ဘုန်းဘုန်းကြီး အရှင်ဆေကိန္ဒ ကို ဝေဖန် ဆဲဆိုနေကြတဲ့ သူတွေကို တုန့်ပြန်ပြော ဆိုလိုက်တဲ့ စံရတီမိုးမြင့်
ဘုန်းဘုန်းကြီးဟာ ပြည်သူတွေကိုခလေးသဖွယ် စိုးရိမ်စိတ်ကြီးတယ်.. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက စကားပြောရင် ဒီပုံပါပဲ…မှားခဲ့ရင်တောင် စေတနာအမှားပါ..ဖာသိဖာသာနေလို့ရရက်နဲ့ ရွှေတွေစိုရွှဲနေတာတောင်ပူပန်နေတာပါ… ပြောနေတဲ့သူတွေတောင် အဲကွန်းခန်းထဲ စောင်ခြုံပြီး Let’s Pray For ဘာညာ ဘာ ညာ Let’s save ဘာ ဘာ ဘာ နဲ့ အခန်းထဲကမထွက်ကြပါဘူး.. ဒါဟာ သားသမီးကဲ့သို့ ချစ်ရတဲ့ ပြည်သူတွေအတွက် စိုးရိမ်ပူပန်မှုတစ်ခုပါ ..
ဒီကိစ္စသိသလောက် ဝင်မပါရဘူးဆို ပြည်တော်ပြန်တွေ ကိစ္စတုန်းက ဘုန်းဘုန်းကြီးရဲ့စေတနာမေတ္တာတွေကို ဘုန်းကြီးနဲ့မဆိုင် ဝင်မပါနဲ့လို့ ဘာလို့မဝေဖန်ကြတာလဲ? အခုပြောနေတဲ့လူတွေလူတစ်ယောက်ကိုတောင်ကူခဲ့ပါသလား? တာကျိုးတဲ့ကိစ္စမှာ ကျောက်တစ်တုံး သဲ တစ်အိတ်များ ဝင်ချပေးကြပါသလား?…
ဘုရားလဲ သူ့ပရိတ်သတ်နဲ့သူဒေဝဒတ်လဲ သူ့ပရိတ်သတ် နဲ့သူပါ. သံဃာစော်ကားပြီး မန့်တော့မပိတ်ပါနဲ့ ..ဘုန်းဘုန်းကြီးအသက်ရှည်ကျန်းမာပြီး ပရဟိတအလုပ်တွေ ထာဝရလုပ်ပေးနိုင်ပါစေ ဘုရား .ထာဝရဦး တင်လျက်
Credit San Yati Moe Myint
Zawgyi