ၾကားသိရသမ်ွ

COVID-19 ရှိ/မရှိ တစ်ရက်လူ ၁၄၀၀ ကျော်အထိစစ်နိုင်မယ့်စက် မြန်မာပြည်ရောက်ပြီ

Written by Aung Lay

ထိုင္း- ျမန္မာ ျမဝတီနယ္စပ္ကတဆင့္ ရန္ကုန္ၿမိဳ႕ကို ဒီကေန႔ ပို႔ေဆာင္တာပါ။

ကရင္ျပည္နယ္ ျမဝတီနယ္စပ္ကတဆင့္ ထိုင္းႏိုင္ငံကေန ကြန္တိန္နာ ၃စီးနဲ႔ သယ္ေဆာင္လာၿပီး ရန္ကုန္ၿမိဳ႕ကို ပို႔ေဆာင္ဖို႔ ထြက္ခြာသြားၿပီလည္း ျဖစ္ပါတယ္။

တစ္ရက္ကို လူ ၁၄၀၀ေက်ာ္ COVID-19 ရွိ/မရွိ စစ္ေဆးေပးႏိုင္တဲ့စက္ ျမန္မာႏိုင္ငံကို ဒီေန႔ ဧၿပီလ ၂၁ရက္ေန႔ မြန္းလြဲ ၂နာရီေက်ာ္ေလာက္မွာ ျမဝတီၿမိဳ႕ကို ေရာက္ရွိလာခဲ့တယ္လို႔ ျမဝတီၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)လႊတ္ေတာ္ကိုယ္စား လွယ္ ဦးသန႔္ဇင္ေအာင္က Duwunကိုေျပာပါတယ္။

ထိုင္း-ျမန္မာ နယ္စပ္ရွိ အမွတ္(၂)တံတားကတဆင့္ ကြန္တိန္နာ ၃စီးနဲ႔ ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ကို ဆက္လက္ထြက္ခြာသြားၿပီလို႔လည္း သိရပါတယ္။

“ထိုင္းကေနဝင္လာတဲ့ ကြန္တိန္နာ ၃စီးနဲ႔ပဲ ရန္ကုန္ၿမိဳ႕ကို ဆက္လက္ထြက္ခြာသြားပါၿပီ။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနကို AA Medical Product ကုမၸဏီက လႉဒါန္းတာလို႔သိရပါတယ္။”လို႔ ဦးသန႔္ဇင္ေအာင္ ကေျပာပါတယ္။

ေရာဂါစစ္ေဆးေပးတဲ့ စက္အပါအဝင္ က်ပ္သိန္း၈၀၀၀ေက်ာ္ တန္ဖိုးရွိတဲ့ ေဆးဝါးႏွင့္ ေဆးပစၥည္းေတြကိုလည္း AA Medical Products Ltd က ဧၿပီ ၅ ရက္မွာ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီနဲ႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနကို လႉဒါန္းခဲ့ၿပီးျဖစ္တယ္လို႔လည္း သိရပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ တစ္ရက္ကို ေစာင့္ၾကည့္လူနာ ၃၀၀ဝန္းက်င္ကို COVID-19 ေရာဂါရွိမရွိစစ္ေဆးေပးေနၿပီး COVID-19 ေရာဂါပိုးရွိသူ ၁၁၉ဦးထိရွိကာ ေရာဂါပိုးျပန္လည္ေပ်ာက္ကင္းသူ ၉ဦး၊ ေသဆုံးသြားသူကေတာ့ ၅ဦးရွိပါတယ္။

ဓာတ်ပုံ – Saw Nay Nwe Facebook

Unicode

ထိုင်း- မြန်မာ မြဝတီနယ်စပ်ကတဆင့် ရန်ကုန်မြို့ကို ဒီကနေ့ ပို့ဆောင်တာပါ။

ကရင်ပြည်နယ် မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံကနေ ကွန်တိန်နာ ၃စီးနဲ့ သယ်ဆောင်လာပြီး ရန်ကုန်မြို့ကို ပို့ဆောင်ဖို့ ထွက်ခွာသွားပြီလည်း ဖြစ်ပါတယ်။

တစ်ရက်ကို လူ ၁၄၀၀ကျော် COVID-19 ရှိ/မရှိ စစ်ဆေးပေးနိုင်တဲ့စက် မြန်မာနိုင်ငံကို ဒီနေ့ ဧပြီလ ၂၁ရက်နေ့ မွန်းလွဲ ၂နာရီကျော်လောက်မှာ မြဝတီမြို့ကို ရောက်ရှိလာခဲ့တယ်လို့ မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စား လှယ် ဦးသန့်ဇင်အောင်က Duwunကိုပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ရှိ အမှတ်(၂)တံတားကတဆင့် ကွန်တိန်နာ ၃စီးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာသွားပြီလို့လည်း သိရပါတယ်။

“ထိုင်းကနေဝင်လာတဲ့ ကွန်တိန်နာ ၃စီးနဲ့ပဲ ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာသွားပါပြီ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို AA Medical Product ကုမ္ပဏီက လှူဒါန်းတာလို့သိရပါတယ်။”လို့ ဦးသန့်ဇင်အောင် ကပြောပါတယ်။

ရောဂါစစ်ဆေးပေးတဲ့ စက်အပါအဝင် ကျပ်သိန်း၈၀၀၀ကျော် တန်ဖိုးရှိတဲ့ ဆေးဝါးနှင့် ဆေးပစ္စည်းတွေကိုလည်း AA Medical Products Ltd က ဧပြီ ၅ ရက်မှာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ တစ်ရက်ကို စောင့်ကြည့်လူနာ ၃၀၀ဝန်းကျင်ကို COVID-19 ရောဂါရှိမရှိစစ်ဆေးပေးနေပြီး COVID-19 ရောဂါပိုးရှိသူ ၁၁၉ဦးထိရှိကာ ရောဂါပိုးပြန်လည်ပျောက်ကင်းသူ ၉ဦး၊ သေဆုံးသွားသူကတော့ ၅ဦးရှိပါတယ်။

ဓာတျပုံ – Saw Nay Nwe Facebook

About the author

Aung Lay

Leave a Comment