မြန်မာပြည် အထူးကြပ်မတ်ဆောင် တွင် ကုသမှု ခံယူ နေရသည့် ကိုဗစ် လူနာ တစ်ဦး မှ မရှိတော့
လက်ရှိ မြန်မာနိုင်ငံ မှာ အထူးကြပ်မတ် ကုသမှု ခံယူနေ ရ တဲ့ ကိုဗစ်-၁၉ ပိုးတွေ့အတည် ပြုလူနာ တစ်ဦး မှ မရှိဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက် ပါတယ် ။
ဇူလိုင်လ (၂၀) ရက် မနက်ပိုင်း က ကိုဗစ်-၁၉ ကုသရေး ဌာန (ဖောင်ကြီး)ကို သွား ရောက်ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ် ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်း ပြောကြား ခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဇူလိုင်လ (၂၀) ရက်မနက်ပိုင်း အထိ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ (၃၄၁) ဦးရှိပြီး အဲဒီအထဲက အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရသူ (၂၀) ဦးနဲ့အသက်ရှုစက် (ventilator) အသုံးပြုခဲ့ရသူ (၅) ဦးသာ ရှိခဲ့တယ် လို့ ဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်က ပ်ရောဂါ ကို အတိုင်းအတာ တစ်ခု အထိ ထိန်းချုပ်ထားနိုင်ပြီး ဒါဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဦးဆောင်မှု၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနဲ့ ပြည်သူများ အားလုံး ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်တယ်လို့လည်း ပြော ပါတယ် ။ ကိုဗစ် ဒုတိယလှိုင်း မဖြစ်ပွားစေရေးအတွက်တော့ နယ်စပ်ဝင်/ထွက်ပေါက်တွေနဲ့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုနေရာတွေမှာ သတ်မှတ်ချက်၊ စည်းကမ်းလမ်းညွှန်ချက်တွေနဲ့ အညီ တိကျ စွာ ဆောင်ရွက်မှုရှိ/မရှိကို ဆန်းစစ်အကဲဖြတ်တာတွေ ဆောင်ရွက်သွားရမယ်လို့လည်း ဝန်ကြီက ဆိုပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်လ ( ၂၀ ) ရက် ည ( ၈ ) နာရီ အထိ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၄၁) ဦးထဲမှာ ရောဂါပိုးကင်းစင်လာသူ (၂၇၈) ဦးရှိပြီး ၎င်းတို့အနက်က (၂၆၅) ဦးကို ဆေးရုံက ဆင်းခွင့်ပြု ကာ သတ်မျတ် နေရာတွေ မှာ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုတာတွေ ပြုလုပ်ထားပါတယ်။
မြန်မာပြည် အထူးကြပ် မတ်ဆောင် တွင် ကုသမှု ခံယူနေရ သည့် ကိုဗစ် လူနာ တစ်ဦး မှ မရှိတော့
မြန်မာပြည်မှာ ကိုဗစ်-၁၉ အတည်ပြု လူနာတွေထဲက ဒီကနေ့အထိ သေဆုံးသူအရေအတွက် (၆) ဦးသာ ရှိပါ တယ်။
Zawgyi
ျမန္မာျပည္ အထူးၾကပ္မတ္ေဆာင္ တြင္ ကုသမႈ ခံယူ ေနရသည့္ ကိုဗစ္ လူနာ တစ္ဦး မွ မရွိေတာ့
လက္ရွိ ျမန္မာႏိုင္ငံ မွာ အထူးၾကပ္မတ္ ကုသမႈ ခံယူေန ရ တဲ့ ကိုဗစ္-၁၉ ပိုးေတြ႕အတည္ ျပဳလူနာ တစ္ဦး မွ မရွိဘူးလို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားလိုက္ ပါတယ္ ။
ဇူလိုင္လ (၂၀) ရက္ မနက္ပိုင္း က ကိုဗစ္-၁၉ ကုသေရး ဌာန (ေဖာင္ႀကီး)ကို သြား ေရာက္ၿပီး လုပ္ငန္းေဆာင္႐ြက္မႈအေျခအေနေတြကို တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈ ျပဳလုပ္စဥ္ ေဒါက္တာျမင့္ေထြးက အထက္ပါအတိုင္း ေျပာၾကား ခဲ့တာပါ။
ျမန္မာႏိုင္ငံမွာ ဇူလိုင္လ (၂၀) ရက္မနက္ပိုင္း အထိ ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲအတည္ျပဳလူနာ (၃၄၁) ဦးရွိၿပီး အဲဒီအထဲက အထူးၾကပ္မတ္ကုသမႈ ခံယူခဲ့ရသူ (၂၀) ဦးနဲ႔အသက္ရႈစက္ (ventilator) အသုံးျပဳခဲ့ရသူ (၅) ဦးသာ ရွိခဲ့တယ္ လို႔ ဝန္ႀကီးက ေျပာပါတယ္။
ဒါ့အျပင္ လက္ရွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္က ပ္ေရာဂါ ကို အတိုင္းအတာ တစ္ခု အထိ ထိန္းခ်ဳပ္ထားႏိုင္ၿပီး ဒါဟာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ဦးေဆာင္မႈ၊ ဝန္ႀကီးဌာနမ်ား၊ အဖြဲ႕အစည္းမ်ားနဲ႔ ျပည္သူမ်ား အားလုံး ပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ ျဖစ္တယ္လို႔လည္း ေျပာ ပါတယ္ ။ ကိုဗစ္ ဒုတိယလႈိင္း မျဖစ္ပြားေစေရးအတြက္ေတာ့ နယ္စပ္ဝင္/ထြက္ေပါက္ေတြနဲ႔ အသြားအလာကန႔္သတ္ ေစာင့္ၾကပ္ၾကည့္ရႈေနရာေတြမွာ သတ္မွတ္ခ်က္၊ စည္းကမ္းလမ္းၫႊန္ခ်က္ေတြနဲ႔ အညီ တိက် စြာ ေဆာင္႐ြက္မႈရွိ/မရွိကို ဆန္းစစ္အကဲျဖတ္တာေတြ ေဆာင္႐ြက္သြားရမယ္လို႔လည္း ဝန္ႀကီက ဆိုပါတယ္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ဇူလိုင္လ ( ၂၀ ) ရက္ ည ( ၈ ) နာရီ အထိ ထုတ္ျပန္ခ်က္အရ ကိုဗစ္-၁၉ အတည္ျပဳလူနာ (၃၄၁) ဦးထဲမွာ ေရာဂါပိုးကင္းစင္လာသူ (၂၇၈) ဦးရွိၿပီး ၎တို႔အနက္က (၂၆၅) ဦးကို ေဆး႐ုံက ဆင္းခြင့္ျပဳ ကာ သတ္မ်တ္ ေနရာေတြ မွာ အသြားအလာ ကန႔္သတ္ေစာင့္ၾကပ္ၾကည့္ရႈတာေတြ ျပဳလုပ္ထားပါတယ္။
ျမန္မာျပည္ အထူးၾကပ္ မတ္ေဆာင္ တြင္ ကုသမႈ ခံယူေနရ သည့္ ကိုဗစ္ လူနာ တစ္ဦး မွ မရွိေတာ့
ျမန္မာျပည္မွာ ကိုဗစ္-၁၉ အတည္ျပဳ လူနာေတြထဲက ဒီကေန႔အထိ ေသဆုံးသူအေရအတြက္ (၆) ဦးသာ ရွိပါ တယ္။
Credit