Health Knowledge

မြန်မာတွေရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ ဆေးပေါ့လိပ်က အန္တရာယ်ကင်းလား

Written by Aung Lay

ဆေးပေါ့လိပ်က အန္တရာယ်ကင်းလား။ ဒီမေးခွန်းကို ကျွန်တော်သိချင်နေတာကြာပြီ။ ဆေးပေါ့လိပ်က ပုံမှန်အားဖြင့် အနံ့သိပ်မပြင်းဘူး။ ထုတ်လုပ်တာတွေကလည်း အများစုက ပြည်တွင်းမှာထုတ်ပြီး ဘိုးစဉ်ဘောင်ဆက်ဟိုးအရင်ကတည်းကရှိခဲ့တဲ့ ရိုးရာဓလေ့တစ်ခုလိုဖြစ်နေတော့ ဘေးကင်းတယ်၊ အန္တရာယ်မရှိဘူးလို့တွေးကြတယ်။ တောဓလေ့အကြောင်းအရာနဲ့ပတ်သက်တာတွေ ဖတ်ကြည့်လိုက်ရင်လည်း အလှူတွေအထိမ်းအမှတ်ပွဲတွေမှာ ကွမ်းနဲ့ဆေးပေါ့လိပ်ကမ်းတာက ထုံးတမ်းအစဉ်အလာတစ်ခုဆိုတာကိုတွေ့ရလိမ့်မယ်။

ဒီမှာတင် ဆေးပေါ့လိပ်က အန္တရာယ်ကင်းတယ်ဆိုတဲ့ အယူအဆ လူတွေကြားထဲ ဖြစ်လာတာထင်ပါတယ်။ ဆေးလိပ်သောက်တာကြာနေပြီဖြစ်တဲ့ ကျွန်တော့်အဖေတောင် ဆေးလိပ်ဖြတ်မယ်ဆိုတော့ စီးကရက်ထက်စာရင် ဆေးပေါ့လိပ်က ပိုအန္တရာယ်ကင်းတယ်ဆိုပြီး အချိန်တော်တော်ကြာကြာသောက်ခဲ့သေးတယ်။ တခြားဆေးလိပ်အမျိုးအစားတွေနဲ့ယှဉ်ရင် ဈေးပေါတာကြောင့်လည်း သာမန်လူတန်းစားကနေ လူတန်းစားအမျိုးမျိုးအထိ အနည်းဆုံးတော့ အပျော်သောက်လုပ်ဖို့ တွန်းအားဖြစ်တယ်ထင်ပါတယ်။ ဒီတော့ မေးစရာရှိတာက ဆေးပေါ့လိပ်က ဘေးကင်းလားပေါ့။ ဆေးပေါ့လိပ်က ပိုပြီးအန္တရာယ်မကင်းပါဘူး။ ဆေးပေါ့လိပ်ကလည်း ဆေးရွက်ကြီးကို အခြေပြုပြီး ထုတ်လုပ်ထားတယ်။

အမေရိကန်ကင်ဆာအစည်းအရုံး (American Cancer Association) ရဲ့ ထုတ်ပြန်မှုအရတော့ ဆေးရွက်ကြီးကိုအခြေခံတဲ့ ရှူရှိုက်လို့ရတဲ့ဘယ်အရာကမှ ဘေးကင်းတယ်ဆိုတာမရှိဘူးလို့ဆိုပါတယ်။ ဘေးလုံးဝကင်းတယ်ဆိုတာမဟုတ်ရုံတင်မကဘဲ ဘေးထွက်ဆိုးကျိုး ပိုနည်းစေတယ်ဆိုတာကလည်း မဟုတ်ပါဘူး။ တကယ်တမ်းမှာဆိုရင် ဆေးပေါ့လိပ်သောက်ကြတဲ့ သူတွေရဲ့ အသံအိုး၊ အစာရေမျိုပြွန်နဲ့ လည်ချောင်းတွေမှာ ကင်ဆာဖြစ်တဲ့နှုန်းကစက်ရုံထွက် စီးကရက်တွေသောက်ကြတာထက်တောင် ပိုမြင့်မားနေတယ်လို့ဆိုပါတယ်။

