Cele News

သူမရဲ့လက်ရှိ အရေးပေါ်ကျန်းမာရေးအခြေနေကို စိတ်မကောင်းစွာပြောပြလာတဲ့ ပရိတ်သတ် အချစ်တော် သံသာမိုးသိမ့်..

Written by Aung Lay

ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော သံသာမိုးသိမ့်ကတော့ ဆွဲဆောင် မှုရှိကာ ချစ်စရာကောင်းပြီး သရုပ်ဆောင်ကောင်းသူလေးပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို သရုပ်ဆောင်ပိုင်နိုင်တဲ့ မင်းသမီးချောလေး သူမကတော့ ဇာတ်ကား တွေများစွာ ရိုက်ကူးကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသူလေးပါပဲ..။

ပရိသတ်အချစ်တော်လေး သံသာမိုးသိမ့်ကတော့ လတ်တလောမှာ ကျန်းမာရေးမကောင်း စ်နေတာမို့ အနုပညာအလုပ်တွေကို ရွှေ့ဆိုင်းရပ်နားထားရပြီး အိပ်ယာထဲမှာပဲလှဲနေရ ပါတယ်နော်..။

အစာအိမ်ရောင်နေတာမို့ ဘာမှစားလို့ မရဘဲ ဆန်ပြုတ်ပဲသောက်နေတဲ့ သူမ ရဲ့ ကျန်းမာရေးအခြေအနေလေးကို ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

“ကျန်းမာရေးအခြေနေကြောင့်အလုပ်လေးတွေလည်း အကုန်အနောက်ရွှေ့ပေးထားတဲ့ သူတွေလည်း ကျေးဇူးတင်ပါတယ်..အစာအိမ်ရောင်သွားတာမို့ ဘာမှစားမရတော့ပဲ ဆန် ပြုတ် ပဲစားနေရတာမို့

ဘာစားချင်လဲလာကျွေးမယ်ဆိုတဲ့သူများလည်း ကျေးဇူးတင်ပါတယ် နော်အိပ်ရာထဲပဲနားနေရတာမို့.. ဓာတ်ပုံလေးတွေလည်းမရိုက်နိုင်တာကြောင့် နေကောင်း မှပဲ ပုံလေးတွေတင်တော့မယ်နော်..”ဆိုပြီး

သူမရဲ့လတ်တလော ကျန်းမာရေးအခြေအနေ လေးကို ပြောပြထားတာပါ..။

သူမရဲ့အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း မင်းသမီးချောလေး သံသာမိုးသိမ့်ရဲ့ ကျန်းမာရေးလေးကို စိုးရိမ်စိတ်ပူနေကြတဲ့အကြောင်းလေးတွေကို ပြောထားကြပါတယ်နော်..။

Source & Photo Credit – Than Thar Moe Theint’s Fb Account

Zawgyi










About the author

Aung Lay

Leave a Comment