရည်ထဲထည့်စိမ်လိုက်တဲ့အခါမှာတော့ ကျောက်ကပ်အတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးဆေးဖြစ်သွားတော့တာပါပဲ။

ယ္ခုအခါမှာကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါတွေအများကြီးဖြစ်နေကြပါတယ်။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း၊ လုပ်ဆောင်ချက်ကျဆင်းခြင်း၊ ဆီးအမြှုပ်များခြင်း၊ ဆီးဆိပ်များခြင်း၊

ကျောက်ကပ်ပျက်စီးခြင်း၊ကျောက်ကပ်ကင်ဆာစသည်ဖြင့်အမျိုးမျိုးဖြစ်နေကြတာတွေ့ရပါတယ်။

ကျောက်ကပ်ရောဂါဖြစ်တဲ့သူတွေကြည့်လိုက်ရင် မိန်းမထက် ယောက်ကျားက ပိုများတာကိုတွေ့ရပါတယ်။ ယောက်ကျားမှာဆီး-မိန်းမမှာမီးတဲ့။ ယောက်ကျားတွေဆီးမကောင်းရင် ကျောက်ကပ်ရောဂါဖြစ်လွယ်တယ်။

ယောက်ကျားတွေကပေလည်းပေကြတာကိုး။ ဒါကြောင့်လည်းယောက်ကျားတွေ အသက်တိုကြတာဖြစ်တယ်။ အသက်ကြီးသည်အထိ ကျောက်ကပ်ကောင်းကြတဲ့သူတွေကိုကြည့့်ရင် သူတို့ဟာအစားအသောက်ကို သင့်ရုံလောက်ပဲစားကြတဲ့သူတွေဖြစ်တယ်ဆိုတာတွေ့ရလိမ့်မယ်။

ကျောက်ကပ်ဟာ စားသမျှအစားအသောက်တွေထဲကပါလာတဲ့ အညစ်အကျေးအဆိပ်အတောက်တွေကို သန့်စင်ပေးပြီး ဆီးလမ်းကြောင်းကနေစွန့်ထုတ်ပေးရတဲ့ အင်္ဂါဖြစ်ပါတယ်။

သင့်ရုံသာစားရင် ကျောက်ကပ်ကအလုပ်နဲနဲပဲအလုပ်လုပ်ရလို့ မပင်ပန်းဘဲကြာရှည်ခံမယ်။ အစားကြူးရင်တော့ကျောက်ကပ်က ပင်ပင်ပန်းပန်းအလုပ်လုပ်ရလို့ ကြာရှည်မခံနိုင်ဘူး။ အဲဒါအရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်။ အဲဒီအပြင်အခြားသော ဆောင်ရန်ရှောင်ရန်တွေလည်းရှိပါသေးတယ်။

ဘာတွေလည်းဆိုရင်

ထုံးဓာတ်များတဲ့ရေကိုရှောင်ခြင်း အက်စစ်ဓာတ်များတဲ့အစားအသောက်ကိုလျှော့စားခြင် – အယ်ကာလီများတဲ့အစားအသောက်ကိုပိုစားခြင်း -အသီးအရွက်မစားတဲ့အကျင့်ကိုပြုပြင်ခြင်း

-အနီရောင်အသားကိုသင့်ရုံသာစားခြင်း -အသားထက်အဆီကနေကယ်လိုရီပိုရယူခြင်း -ဝမ်းမချုပ်အောင်လေ့ကျင့်ခြင်း – ချွေးထွက်အောင်ပြုလုပ်ပေးခြင်း -သွားနှင့်ခံတွင်းကိုအမြဲသန့်ရှင်းနေစေခြင်း

-ကိုယ်လက်လှုပ်ရှားမှုများစေခြင်း -ည၁၀နာရီအိပ်ယာဝင်ခြင်း -အရက်သေစာမူးယစ်ဆေးဝါးရှောင်ရှားခြင်း -အနားယူပေးခြင်း -သင့်ရုံသာစားသောက်ခြင်း

-အစာကိုကြေညက်အောင်ဝါးစားခြင်း ဓာတုဆေးဝါးများကိုလိုအပ်မှသောက်ခြင်း -ကွမ်းယာ၊ဆေးလိပ်သုံးစွဲမှုမများစေခြင်း -ဆိုဒီယမ်ပါသောအစာများလျှော့စားခြင်း -ပန်းရောင်ကျောက်ဆားသုံးခြင်း