တချို့ဆေးပေါ့လိပ်သောက်သုံးတဲ့သူတွေက ဆေးပေါ့လိပ်က သဘာဝထွက်ပစ္စည်းတွေနဲ့ချည်းပဲ ပြုလုပ်ထားတဲ့အတွက်ဘေးထွက်ဆိုးကျိုးပိုကင်းတယ်လို့ ပြောတတ်ကြပေမယ့်တကယ်တမ်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်ပေါင်းစုတွေပါဝင်မှုလျော့မသွားသလို ဆေးရွက်ကြီးကို မီးရှို့တာကနေ ထွက်လာတဲ့အငွေ့တွေ၊ ကတ္တရာနဲ့ကာဗွန်မိုနောက်ဆိုက်ဒ်အဆိပ်သင့်တာတွေလည်း မလျော့သွားပါဘူး။ ဒါကြောင့်ဆေးပေါ့လိပ်က ဘေးမကင်းပါဘူး။ တခြားဆေးလိပ်တွေမှာဖြစ်တဲ့ ကင်ဆာအမျိုးမျိုးလည်း ဖြစ်နိုင်တဲ့အပြင် တချို့နေရာတွေမှာဆိုပိုတောင်ဆိုးနိုင်ပါသေးတယ်။

ဆေးပေါ့လိပ်က ပိုလို့တောင်ဆိုးတယ်လို့ ကျွန်တော်ယူဆထားတာ (၃)ချက်ရှိတယ်။ ၁။ ဈေးပိုချိုတယ်- ပြဿနာက ဆေးပေါ့လိပ်ကို ဈေးသက်သက်သာသာနဲ့ဝယ်လို့ရတာကအကြောင်းရင်းတစ်ခုပါ။ တခြားနိုင်ငံတွေမှာတော့ ဆေးလိပ်သောက်သုံးမှုကိုထိန်းချုပ်ဖို့အတွက် ဆေးရွက်ကြီးထွက်ပစ္စည်းတွေကို အခွန်မြှင့်ကောက်ထားလေ့ရှိလို့ စီးကရက်တွေ ဆေးပြင်းလိပ်တွေကဈေးကြီးတယ်။

ဒီမှာကျတော့ ဆေးလိပ်အမျိုးမျိုးက ဈေးတော်တော်ပေါနေတော့ လူတော်တော်များများသောက်သုံးလို့ရနေတယ်။ ပိုဆိုးတာက အဲဒီဈေးပေါတဲ့ဆေးလိပ်တွေထဲမှာမှ ဆေးပေါ့လိပ်က ဈေးအသက်သာဆုံးဖြစ်နေတာပဲ။ ဒီမှာတင် လူတန်းစားအမျိုးမျိုးအတွက် ဆေးပေါ့လိပ်က အပျော်သောက်ဖို့အတွက် ပိုလက်လှမ်းမီတဲ့အရာဖြစ်နေတယ်။

၂။ ရိုးရာဓလေ့တစ်ခုဖြစ်နေတယ်- နယ်မြို့နဲ့တောနယ်တွေဘက်မှာဆိုရင်ကျားရော မရော ဆေးလိပ်သောက်တယ်။.သောက်တာကလည်း ဆေးပေါ့လိပ်ပဲ။ ကိုယ်တိုင်လိပ်ကြသလိုနီးစပ်ရာဆေးပေါ့လိပ်ခုံတွေကနေလည်းဝယ်ကြတယ်။ အိမ်တွေမှာဆိုရင် အထုတ်လိုက်ထားတတ်ကြတာမျိုး။

ကွမ်းယာလိုသဘောမျိုးပဲ ဆေးပေါ့လိပ်ကလည်း ရိုးရာဓလေ့တစ်ခုဖြစ်နေတော့ ပိုထိန်းချုပ်ရခက်တယ်။ မျိုးရိုးအစဉ်အဆက်သောက်လာတာ ငါတို့လည်းသောက်မှာပဲဆိုတော့ ဆေးရွက်ကြီးဥပဒေရှိပေမယ့်လည်းဘယ်သူကမှ အရေးတယူမရှိဘဲ ဆေးပေါ့လိပ်က အထိန်းအကွပ်လွတ်သလိုဖြစ်နေတယ်။

