News

ယာဉ် စည်းကမ်း နှင့် အညီ မောင်နှင်နေသော ဆိုင်ကယ် ပိုင်ရှင်များ ကို ဆန်၊ ထီလက်မှတ်၊ ရေသန့် နှင့် MASK များပေးဝေ

Written by Aung Lay

လားရှိုးမြို့တွင် ယာဉ်စည်းကမ်းနှင့် ကိုက်ညီစွာ သွားလာမောင်းနင်းသော မော်တော်ဆိုင်ကယ် စီးသူများအား ဆန်၊ထီလက်မှတ်၊ရေသန့်ဗူး နှင့်Mask များပေးဝေ ခဲ့ကြတယ်လို့ သိရပါတယ်။ ဒုရဲမှူး ကျော်ခိုင်(ခ)ရေနွေးကြမ်းရဲမင်းသား ဦးဆောင်သော ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲမြင့်သိန်း၊စေတနာရှင်အလှူရှင်များ၊ ပရဟိတအသင်းတို့ ပူးပေါင်းကာ ဇူလိုင်(၁၈)ရက်၊နံနက် ၈:၃၀ အချိန်မှစတင်ကာ လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတွင်

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ

မော်တော်ဆိုင်ကယ် ကမ်ပိန်း တစ်ခု ပြုလုပ်ခဲ့ ပါသည်။ မန်ဆူရှမ်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒ မှ ပြန်လည်လှူဒါန်းသောငွေကျပ် ၈ သိန်းတန်ဖိုးရှိ သုံးပြည်ပါ ဆန်အိတ် ၂၀၁ အိတ်၊ နှစ်ပြည်ပါ ၂၀၀ အိတ်၊ ခြောက်ပြည်ပါ ဆန်အိတ်များ၊

စေတနာရှင်လှူ ဒါန်းသော Mask အခု ၃၀၀၊ ထီလက်မှတ် အစောင် ၃၀၀၊ရေသန့်ဗူး ၃၀၀၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင် ၁၀၀၀ တို့ကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီစွာ

မောင်းနင်စီးနင်း လာသော ဆိုင်ကယ် စီးနင်းသူများအား ယာဉ်စည်ကမ်းနှင့် သက်ဆိုင်သော စည်းကမ်းချက် မေးခွန်းများ မေးမြန်းခြင်း၊

ယာဉ်မောင်းလိုင်စင် နှင့် ယာဉ်လိုင်စင်များ စိစစ်ခြင်း များ ပြုလုပ်ကာ အဆိုပါ ဆန်၊ ရေသန့်ဗူး၊ Mask၊ ထီလက်မှတ်နှင့် လက်ကမ်း စာစောင်များကို ပေးဝေငှခဲ့သည်။

Zawgyi






About the author

Aung Lay

Leave a Comment