Cele News

COVID -19 ကြောင့် အခက်အခဲတွေ၊ စိုးရိမ်စိတ်တွေကြား ထဲမှာ သမီးလေးကို အဆင်ပြေပြေနဲ့ မွေးဖွားနိုင်ခဲ့တယ် ဆိုတဲ့ ဝမ်

Written by Aung Lay




Source: MyatThinzar KyawOnee ‘s fb , Bilie – Cele Connections

Unicode

မနေ့က မေလ (၁၄) ရက်နေ့ မှာတော့ အဆိုတော် R ဇာနည် နဲ့ မော်လ်ဒယ် ဝမ်းတို့ရဲ့ တတိယမြောက်သမီးလေးကို မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ သားနှစ်ယောက်ပိုင်ဆိုင်ထားပြီးပြီဖြစ်တဲ့ R ဇာနည်နဲ့ ဝမ်းတို့ရဲ့ ဘဝထဲကို သမီးလေးတစ်ယောက် ထပ်မံရောက်ရှိလာလို့ ပရိသတ်တွေက ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။ R ဇာနည်ရဲ့ အမျိုးသမီး ဝမ်းကလည်း သူမအနေနဲ့ Covid -19 ကြောင့် စိုးရိမ်စိတ်တွေကြားထဲမှာ အဆင်ပြေပြေ မီးဖွားနိုင်ခဲ့တယ်လို့ အခုလိုပဲ ပြောထားပါတယ်။

“14.5.2020(Thursday)သမီးငယ်လေး ကိုမွေးဖွားခဲ့ပါတယ်။ အခုလို အရာရာ သတိနဲ့နေနေရတဲ့ အချိန်လေးမှာ အခက်အခဲတွေ။ စိုးရိမ်စိတ်တွေနဲ့ကြားထဲမှ ာအဆင်ပြေပြေနဲ့မွေးဖွားပေးခဲ့တဲ့ Ma Ma May Thu OG Dr:May Thu Myo Nyunt (ဝမ်းရဲ့ကလေး သုံးယောက်လုံးကို သဘာဝအတိုင်းမွေးပေးခဲ့ပါ တယ်)” ဆိုပြီး ပြောထားပါတယ်။

Covid -19 ကာလမှာ သမီးငယ်ကို မွေးဖွားခဲ့တာကတော့ R ဇာနည် နဲ့ ဝမ်းတို့ အတွက် တစ်သက်လုံး ပြောစရာဖြစ်နေမယ့် အမှတ်တရ တစ်ခုပါပဲ။ R ဇာနည် နဲ့ ဝမ်းတို့ မိသားစုလေး သားတွေသမီးတွေ နဲ့ ရာသက်ပန်ပျော်ရွှင်နိုင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

About the author

Aung Lay

Leave a Comment