ၾကားသိရသမ်ွ

လူဦးရေ ၄၀၀၀ ကျော် ဒုက္ခရောက်ခဲ့ရတဲ့ မန္တလေး အမရပူရ တာကျိုးပေါက်ရခြင်းရဲ့ အဓိက အကြောင်းအရင်း

Written by Aung Lay

လူဦးေရ ၄၀၀၀ ေက်ာ္ ဒုကၡေရာက္ခဲ့ရတဲ့ မႏၲေလးအမရပူရ တာက်ိဳးေပါက္ ရျခင္းရဲ႕ အဓိက အေၾကာင္းအရင္း

Covid-19 ေၾကာင့္ အမရပူရၿမိဳ႕နယ္တြင္ လုပ္ေဆာင္ေနေသာ ေ႐ႊခဲေရဆိုးစြန႔္ထုတ္ စက္႐ုံစီမံကိန္း

ေႏွာင့္ေႏွးၾကန႔္ၾကာေနခ်ိန္တြင္ ျမစ္ေရကတက္လာရာက တာ႐ိုးက်ိဳးေပါက္မႈျဖစ္ခဲ့ေၾကာင္း သိရပါတယ္။

“အမရပူရၿမိဳ႕နယ္ေ႐ႊခဲေရဆိုးစြန႔္ ထုတ္စက္႐ုံ စီမံကိန္းကို ခန႔္မွန္းေျခ ၿပီးခဲ့တဲ့ တစ္ႏွစ္ေလာက္က

စတင္ ေနတာ ျဖစ္တယ္၊ စည္ပင္ကတင္ဒါေခၚေတာ့ တ႐ုတ္ကုမပဏီက တင္ဒါရတယ္ ။

ADB ေခ်းေငြနဲ႔ေပါ့။တင္ဒါေခၚေတာ့ တ႐ုတ္က လုပ္ခြင့္ရတာ။လုပ္ေတာ့ ကိုဗစ္ကာလမွာ ျပန္တာတို႔၊

ကြာရတင္းဝင္တာတို႔ အဲဒါမ်ိဳးေတြနဲ႔ ေႏွာင့္ေႏွး ေနတာနဲ႔ ၾကန႔္ၾကာေနတာ။အဲလို မၿပီးတဲ့အခ်ိန္မွာ

ေရကတက္လာတာ။သူက ျမစ္နဲ႔က ကားလမ္းပဲ ျခားတာ။ အနိမ့္ပိုင္း မွာ ရွိေနတယ္။

လမ္းရဲ႕အေရွ႕ ဖက္မွာ ခ်ိဳင့္ နည္းနည္း ျဖစ္ေနတယ္။အဲဒီေတာ့ ေရတင္လာတဲ့ အခါ ေရက ဒီဖက္ကို

စိမ့္ထြက္ လာတယ္။ျမစ္ေရတက္လာတဲ့အခါက်ေတာ့ ျမစ္ေရက ကားလမ္းရဲ႕ေအာက္က

ေျမႀကီးထဲမွာ စိမ့္ၿပီးေတာ့မွ အနိမ့္ဖက္ကို ထြက္လာတာ။

ထြက္လာတာ တျဖည္းျဖည္းနဲ႔ အားနဲ႔ မ်ားလာၿပီးေတာ့ ေနာက္ဆုံးေတာ့ ေပါက္သြားတာေပါ့အခုကေတ

ာ့ က်ိဳးသြားၿပီးေတာ့ ေခ်ာင္းႀကီး ျဖစ္ေနၿပီ။အဲဒါကို ဒီေန႔ အင္ဂ်င္နီယာေတြက ျပန္ျပင္ဆင္ဖို႔

လုပ္ေနၾကတယ္။ခိုင္ခိုင္မာမာ ျဖစ္ေအာင္ေပါ့”ဟု မႏၲေလးၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ရင္ျမင့္ကေျပာပါတယ္။

ယခုအခါ အဆိုပါတာ႐ိုးက်ိဳးေပါက္မႈျဖစ္စဥ္ေၾကာင့္ ေရေဘး ေရွာင္ျပည္သူ ၄၀၀၀ ေက်ာ္ရွိေနေၾကာင္း၊

ျပည္သူမ်ားအား ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းထားၿပီးၿပီျဖစ္ေၾကာင္းႏွင့္

က်ိဳးေပါက္သြားသည့္ေနရာ ကိုအျမန္ဆုံးပိတ္ဆို႔ႏိုင္ေရးေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

လက္ရွိအေျခအေနမွာ စစ္ကိုင္း-မႏၲေလး ကမ္းနား ကားလမ္းတာေဘာင္

အက်ယ္(၃၀)ေပခန႔္က်ိဳး ေနၿပီး ျမစ္ေရမ်ားမွာ ဆက္လက္စီးဆင္းဝင္ေရာက္ေနဆဲျဖစ္ေၾကာင္း လည္း သိရပါတယ္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၁၉ ရက္ညက အမရပူရၿမိဳ႕နယ္ ၊ ယဥ္ေတာ္ေက်း႐ြာအုပ္စုစစ္ကိုင္း –