-သွေးတိုးစာများလျှော့စားခြင်း -မနက်စောစောစာကိုပြည့်စုံစွာစားခြင်း -ရေသောက်မနည်းစေခြင်း -နေရောင်ခြည်ခံပေးခြင်းတွေပဲဖြစ်ပါတယ်။

အဲဒီလိုဆောင်ရန်ရှောင်ရန်တွေကိုသိထားပြီး ကျောက်ကပ်အတွက်ထာဝရဆေးကိုလည်း ပုံမှန်စားပေးသွားမယ်ဆိုရင်တော့ ကိုယ့်ကျောက်ကပ်အတွက် စိတ်ပူစရာမရှိနိုင်လောက်တော့ဘူးပေါ့။ ကျောက်ကပ်ဆေးနေရတဲ့သူတွေလည်း ရှီးပတီးပေါင်းစားခြင်းနဲ့အတူ အခုပေးတဲ့ဆေးကိုသောက်နိုင်စားနိုင်ကြပါတယ်။

ကျောက်ကပ်အတွက်ဆေးကိုဘယ်အချိန်မှာစားရမလဲတဲ့။ အသင့်တော်ဆုံးအချိန်ကတော့ ကျောက်ကပ်အဆိပ်ထုတ်ချိန်ဖြစ်တဲ့3 pm- 5pm မတိုင်မီနေ့လည် 2pm လောက်ပါပဲ။ ပြီးရင်ရေများများသောက်ပေးပါ။

ကျောက်ကပ်ကအနည်အနှစ်တွေအားလုံး ဆီးလမ်းကြောင်းကနေ ထွက်သွားပါလိမ့်မယ်။ 5pm – 7pm ကဆီးအိမ်အဆိပ်ထုတ်ချိန်ဖြစ်တဲ့အတွက် အဲဒီအချိန်တွေအထိ ဆီးကောင်းကောင်းသွားပေးနေဖို့လည်းလိုပါတယ်။

ကျောက်ကပ်ရောဂါတွေဟာဖြစ်လာရင် သိပ်ကိုစိတ်ညစ်ရတတ်တယ်။ ပိုက်ဆံတွေအများကြီးကုန်ပြီးလူဖြစ်လည်းရှုံးတတ်တယ်။ဒါ ကြောင့့်မိမိကျောက်ကပ်ကိုသဘာဝနည်းနဲ့စောင့်ရှောက်ပါလို့ နည်းကောင်းလေးတစ်ခုမျှဝေပေးလိုက်ပါတယ်။

မိတ်ဆွေများအားလုံး ကျောက်ကပ်ရောဂါတွေကနေကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ကြပါစေ။

ချစ်ခင်လေးစားလျှက်

Zawgyi

ေက်ာက္ကပ္အတြက္`ထာဝရေဆး´

ဖန္ခြက္ထဲကိုအုန္းစိမ္းရည္ထည့္၊ ၿပီးရင္ေက်ာက္ဖ႐ုံယိုတစ္ေတာင့့္ထည့္စိမ္ထားလိုက္၊ တစ္နာရီေက်ာ္ေလာက္စိမ္ထားရင္ရၿပီ၊ အရည္လည္းေသာက္ အဖတ္လည္းစား၊ အဲဒါဟာေက်ာက္ကပ္အတြက္ထာဝရေဆးၿပဲဖစ္ပါတယ္။

ေက်ာက္ကပ္အၿမဲတန္းေကာင္းခ်င္ရင္ တစ္ပတ္တစ္ခါေလာက္ေသာက္ေပး။ ေက်ာက္ကပ္မေကာင္းေတာ့ဘူးဆိုရင္လည္း စိတ္မပ်က္ပါနဲ႔၊ အခုေျပာတဲ့ ေက်ာက္ကပ္အတြက္ ထာဝရေဆးကို တစ္ပတ္၃ႀကိမ္စားေပးႏိုင္ပါတယ္။

ေက်ာက္ကပ္ဟာ အသက္၄၀ေက်ာ္ၿပီဆိုရင္အိုေဟာင္းသြားေတာ့တာပါပဲ။ ေက်ာက္ကပ္အလုပ္လုပ္မႈဟာ အသက္၄၀ျပည့္တဲ့ႏွစ္ကစလို႔ ၁ႏွစ္ကို1ရာခိုင္ႏႈန္းက်ဆင္းသြားပါတယ္။ ဒါေၾကာင့္အသက္ႀကီးလာတာနဲ႔အမွ် ေက်ာက္ကပ္လည္းအားနည္းလာေတာ့တယ္။