၃။ ပိုအန္တရာယ်ကင်းတယ်လို့ ယူဆကြတယ်- အပေါ်ကပြောခဲ့တဲ့အတိုင်းပဲ ဆေးလိပ်သောက်သုံးသူတွေထဲမှာတောင် ဆေးပေါ့လိပ်သောက်သုံးတာက တခြားအမျိုးအစားဆေးလိပ်တွေသောက်သုံးတာထက်စာရင် ပိုပြီးဘေးကင်းတယ်လို့ယူဆကြတဲ့အတွက် ဆေးလိပ်ဖြတ်တယ်ဆိုရင်တောင် ဆေးပေါ့လိပ်ကိုဆက်သောက်နေတတ်ကြတယ်။ ဆေးလိပ်နဲ့ဆေးရွက်ကြီးဆိုရင် ဘယ်ဟာကတော့ ပိုအန္တရာယ်ကင်းတယ်၊ ပေါ့တယ်၊ သဘာဝထွက်ပစ္စည်းမို့လို့ စိတ်ချရတယ်ဆိုတာမျိုးတွေမရှိပါဘူး။ ဘယ်ဟာကိုမှ အစမ်းတို့

အပျော်တို့ လုပ်ကြည့်ဖို့မကောင်းသလို ဖြတ်မယ်ဆိုရင်လည်း ဆေးပေါ့လိပ်လိုမျိုး ပိုပြီးပေါ့တာလေးနဲ့ အစားထိုးလိုက်မယ်ဆိုတာမျိုးမလုပ်တာ အကောင်းဆုံးပါပဲ။ ခရက်ဒစ် ဒေါက်တာသူရိန်လှိုင်ဝင်း

Health, Knowledge

Zawgyi

ေဆးေပါ့လိပ္က အႏၲရာယ္ကင္းလား။ ဒီေမးခြန္းကို ကြၽန္ေတာ္သိခ်င္ေနတာၾကာၿပီ။ ေဆးေပါ့လိပ္က ပုံမွန္အားျဖင့္ အနံ႔သိပ္မျပင္းဘူး။ ထုတ္လုပ္တာေတြကလည္း အမ်ားစုက ျပည္တြင္းမွာထုတ္ၿပီး ဘိုးစဥ္ေဘာင္ဆက္ဟိုးအရင္ကတည္းကရွိခဲ့တဲ့ ႐ိုးရာဓေလ့တစ္ခုလိုျဖစ္ေနေတာ့ ေဘးကင္းတယ္၊ အႏၲရာယ္မရွိဘူးလို႔ေတြးၾကတယ္။ ေတာဓေလ့အေၾကာင္းအရာနဲ႔ပတ္သက္တာေတြ ဖတ္ၾကည့္လိုက္ရင္လည္း အလႉေတြအထိမ္းအမွတ္ပြဲေတြမွာ ကြမ္းနဲ႔ေဆးေပါ့လိပ္ကမ္းတာက ထုံးတမ္းအစဥ္အလာတစ္ခုဆိုတာကိုေတြ႕ရလိမ့္မယ္။

ဒီမွာတင္ ေဆးေပါ့လိပ္က အႏၲရာယ္ကင္းတယ္ဆိုတဲ့ အယူအဆ လူေတြၾကားထဲ ျဖစ္လာတာထင္ပါတယ္။ ေဆးလိပ္ေသာက္တာၾကာေနၿပီျဖစ္တဲ့ ကြၽန္ေတာ့္အေဖေတာင္ ေဆးလိပ္ျဖတ္မယ္ဆိုေတာ့ စီးကရက္ထက္စာရင္ ေဆးေပါ့လိပ္က ပိုအႏၲရာယ္ကင္းတယ္ဆိုၿပီး အခ်ိန္ေတာ္ေတာ္ၾကာၾကာေသာက္ခဲ့ေသးတယ္။ တျခားေဆးလိပ္အမ်ိဳးအစားေတြနဲ႔ယွဥ္ရင္ ေဈးေပါတာေၾကာင့္လည္း သာမန္လူတန္းစားကေန လူတန္းစားအမ်ိဳးမ်ိဳးအထိ အနည္းဆုံးေတာ့ အေပ်ာ္ေသာက္လုပ္ဖို႔ တြန္းအားျဖစ္တယ္ထင္ပါတယ္။ ဒီေတာ့ ေမးစရာရွိတာက ေဆးေပါ့လိပ္က ေဘးကင္းလားေပါ့။ ေဆးေပါ့လိပ္က ပိုၿပီးအႏၲရာယ္မကင္းပါဘူး။ ေဆးေပါ့လိပ္ကလည္း ေဆး႐ြက္ႀကီးကို အေျချပဳၿပီး ထုတ္လုပ္ထားတယ္။