မႏၲေလး ကမ္းနား လမ္း ေ႐ႊခဲေရထိန္းတံခါး အမွတ္(၁)အနီး ၿမိဳ႕ေရွာင္ ကားလမ္းမ ဧရာဝတီျမစ္ေရတက္ မႈေၾကာင့္

ေရယိုစိမ့္မႈျဖစ္ပြားခဲ့၍ က်န္တန္း၊ ရပ္ကြက္ရွိ အိမ္ေျခ (၃၁၈) ၊ အိမ္ေထာင္စု (၃၁၈)၊

လူဦးေရ(၁၄၈၆) ဦးတို႔ကို ပြဲေတာ္ ဘုန္းေတာ္ႀကီး ေက်ာင္း ၊ က်န္တန္းရပ္ ဓမၼာ႐ုံ ၊ ေပါက္ေပါက္တန္း

ရပ္ ဓမၼာ႐ုံသို႔ လည္းေကာင္း ၊ ယဥ္ေတာ္ေက်း႐ြာရွိ အိမ္ေျခ (၁၅၀) ၊ အိမ္ေထာင္စု (၁၅၀) ၊

လူဦးေရ (၄၈၃)ဦးကို စစ္မန္း ကားလမ္းတာ႐ိုး ၊ ေရလဲေက်ာင္းသို႔ လည္းေကာင္း ၊ မွန္တန္းရပ္ကြက္

အိမ္ေျခ (၃၃၀) ၊ အိမ္ေထာင္စု (၃၆၀) ၊ လူဦးေရ (၁၀၉၅)ဦးတို႔ကို သက်မ ၪၨဴဘုရားဝန္း ၊ ရန္ေအာင္ျမင္ဓမၼာ႐ုံ ၊

သက္ေတာ္ရ သက္ေတာ္ရွည္ ဘုရားဝန္း ၊ မိုးေကာင္းဓမၼာ႐ုံ ၊ မန္က်ည္းေတာ ဘုန္းႀကီးေက်ာင္း ၊

ရွင္ပင္ဆပ္သြားဓမၼာ႐ုံသို႔ လည္းေကာင္း ၊ ေဈးခ်ိဳရပ္ကြက္ အိမ္ေျခ (၆၀၀) ၊ အိမ္ေထာင္စု (၆၅၀) ၊

လူဦးေရ (၉၇၀)ဦးကို ဦးလင္းဓမၼာ႐ုံ ၊ အုတ္တန္းဓမၼာ႐ုံ၊ ေဈးခ်ိဳ စာသင္ေက်ာင္း၊ ဘုရားသုံးဆူ ဘုရားဝသို႔

လည္းေကာင္း အသီးသီး ေျပာင္းေ႐ႊ႕ေဆာင္႐ြက္ေပးထားေၾကာင္းလည္းသိရသည္။

credit whitesone

Unicode

လူဦးရေ ၄၀၀၀ ကျော် ဒုက္ခရောက်ခဲ့ရတဲ့ မန္တလေးအမရပူရ တာကျိုးပေါက် ရခြင်းရဲ့ အဓိက အကြောင်းအရင်း

Covid-19 ကြောင့် အမရပူရမြို့နယ်တွင် လုပ်ဆောင်နေသော ရွှေခဲရေဆိုးစွန့်ထုတ် စက်ရုံစီမံကိန်း

နှောင့်နှေးကြန့်ကြာနေချိန်တွင် မြစ်ရေကတက်လာရာက တာရိုးကျိုးပေါက်မှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

“အမရပူရမြို့နယ်ရွှေခဲရေဆိုးစွန့် ထုတ်စက်ရုံ စီမံကိန်းကို ခန့်မှန်းခြေ ပြီးခဲ့တဲ့ တစ်နှစ်လောက်က

စတင် နေတာ ဖြစ်တယ်၊ စည်ပင်ကတင်ဒါခေါ်တော့ တရုတ်ကုမပဏီက တင်ဒါရတယ် ။

ADB ချေးငွေနဲ့ပေါ့။တင်ဒါခေါ်တော့ တရုတ်က လုပ်ခွင့်ရတာ။လုပ်တော့ ကိုဗစ်ကာလမှာ ပြန်တာတို့၊

ကွာရတင်းဝင်တာတို့ အဲဒါမျိုးတွေနဲ့ နှောင့်နှေး နေတာနဲ့ ကြန့်ကြာနေတာ။အဲလို မပြီးတဲ့အချိန်မှာ