သို႔ေသာ္လည္း သူ႔ကိုေသခ်ာထိန္းသိမ္းေစာင့္ေရွာက္တတ္ရင္ေတာ့ အေကာင္းအတိုင္းရွိေနၿပီး လုပ္ေဆာင္ခ်က္ေတြ မက်ဆင္းႏိုင္ဘူး။ ေက်ာက္ကပ္အတြက္ျမစ္ခ်င္းၿပီး သဘာဝေဆးဟာေက်ာက္ဖ႐ုံသီးျဖစ္ေၾကာင္း အရင္အပတ္ကေျပာခဲ့ၿပီးျဖစ္တယ္။

ေက်ာက္ဖ႐ုံသီးကို ကမာၻေပၚမွာ အေကာင္းဆုံးေရျဖစ္တဲ့ အုန္းစိမ္းရည္ထဲထည့္စိမ္လိုက္တဲ့အခါမွာေတာ့ ေက်ာက္ကပ္အတြက္ ကမာၻေပၚမွာ အေကာင္းဆုံးေဆးျဖစ္သြားေတာ့တာပါပဲ။

ယၡဳအခါမွာေက်ာက္ကပ္နဲ႔ပတ္သက္တဲ့ေရာဂါေတြအမ်ားႀကီးျဖစ္ေနၾကပါတယ္။ ေက်ာက္ကပ္ေရာင္ျခင္း၊ ေက်ာက္ကပ္ေက်ာက္တည္ျခင္း၊ ေက်ာက္ကပ္အားနည္းျခင္း၊ လုပ္ေဆာင္ခ်က္က်ဆင္းျခင္း၊ ဆီးအျမႇဳပ္မ်ားျခင္း၊ ဆီးဆိပ္မ်ားျခင္း၊

ေက်ာက္ကပ္ပ်က္စီးျခင္း၊ေက်ာက္ကပ္ကင္ဆာစသည္ျဖင့္အမ်ိဳးမ်ိဳးျဖစ္ေနၾကတာေတြ႕ရပါတယ္။

ေက်ာက္ကပ္ေရာဂါျဖစ္တဲ့သူေတြၾကည့္လိုက္ရင္ မိန္းမထက္ ေယာက္က်ားက ပိုမ်ားတာကိုေတြ႕ရပါတယ္။ ေယာက္က်ားမွာဆီး-မိန္းမမွာမီးတဲ့။ ေယာက္က်ားေတြဆီးမေကာင္းရင္ ေက်ာက္ကပ္ေရာဂါျဖစ္လြယ္တယ္။

ေယာက္က်ားေတြကေပလည္းေပၾကတာကိုး။ ဒါေၾကာင့္လည္းေယာက္က်ားေတြ အသက္တိုၾကတာျဖစ္တယ္။ အသက္ႀကီးသည္အထိ ေက်ာက္ကပ္ေကာင္းၾကတဲ့သူေတြကိုၾကည့့္ရင္ သူတို႔ဟာအစားအေသာက္ကို သင့္႐ုံေလာက္ပဲစားၾကတဲ့သူေတြျဖစ္တယ္ဆိုတာေတြ႕ရလိမ့္မယ္။

ေက်ာက္ကပ္ဟာ စားသမွ်အစားအေသာက္ေတြထဲကပါလာတဲ့ အညစ္အေက်းအဆိပ္အေတာက္ေတြကို သန္႔စင္ေပးၿပီး ဆီးလမ္းေၾကာင္းကေနစြန္႔ထုတ္ေပးရတဲ့ အဂၤါျဖစ္ပါတယ္။

သင့္႐ုံသာစားရင္ ေက်ာက္ကပ္ကအလုပ္နဲနဲပဲအလုပ္လုပ္ရလို႔ မပင္ပန္းဘဲၾကာရွည္ခံမယ္။ အစားၾကဴးရင္ေတာ့ေက်ာက္ကပ္က ပင္ပင္ပန္းပန္းအလုပ္လုပ္ရလို႔ ၾကာရွည္မခံႏိုင္ဘူး။ အဲဒါအေရးႀကီးဆုံးအခ်က္ပဲျဖစ္ပါတယ္။ အဲဒီအျပင္အျခားေသာ ေဆာင္ရန္ေရွာင္ရန္ေတြလည္းရွိပါေသးတယ္။

ဘာေတြလည္းဆိုရင္

ထုံးဓာတ္မ်ားတဲ့ေရကိုေရွာင္ျခင္း အက္စစ္ဓာတ္မ်ားတဲ့အစားအေသာက္ကိုေလွ်ာ့စားျခင္ – အယ္ကာလီမ်ားတဲ့အစားအေသာက္ကိုပိုစားျခင္း -အသီးအ႐ြက္မစားတဲ့အက်င့္ကိုျပဳျပင္ျခင္း