အေမရိကန္ကင္ဆာအစည္းအ႐ုံး (American Cancer Association) ရဲ႕ ထုတ္ျပန္မႈအရေတာ့ ေဆး႐ြက္ႀကီးကိုအေျခခံတဲ့ ရႉရႈိက္လို႔ရတဲ့ဘယ္အရာကမွ ေဘးကင္းတယ္ဆိုတာမရွိဘူးလို႔ဆိုပါတယ္။ ေဘးလုံးဝကင္းတယ္ဆိုတာမဟုတ္႐ုံတင္မကဘဲ ေဘးထြက္ဆိုးက်ိဳး ပိုနည္းေစတယ္ဆိုတာကလည္း မဟုတ္ပါဘူး။ တကယ္တမ္းမွာဆိုရင္ ေဆးေပါ့လိပ္ေသာက္ၾကတဲ့ သူေတြရဲ႕ အသံအိုး၊ အစာေရမ်ိဳႁပြန္နဲ႔ လည္ေခ်ာင္းေတြမွာ ကင္ဆာျဖစ္တဲ့ႏႈန္းကစက္႐ုံထြက္ စီးကရက္ေတြေသာက္ၾကတာထက္ေတာင္ ပိုျမင့္မားေနတယ္လို႔ဆိုပါတယ္။

တခ်ိဳ႕ေဆးေပါ့လိပ္ေသာက္သုံးတဲ့သူေတြက ေဆးေပါ့လိပ္က သဘာဝထြက္ပစၥည္းေတြနဲ႔ခ်ည္းပဲ ျပဳလုပ္ထားတဲ့အတြက္ေဘးထြက္ဆိုးက်ိဳးပိုကင္းတယ္လို႔ ေျပာတတ္ၾကေပမယ့္တကယ္တမ္းမွာ ကင္ဆာျဖစ္ေစႏိုင္တဲ့ဓာတ္ေပါင္းစုေတြပါဝင္မႈေလ်ာ့မသြားသလို ေဆး႐ြက္ႀကီးကို မီးရႈိ႕တာကေန ထြက္လာတဲ့အေငြ႕ေတြ၊ ကတၱရာနဲ႔ကာဗြန္မိုေနာက္ဆိုက္ဒ္အဆိပ္သင့္တာေတြလည္း မေလ်ာ့သြားပါဘူး။ ဒါေၾကာင့္ေဆးေပါ့လိပ္က ေဘးမကင္းပါဘူး။ တျခားေဆးလိပ္ေတြမွာျဖစ္တဲ့ ကင္ဆာအမ်ိဳးမ်ိဳးလည္း ျဖစ္ႏိုင္တဲ့အျပင္ တခ်ိဳ႕ေနရာေတြမွာဆိုပိုေတာင္ဆိုးႏိုင္ပါေသးတယ္။

ေဆးေပါ့လိပ္က ပိုလို႔ေတာင္ဆိုးတယ္လို႔ ကြၽန္ေတာ္ယူဆထားတာ (၃)ခ်က္ရွိတယ္။ ၁။ ေဈးပိုခ်ိဳတယ္- ျပႆနာက ေဆးေပါ့လိပ္ကို ေဈးသက္သက္သာသာနဲ႔ဝယ္လို႔ရတာကအေၾကာင္းရင္းတစ္ခုပါ။ တျခားႏိုင္ငံေတြမွာေတာ့ ေဆးလိပ္ေသာက္သုံးမႈကိုထိန္းခ်ဳပ္ဖို႔အတြက္ ေဆး႐ြက္ႀကီးထြက္ပစၥည္းေတြကို အခြန္ျမႇင့္ေကာက္ထားေလ့ရွိလို႔ စီးကရက္ေတြ ေဆးျပင္းလိပ္ေတြကေဈးႀကီးတယ္။

