ဟာသလူ႐ႊင္ေတာ္တစ္ဦးျဖစ္တဲ့ ဦးေပၚေလးကေတာ့ အသက္အ႐ြယ္လည္း ရလာၿပီျဖစ္လို႔ သာသနာ့ေဘာင္မွာ တစ္ဝါဆိုေမြ႔ေလ်ာ္ေတာ့မွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေမလ (၉) ရက္ေန႔မွာ
ေမြးရပ္ေျမဇာတိ ျဖစ္တဲ့ရန္ကုန္၊ တိုက္ႀကီးၿမိဳ႕နယ္၊ လူသန႔္အင္း ေက်း႐ြာမွာရွိတဲ့ လူသန႔္အင္း ဘုန္းႀကီးေက်ာင္းတိုက္မွာ ရွင္ဝါယမ ဘြဲ႕အမည္နဲ႔ ရဟန္းေဘာင္ကို ဝင္ေရာက္ခဲ့တာ
ျဖစ္ပါတယ္။ ဖခင္ျဖစ္သူရဲ႕ သာသနာ့ေဘာင္ဝင္တဲ့အခ်ိန္ေလးမွာ သားသမီးေတြကလည္း တတ္အားသေရြ႕ ပါဝင္ကူညီေပးၾကပါတယ္။ ပရိသတ္ေတြကိုဟာသေတြနဲ႔ ႏွစ္ေပါင္းမ်ားစြာ
ေဖ်ာ္ေျဖခဲ့ျပီးေနာက္ ကိုယ္တိုင္လည္း ဘုရားတရားနဲ႔ေမြ့ေလ်ာ္ခ်င္တာေၾကာင့္ သာသနာ့ေဘာင္ကို ဝင္ေရာက္ခဲ့ပံုပါ။ ေအးခ်မ္းတဲ့ ဘုရားရိပ္တရားရိပ္မွာ ကိုယ့္ေနာက္ပါမယ့္ ေကာင္းမႈေတြကို
လုပ္တာ တကယ္သင့္ေတာ္တဲ့အလုပ္ပါပဲ။ ဦးေပၚေလးရဲ႕ ဘြဲ႕အမည္ကေတာ့ ရွင္ဝါယမျဖစ္ျပီး သာသနာ့ေဘာင္မွာတည္ျငိမ္ေအးခ်မ္းစြာနဲ႔ အပူပင္ကင္းကင္း တရားအားထုတ္ဖို႔အတြက္
အသင့္ျဖစ္ေနပံုက ေလးစားစရာပါ။ ဒီတစ္ဝါဆိုကိုေတာ့ ေကာင္းမႈေတြလုပ္ျပီး ေအးေအးခ်မ္းခ်မ္းနဲ႔ျဖတ္သန္းႏိုင္ေတာ့မယ့္ ရွင္ဝါယမအတြက္ သာဓုေခၚဆိုပါတယ္။
ခရက္ဒစ္
Unicode
ဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ ဦးပေါ်လေးကတော့ အသက်အရွယ်လည်း ရလာပြီဖြစ်လို့ သာသနာ့ဘောင်မှာ တစ်ဝါဆိုမွေ့လျော်တော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၉) ရက်နေ့မှာ
မွေးရပ်မြေဇာတိ ဖြစ်တဲ့ရန်ကုန်၊ တိုက်ကြီးမြို့နယ်၊ လူသန့်အင်း ကျေးရွာမှာရှိတဲ့ လူသန့်အင်း ဘုန်းကြီးကျောင်းတိုက်မှာ ရှင်ဝါယမ ဘွဲ့အမည်နဲ့ ရဟန်းဘောင်ကို ဝင်ရောက်ခဲ့တာ
ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ သာသနာ့ဘောင်ဝင်တဲ့အချိန်လေးမှာ သားသမီးတွေကလည်း တတ်အားသရွေ့ ပါဝင်ကူညီပေးကြပါတယ်။ ပရိသတ်တွေကိုဟာသတွေနဲ့ နှစ်ပေါင်းများစွာ
ဖျော်ဖြေခဲ့ပြီးနောက် ကိုယ်တိုင်လည်း ဘုရားတရားနဲ့မွေ့လျော်ချင်တာကြောင့် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ပုံပါ။ အေးချမ်းတဲ့ ဘုရားရိပ်တရားရိပ်မှာ ကိုယ့်နောက်ပါမယ့် ကောင်းမှုတွေကို
လုပ်တာ တကယ်သင့်တော်တဲ့အလုပ်ပါပဲ။ ဦးပေါ်လေးရဲ့ ဘွဲ့အမည်ကတော့ ရှင်ဝါယမဖြစ်ပြီး သာသနာ့ဘောင်မှာတည်ငြိမ်အေးချမ်းစွာနဲ့ အပူပင်ကင်းကင်း တရားအားထုတ်ဖို့အတွက်
အသင့်ဖြစ်နေပုံက လေးစားစရာပါ။ ဒီတစ်ဝါဆိုကိုတော့ ကောင်းမှုတွေလုပ်ပြီး အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနိုင်တော့မယ့် ရှင်ဝါယမအတွက် သာဓုခေါ်ဆိုပါတယ်။