ကို႐ိုနာဗိုင္းရပ္စ္က ဘယ္ေတာ့မွ ေပ်ာက္မသြားႏိုင္ေၾကာင္းနဲ႔ ကမာၻတစ္ဝွမ္းရွိ လူေတြဟာ ၎နဲ႔အတူ ယွဥ္တြဲေနထိုင္ရန္ ေလ့လာသင္ယူၾကရလိမ့္မယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း (World Health Organization – WHO) ရဲ႕ တာဝန္ရွိသူတစ္ဦးက ေမ ၁၃ ရက္မွာ သတိေပးခဲ့ပါတယ္။
ကမာၻတစ္ဝွမ္း ႏိုင္ငံအခ်ိဳ႕က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ဟန႔္တားႏိုင္ေရး lockdown ပိတ္ပင္ကန႔္သတ္ခ်က္ေတြကို ျဖည္းျဖည္းခ်င္း ေျဖေလွ်ာ့ေပးေနစဥ္ ဗိုင္းရပ္စ္ကို ဘယ္ေတာ့မွ လုံးဝ တိုက္ဖ်က္ပစ္ႏိုင္ဖြယ္ မရွိဘူးလို႔ WHO တာဝန္ရွိသူက ေျပာၾကားလိုက္တာလည္း ျဖစ္ပါတယ္။
ေမ ၁၃ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ အြန္လိုင္းသတင္းစာရွင္းလင္းပြဲမွာ WHO ရဲ႕ အေရးေပၚဆိုင္ရာ ၫႊန္ၾကားေရးမႉး ေဒါက္တာမိုက္ခ္႐ိုင္ယန္ (Dr. Mike Ryan) က ဗိုင္းရပ္စ္ ေပ်ာက္ကြယ္သြားမယ့္အခ်ိန္ကို ခန႔္မွန္းရန္ႀကိဳးပမ္းေနမႈအေပၚ မေထာက္ခံဘဲ
ထိုသို႔ သတိေပးခဲ့ေၾကာင္း သိရပါတယ္။ ကာကြယ္ေဆးတစ္ခု ထြက္ေပၚလာခဲ့ရင္ေတာင္မွ ဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ရန္ ႀကီးမားတဲ့အားထုတ္မႈ လိုအပ္လိမ့္မယ္လို႔လည္း ၎က ျဖည့္စြက္ေျပာပါတယ္။
ကမာၻတစ္ဝွမ္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရၿပီး COVID-19 ေရာဂါေၾကာင့္လက္ရွိအခ်ိန္အထိ လူ ၃၀၀,၀၀၀ နီးပါး ေသဆုံးခဲ့ၿပီးျဖစ္ကာ လူဦးေရ၄.၃ သန္းေက်ာ္ဟာ ဗိုင္းရပ္စ္ကူးစက္ခံထားရပါတယ္။ COVID-19 ကေန ျပန္လည္သက္သာလာသူကေတာ့ကမာၻတစ္ဝွမ္းမွာ ၁.၆သန္းေက်ာ္ရွိေၾကာင္းလည္းသိရပါတယ္။
“ဒီဗိုင္းရပ္စ္က လူေတြၾကားမွာအျခားအစုလိုက္အၿပဳံလိုက္ ဗိုင္းရပ္စ္ကူးစက္တစ္မ်ိဳး ျဖစ္လာႏိုင္တာကို ေဆြးေႏြးဖို႔အေရးႀကီးပါတယ္၊ၿပီးေတာ့ ဒီဗိုင္းရပ္စ္က ဘယ္ေတာ့မွ ေပ်ာက္မသြားႏိုင္ပါဘူး”လို႔ ေဒါက္တာ႐ိုင္ယန္က ေျပာခဲ့ပါတယ္။ “HIV က ေပ်ာက္မသြားပါဘူး၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ဒီဗိုင္းရပ္စ္နဲ႔အတူ သက္တမ္းေတြရွိလာခဲ့ၾကတယ္” လို႔၎က ေထာက္ျပပါတယ္။
အနာဂတ္အလားအလာက ကြၽန္ေတာ္တို႔ လက္ထဲမွာပါ
COVID-19 ေရာဂါ ေပ်ာက္ကြယ္သြားမယ့္အခ်ိန္ကို တစ္စုံတစ္ဦးက ခန႔္မွန္းႏိုင္ေၾကာင္းကိုလည္း ၎အေနနဲ႔ မယုံၾကည္ဘူးလို႔ ေဒါက္တာ႐ိုင္ယန္က ေျပာခဲ့ပါတယ္။ လက္ရွိမွာ COVID-19 အတြက္ အလားအလာရွိတဲ့ ကာကြယ္ေဆး
အမ်ိဳးေပါင္း ၁၀၀ ေက်ာ္ ထုတ္လုပ္ေနၾကေၾကာင္း၊ သို႔ေသာ္ ဝက္သက္ကဲ့သို႔ ကာကြယ္ေဆးရွိေနေပမဲ့ အျမစ္ျပတ္ တိုက္ထုတ္ႏိုင္ျခင္းမရွိေသးတဲ့ အျခားေရာဂါမ်ားရွိေနေၾကာင္းလည္း ေဒါက္တာ႐ိုင္ယန္က ဆိုပါတယ္။
WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကလည္း အားထုတ္ႀကိဳးပမ္းမႈျဖင့္ ဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ရန္ ျဖစ္ႏိုင္ေျခ ရွိေနဆဲျဖစ္ႏိုင္ေျခ ရွိေနဆဲျဖစ္ေၾကာင္း အေလးထား ေျပာခဲ့ပါတယ္။
“အနာဂတ္အလားအလာက ကြၽန္ေတာ္တို႔ လက္ထဲမွာပါ၊ ဒါက လူတိုင္းရဲ႕ အလုပ္ျဖစ္ပါတယ္၊ ကြၽန္ေတာ္တို႔အားလုံး ဒီကပ္ေရာဂါကို ရပ္တန႔္ဖို႔ ပါဝင္လုပ္ေဆာင္သင့္ပါတယ္” လို႔ WHO အႀကီးအကဲက ဆိုပါတယ္။
မူရင္းေရးသူသို့ ေလးစားမွုျဖင့္ခရက္ဒစ္
Unicode