ဒီမွာက်ေတာ့ ေဆးလိပ္အမ်ိဳးမ်ိဳးက ေဈးေတာ္ေတာ္ေပါေနေတာ့ လူေတာ္ေတာ္မ်ားမ်ားေသာက္သုံးလို႔ရေနတယ္။ ပိုဆိုးတာက အဲဒီေဈးေပါတဲ့ေဆးလိပ္ေတြထဲမွာမွ ေဆးေပါ့လိပ္က ေဈးအသက္သာဆုံးျဖစ္ေနတာပဲ။ ဒီမွာတင္ လူတန္းစားအမ်ိဳးမ်ိဳးအတြက္ ေဆးေပါ့လိပ္က အေပ်ာ္ေသာက္ဖို႔အတြက္ ပိုလက္လွမ္းမီတဲ့အရာျဖစ္ေနတယ္။

၂။ ႐ိုးရာဓေလ့တစ္ခုျဖစ္ေနတယ္- နယ္ၿမိဳ႕နဲ႔ေတာနယ္ေတြဘက္မွာဆိုရင္က်ားေရာ မေရာ ေဆးလိပ္ေသာက္တယ္။.ေသာက္တာကလည္း ေဆးေပါ့လိပ္ပဲ။ ကိုယ္တိုင္လိပ္ၾကသလိုနီးစပ္ရာေဆးေပါ့လိပ္ခုံေတြကေနလည္းဝယ္ၾကတယ္။ အိမ္ေတြမွာဆိုရင္ အထုတ္လိုက္ထားတတ္ၾကတာမ်ိဳး။

ကြမ္းယာလိုသေဘာမ်ိဳးပဲ ေဆးေပါ့လိပ္ကလည္း ႐ိုးရာဓေလ့တစ္ခုျဖစ္ေနေတာ့ ပိုထိန္းခ်ဳပ္ရခက္တယ္။ မ်ိဳး႐ိုးအစဥ္အဆက္ေသာက္လာတာ ငါတို႔လည္းေသာက္မွာပဲဆိုေတာ့ ေဆး႐ြက္ႀကီးဥပေဒရွိေပမယ့္လည္းဘယ္သူကမွ အေရးတယူမရွိဘဲ ေဆးေပါ့လိပ္က အထိန္းအကြပ္လြတ္သလိုျဖစ္ေနတယ္။

၃။ ပိုအႏၲရာယ္ကင္းတယ္လို႔ ယူဆၾကတယ္- အေပၚကေျပာခဲ့တဲ့အတိုင္းပဲ ေဆးလိပ္ေသာက္သုံးသူေတြထဲမွာေတာင္ ေဆးေပါ့လိပ္ေသာက္သုံးတာက တျခားအမ်ိဳးအစားေဆးလိပ္ေတြေသာက္သုံးတာထက္စာရင္ ပိုၿပီးေဘးကင္းတယ္လို႔ယူဆၾကတဲ့အတြက္ ေဆးလိပ္ျဖတ္တယ္ဆိုရင္ေတာင္ ေဆးေပါ့လိပ္ကိုဆက္ေသာက္ေနတတ္ၾကတယ္။ ေဆးလိပ္နဲ႔ေဆး႐ြက္ႀကီးဆိုရင္ ဘယ္ဟာကေတာ့ ပိုအႏၲရာယ္ကင္းတယ္၊ ေပါ့တယ္၊ သဘာဝထြက္ပစၥည္းမို႔လို႔ စိတ္ခ်ရတယ္ဆိုတာမ်ိဳးေတြမရွိပါဘူး။ ဘယ္ဟာကိုမွ အစမ္းတို႔

အေပ်ာ္တို႔ လုပ္ၾကည့္ဖို႔မေကာင္းသလို ျဖတ္မယ္ဆိုရင္လည္း ေဆးေပါ့လိပ္လိုမ်ိဳး ပိုၿပီးေပါ့တာေလးနဲ႔ အစားထိုးလိုက္မယ္ဆိုတာမ်ိဳးမလုပ္တာ အေကာင္းဆုံးပါပဲ။ ခရက္ဒစ္ ေဒါက္တာသူရိန္လႈိင္ဝင္း

Health, Knowledge

About the author

Aung Lay

Leave a Comment