မြန်မာ့ဂုဏ်ဆောင် တိုက်စစ်မှုး အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့်တို့ကတော့ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ လက်ထပ်ခဲ့ကြပြီး နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့က အခုဆိုရင် ချစ်စရာကောင်းတဲ့သားလေး သွင်ဦးဟန် ကိုပါ ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ (၁၉)ရက်နေ့ကတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့သားလေး ကိုကိုးလေးရဲ့ (၁)နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်ကတော့ ဘဝထဲကို ရောက်ရှိလာတာ (၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ သားလေးကိုကိုးရဲ့ မွေးနေ့အတွက် အခုလိုပဲ မွေးနေ့ဆုတောင်းစကားလေး ပြောထားတာကို တွေ့ရပါတယ်။
သားလေးရေ.. ဘာလိုလိုနဲ့ ၁ နှစ်တောင်ပြည့်သွားပြီ။ ဒီနေ့ သားလေးမွေးနေ့မှာ အလှူဒါန မျိုးစုံရော ပျော်ရွှင်စရာ မျိုးစုံပါ မေမေရော ဖေဖေပါ စီစဉ် ဖန်တီးပေးခဲ့တယ်။ ဒီလို လုပ်ပေးခြင်းက အခု အရွယ် သားလေး မသိသေးဘူးဆိုတာ မေမေသိပေမယ့် သားလေးတစ်ချိန် အရွယ်ရောက်လို့ ပြန်ကြည့်တဲ့အခါ သားလေးရဲ့ ပထမဦးဆုံး မွေးနေ့လေးမှာ ဒီလိုပျော်စရာ အမှတ်တရလေးတွေ ရှိခဲ့ပါလားလို့ ပီတိဖြစ်ရအောင် မေမေနဲ့ ဖေဖေက စီစဉ်ပေးတာပါသားလေးရေ
မမေ့သားလေး ဘဝ တစ်သက်တာမှာ မပူမပင် မကြောင့် နေနိုင်ပါစေ။ ပညာတတ်လူတော်လူကောင်း လူလိမ္မာတစ်ယောက်ဖြစ်ပါစေ။ ကိုယ်ချင်းစာတရားကို အပြည့်အဝနားလည်တဲ့ ယောကျာ်းကောင်းယောကျာ်းမြတ်တစ်ယောက်ဖြစ်ပါစေ။ အရိပ်ကောင်းကောင်းပေးနိုင်တဲ့ သစ်ပင်ကောင်းကြီးအလား ကိုယ့်အကျိုးထက် အများအကျိုးကို ကူညီစောင့်ရှောက်ပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ မေမေ ဆုမွန်ကောင်းတောင်းပေးပါတယ်သားလေးရေ ဆိုပြီး မွေးနေ့ဆုတောင်းပေးထားပါတယ်
အောင်သူနဲ့ ပိုးအိအိခန့်ကတော့ သားလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့အတွက် တစ်မနက်လုံး အလှူအတန်းတွေ ပြုလုပ်ပေးခဲ့သလို ညဘက်မှာတော့ မိသားစုတွေနဲ့အတူတူ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ သားလေးကိုကိုးလည်း ဖေဖေ မေမေရဲ့ တောင်းဆုတွေနဲ့ ပြည့်စုံတဲ့ သားကောင်းရတနာလေးတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Zawgyi