ၾကားသိရသမ်ွ

ဝင်ငွေ မရှိတဲ့ မြန်မာပြည်သူများကို အစိုးရမှ ဒုတိယအကြိမ် ငွေကြေး ထောက်ပံ့ပေးမည်

Written by Aung Lay

ျမန္မာနိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါရင္ဆိုင္ေနရခ်ိန္မွာ ဝင္ေငြမရွိတဲ့ ျပည္သူေတြအတြက္ ဒုကၡမေရာက္ရေလေအာင္ အစိုးရမွေငြေၾကးအရ ေထာက္ပံ့ေပးမႈမ်ား လုပ္ေဆာင္သြားမည္လို႔ သိရပါတယ္။ ဒီလို ေငြေၾကးေထာက္ပံ့မႈေတြ ေပးဖို႔အတြက္ လိုအပ္တဲ့ စာရင္းေတြကိုလည္း တိုင္းေဒသႀကီးအလိုက္ ေကာက္ယူေနတယ္လို႔ သိရပါတယ္။ ဒီသတင္းကိုေတာ့ ရွမ္းျပည္နယ္ စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီးျဖစ္သူ ဦးစိုးညြန္႔လင္းက မီဒီယာေတြထံမွာ ေျဖၾကားလိုက္တာျဖစ္ပါတယ္။

ပထမ အေၾကာ့အေနျဖင့္ ရိကၡာ ၅ မ်ိဳး ေထာက္ပံ့ေပးခဲ့ၿပီးေတာ့ ယခုအႀကိမ္မွာ ဒုတိယေျမာက္အျဖစ္ ေငြေၾကးေထာက္ပံ့ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။ ပထမ အေခါက္လို႔ ရပ္ေက်းမႉးနဲ႔ ပိုင္ရာဆိုင္ရာေတြသာ ရရွိၿပီး တကယ္ႏြမ္းပါးသူေတြ က်န္ရစ္ တာမ်ိဳး မျဖစ္ရေလေအာင္ စာရင္းေကာက္ယူေနတာျဖစ္တယ္လို႔ သိရပါတယ္။

ယခု ေငြေၾကးေထာက္ပံ့မည့္ အစီအစဥ္ကိုေတာ့ ဘယ္အခ်ိန္မွာ စတင္မယ္ဆိုတာကို တိတိက်က် မေျပာဆိုနိုင္ေသးေပမယ့္ျပည္ေထာင္စုအစိုးရကို တင္ျပထားၿပီျဖစ္တာေၾကာင့္ မၾကာခင္မွာ အေကာင္အထည္ေဖာ္နိုင္လိမ့္မည္ဟု ဆိုပါတယ္။

ထိုသို႔ အစီအစဥ္ရွိေၾကာင္းကိုလည္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးျဖစ္သူကလည္း ျပည္ပ မီဒီယာတစ္ခုမွာ ေျဖဆိုထားတာေတြ႕ရသလို ၊ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး
ျပည္ေထာင္စုဝန္ႀကီးျဖစ္သူ ေဒါက္တာ ဝင္းျမတ္ေအးကလည္း ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားထားတာေတြ႕ရပါတယ္။

Unicode

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါရင်ဆိုင်နေရချိန်မှာ ဝင်ငွေမရှိတဲ့ ပြည်သူတွေအတွက် ဒုက္ခမရောက်ရလေအောင် အစိုးရမှငွေကြေးအရ ထောက်ပံ့ပေးမှုများ လုပ်ဆောင်သွားမည်လို့ သိရပါတယ်။ ဒီလို ငွေကြေးထောက်ပံ့မှုတွေ ပေးဖို့အတွက် လိုအပ်တဲ့ စာရင်းတွေကိုလည်း တိုင်းဒေသကြီးအလိုက် ကောက်ယူနေတယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ ရှမ်းပြည်နယ် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဦးစိုးညွန့်လင်းက မီဒီယာတွေထံမှာ ဖြေကြားလိုက်တာဖြစ်ပါတယ်။

ပထမ အကြော့အနေဖြင့် ရိက္ခာ ၅ မျိုး ထောက်ပံ့ပေးခဲ့ပြီးတော့ ယခုအကြိမ်မှာ ဒုတိယမြောက်အဖြစ် ငွေကြေးထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ပထမ အခေါက်လို့ ရပ်ကျေးမှူးနဲ့ ပိုင်ရာဆိုင်ရာတွေသာ ရရှိပြီး တကယ်နွမ်းပါးသူတွေ ကျန်ရစ် တာမျိုး မဖြစ်ရလေအောင် စာရင်းကောက်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

ယခု ငွေကြေးထောက်ပံ့မည့် အစီအစဉ်ကိုတော့ ဘယ်အချိန်မှာ စတင်မယ်ဆိုတာကို တိတိကျကျ မပြောဆိုနိုင်သေးပေမယ့်ပြည်ထောင်စုအစိုးရကို တင်ပြထားပြီဖြစ်တာကြောင့် မကြာခင်မှာ အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ဆိုပါတယ်။

ထိုသို့ အစီအစဉ်ရှိကြောင်းကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဖြစ်သူကလည်း ပြည်ပ မီဒီယာတစ်ခုမှာ ဖြေဆိုထားတာတွေ့ရသလို ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး
ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာ ဝင်းမြတ်အေးကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

About the author

Aung Lay

Leave a Comment