ကိုရိုနာဗိုင်းရပ်စ်က ဘယ်တော့မှ ပျောက်မသွားနိုင်ကြောင်းနဲ့ ကမ္ဘာတစ်ဝှမ်းရှိ လူတွေဟာ ၎င်းနဲ့အတူ ယှဉ်တွဲနေထိုင်ရန် လေ့လာသင်ယူကြရလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) ရဲ့ တာဝန်ရှိသူတစ်ဦးက မေ ၁၃ ရက်မှာ သတိပေးခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်း နိုင်ငံအချို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဟန့်တားနိုင်ရေး lockdown ပိတ်ပင်ကန့်သတ်ချက်တွေကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေစဉ် ဗိုင်းရပ်စ်ကို ဘယ်တော့မှ လုံးဝ တိုက်ဖျက်ပစ်နိုင်ဖွယ် မရှိဘူးလို့ WHO တာဝန်ရှိသူက ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
မေ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ WHO ရဲ့ အရေးပေါ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမိုက်ခ်ရိုင်ယန် (Dr. Mike Ryan) က ဗိုင်းရပ်စ် ပျောက်ကွယ်သွားမယ့်အချိန်ကို ခန့်မှန်းရန်ကြိုးပမ်းနေမှုအပေါ် မထောက်ခံဘဲ
ထိုသို့ သတိပေးခဲ့ကြောင်း သိရပါတယ်။ ကာကွယ်ဆေးတစ်ခု ထွက်ပေါ်လာခဲ့ရင်တောင်မှ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ကြီးမားတဲ့အားထုတ်မှု လိုအပ်လိမ့်မယ်လို့လည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး COVID-19 ရောဂါကြောင့်လက်ရှိအချိန်အထိ လူ ၃၀၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီးဖြစ်ကာ လူဦးရေ၄.၃ သန်းကျော်ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ COVID-19 ကနေ ပြန်လည်သက်သာလာသူကတော့ကမ္ဘာတစ်ဝှမ်းမှာ ၁.၆သန်းကျော်ရှိကြောင်းလည်းသိရပါတယ်။
“ဒီဗိုင်းရပ်စ်က လူတွေကြားမှာအခြားအစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်တစ်မျိုး ဖြစ်လာနိုင်တာကို ဆွေးနွေးဖို့အရေးကြီးပါတယ်၊ပြီးတော့ ဒီဗိုင်းရပ်စ်က ဘယ်တော့မှ ပျောက်မသွားနိုင်ပါဘူး”လို့ ဒေါက်တာရိုင်ယန်က ပြောခဲ့ပါတယ်။ “HIV က ပျောက်မသွားပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီဗိုင်းရပ်စ်နဲ့အတူ သက်တမ်းတွေရှိလာခဲ့ကြတယ်” လို့၎င်းက ထောက်ပြပါတယ်။
အနာဂတ်အလားအလာက ကျွန်တော်တို့ လက်ထဲမှာပါ
COVID-19 ရောဂါ ပျောက်ကွယ်သွားမယ့်အချိန်ကို တစ်စုံတစ်ဦးက ခန့်မှန်းနိုင်ကြောင်းကိုလည်း ၎င်းအနေနဲ့ မယုံကြည်ဘူးလို့ ဒေါက်တာရိုင်ယန်က ပြောခဲ့ပါတယ်။ လက်ရှိမှာ COVID-19 အတွက် အလားအလာရှိတဲ့ ကာကွယ်ဆေး
အမျိုးပေါင်း ၁၀၀ ကျော် ထုတ်လုပ်နေကြကြောင်း၊ သို့သော် ဝက်သက်ကဲ့သို့ ကာကွယ်ဆေးရှိနေပေမဲ့ အမြစ်ပြတ် တိုက်ထုတ်နိုင်ခြင်းမရှိသေးတဲ့ အခြားရောဂါများရှိနေကြောင်းလည်း ဒေါက်တာရိုင်ယန်က ဆိုပါတယ်။
WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း အားထုတ်ကြိုးပမ်းမှုဖြင့် ဗိုင်းရပ်စ်ကိုထိန်းချုပ်ရန် ဖြစ်နိုင်ခြေ ရှိနေဆဲဖြစ်နိုင်ခြေ ရှိနေဆဲဖြစ်ကြောင်း အလေးထား ပြောခဲ့ပါတယ်။
“အနာဂတ်အလားအလာက ကျွန်တော်တို့ လက်ထဲမှာပါ၊ ဒါက လူတိုင်းရဲ့ အလုပ်ဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံး ဒီကပ်ရောဂါကို ရပ်တန့်ဖို့ ပါဝင်လုပ်ဆောင်သင့်ပါတယ်” လို့ WHO အကြီးအကဲက ဆိုပါတယ်။