-အနီေရာင္အသားကိုသင့္႐ုံသာစားျခင္း -အသားထက္အဆီကေနကယ္လိုရီပိုရယူျခင္း -ဝမ္းမခ်ဳပ္ေအာင္ေလ့က်င့္ျခင္း – ေခြၽးထြက္ေအာင္ျပဳလုပ္ေပးျခင္း -သြားႏွင့္ခံတြင္းကိုအၿမဲသန္႔ရွင္းေနေစျခင္း

-ကိုယ္လက္လႈပ္ရွားမႈမ်ားေစျခင္း -ည၁၀နာရီအိပ္ယာဝင္ျခင္း -အရက္ေသစာမူးယစ္ေဆးဝါးေရွာင္ရွားျခင္း -အနားယူေပးျခင္း -သင့္႐ုံသာစားေသာက္ျခင္း

-အစာကိုေၾကညက္ေအာင္ဝါးစားျခင္း ဓာတုေဆးဝါးမ်ားကိုလိုအပ္မွေသာက္ျခင္း -ကြမ္းယာ၊ေဆးလိပ္သုံးစြဲမႈမမ်ားေစျခင္း -ဆိုဒီယမ္ပါေသာအစာမ်ားေလွ်ာ့စားျခင္း -ပန္းေရာင္ေက်ာက္ဆားသုံးျခင္း

-ေသြးတိုးစာမ်ားေလွ်ာ့စားျခင္း -မနက္ေစာေစာစာကိုျပည့္စုံစြာစားျခင္း -ေရေသာက္မနည္းေစျခင္း -ေနေရာင္ျခည္ခံေပးျခင္းေတြပဲျဖစ္ပါတယ္။

အဲဒီလိုေဆာင္ရန္ေရွာင္ရန္ေတြကိုသိထားၿပီး ေက်ာက္ကပ္အတြက္ထာဝရေဆးကိုလည္း ပုံမွန္စားေပးသြားမယ္ဆိုရင္ေတာ့ ကိုယ့္ေက်ာက္ကပ္အတြက္ စိတ္ပူစရာမရွိႏိုင္ေလာက္ေတာ့ဘူးေပါ့။ ေက်ာက္ကပ္ေဆးေနရတဲ့သူေတြလည္း ရွီးပတီးေပါင္းစားျခင္းနဲ႔အတူ အခုေပးတဲ့ေဆးကိုေသာက္ႏိုင္စားႏိုင္ၾကပါတယ္။

ေက်ာက္ကပ္အတြက္ေဆးကိုဘယ္အခ်ိန္မွာစားရမလဲတဲ့။ အသင့္ေတာ္ဆုံးအခ်ိန္ကေတာ့ ေက်ာက္ကပ္အဆိပ္ထုတ္ခ်ိန္ျဖစ္တဲ့3 pm- 5pm မတိုင္မီေန႔လည္ 2pm ေလာက္ပါပဲ။ ၿပီးရင္ေရမ်ားမ်ားေသာက္ေပးပါ။

ေက်ာက္ကပ္ကအနည္အႏွစ္ေတြအားလုံး ဆီးလမ္းေၾကာင္းကေန ထြက္သြားပါလိမ့္မယ္။ 5pm – 7pm ကဆီးအိမ္အဆိပ္ထုတ္ခ်ိန္ျဖစ္တဲ့အတြက္ အဲဒီအခ်ိန္ေတြအထိ ဆီးေကာင္းေကာင္းသြားေပးေနဖို႔လည္းလိုပါတယ္။

ေက်ာက္ကပ္ေရာဂါေတြဟာျဖစ္လာရင္ သိပ္ကိုစိတ္ညစ္ရတတ္တယ္။ ပိုက္ဆံေတြအမ်ားႀကီးကုန္ၿပီးလူျဖစ္လည္းရႈံးတတ္တယ္။ဒါ ေၾကာင့့္မိမိေက်ာက္ကပ္ကိုသဘာဝနည္းနဲ႔ေစာင့္ေရွာက္ပါလို႔ နည္းေကာင္းေလးတစ္ခုမွ်ေဝေပးလိုက္ပါတယ္။

မိတ္ေဆြမ်ားအားလုံး ေက်ာက္ကပ္ေရာဂါေတြကေနကင္းေဝးၿပီး ကိုယ္စိတ္ႏွစ္ပါးခ်မ္းေျမ့ၾကပါေစ။

ခ်စ္ခင္ေလးစားလွ်က္

About the author

Aung Lay

Leave a Comment