ရေကတက်လာတာ။သူက မြစ်နဲ့က ကားလမ်းပဲ ခြားတာ။ အနိမ့်ပိုင်း မှာ ရှိနေတယ်။

လမ်းရဲ့အရှေ့ ဖက်မှာ ချိုင့် နည်းနည်း ဖြစ်နေတယ်။အဲဒီတော့ ရေတင်လာတဲ့ အခါ ရေက ဒီဖက်ကို

စိမ့်ထွက် လာတယ်။မြစ်ရေတက်လာတဲ့အခါကျတော့ မြစ်ရေက ကားလမ်းရဲ့အောက်က

မြေကြီးထဲမှာ စိမ့်ပြီးတော့မှ အနိမ့်ဖက်ကို ထွက်လာတာ။

ထွက်လာတာ တဖြည်းဖြည်းနဲ့ အားနဲ့ များလာပြီးတော့ နောက်ဆုံးတော့ ပေါက်သွားတာပေါ့အခုကတေ

ာ့ ကျိုးသွားပြီးတော့ ချောင်းကြီး ဖြစ်နေပြီ။အဲဒါကို ဒီနေ့ အင်ဂျင်နီယာတွေက ပြန်ပြင်ဆင်ဖို့

လုပ်နေကြတယ်။ခိုင်ခိုင်မာမာ ဖြစ်အောင်ပေါ့”ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်ကပြောပါတယ်။

ယခုအခါ အဆိုပါတာရိုးကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ရေဘေး ရှောင်ပြည်သူ ၄၀၀၀ ကျော်ရှိနေကြောင်း၊

ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီးပြီဖြစ်ကြောင်းနှင့်

ကျိုးပေါက်သွားသည့်နေရာ ကိုအမြန်ဆုံးပိတ်ဆို့နိုင်ရေးဆောင်ရွက်နေပြီဖြစ်ကြောင်းသိရပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကိုင်း-မန္တလေး ကမ်းနား ကားလမ်းတာဘောင်

အကျယ်(၃၀)ပေခန့်ကျိုး နေပြီး မြစ်ရေများမှာ ဆက်လက်စီးဆင်းဝင်ရောက်နေဆဲဖြစ်ကြောင်း လည်း သိရပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်ညက အမရပူရမြို့နယ် ၊ ယဉ်တော်ကျေးရွာအုပ်စုစစ်ကိုင်း –

မန္တလေး ကမ်းနား လမ်း ရွှေခဲရေထိန်းတံခါး အမှတ်(၁)အနီး မြို့ရှောင် ကားလမ်းမ ဧရာဝတီမြစ်ရေတက် မှုကြောင့်

ရေယိုစိမ့်မှုဖြစ်ပွားခဲ့၍ ကျန်တန်း၊ ရပ်ကွက်ရှိ အိမ်ခြေ (၃၁၈) ၊ အိမ်ထောင်စု (၃၁၈)၊

လူဦးရေ(၁၄၈၆) ဦးတို့ကို ပွဲတော် ဘုန်းတော်ကြီး ကျောင်း ၊ ကျန်တန်းရပ် ဓမ္မာရုံ ၊ ပေါက်ပေါက်တန်း

ရပ် ဓမ္မာရုံသို့ လည်းကောင်း ၊ ယဉ်တော်ကျေးရွာရှိ အိမ်ခြေ (၁၅၀) ၊ အိမ်ထောင်စု (၁၅၀) ၊

လူဦးရေ (၄၈၃)ဦးကို စစ်မန်း ကားလမ်းတာရိုး ၊ ရေလဲကျောင်းသို့ လည်းကောင်း ၊ မှန်တန်းရပ်ကွက်

အိမ်ခြေ (၃၃၀) ၊ အိမ်ထောင်စု (၃၆၀) ၊ လူဦးရေ (၁၀၉၅)ဦးတို့ကို သကျမ ဉ္ဇူဘုရားဝန်း ၊ ရန်အောင်မြင်ဓမ္မာရုံ ၊

သက်တော်ရ သက်တော်ရှည် ဘုရားဝန်း ၊ မိုးကောင်းဓမ္မာရုံ ၊ မန်ကျည်းတော ဘုန်းကြီးကျောင်း ၊

ရှင်ပင်ဆပ်သွားဓမ္မာရုံသို့ လည်းကောင်း ၊ ဈေးချိုရပ်ကွက် အိမ်ခြေ (၆၀၀) ၊ အိမ်ထောင်စု (၆၅၀) ၊

လူဦးရေ (၉၇၀)ဦးကို ဦးလင်းဓမ္မာရုံ ၊ အုတ်တန်းဓမ္မာရုံ၊ ဈေးချို စာသင်ကျောင်း၊ ဘုရားသုံးဆူ ဘုရားဝသို့

လည်းကောင်း အသီးသီး ပြောင်းရွှေ့ဆောင်ရွက်ပေးထားကြောင်းလည်းသိရသည်။

About the author

Aung Lay

Leave a Comment