Unicode
ဆရာကြီးဦးကြည်ဆွေ+ဒေါ်မာစိန်မိသားစု မှ တစ်အိမ်ထောင်လျှင် (၁)သိန်းစီ လှူဒါန်းမှုကြီးဗျာ.. ကြည့်ရသူတိုင်း ပီတိဖြစ်စရာကောင်းလှပါတယ်ဗျာ.. သာဓုသာဓုသာဓုပါဗျာ ..
သူတို့က ကျောင်းဆရာမိသားစုပါ…COVID-19 ကာလ စီးပွားရေးကျပ်တည်းနေတဲ့ ရွာသူရွာသားအားလုံးကို စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုကြီးက အံ့မခမ်းပါပဲဗျာ..
သူတို့လှူတဲ့ အလှူက မြင်ရသူတိုင်း ပီတိဝေဆာသွားမှာ အမှန်ပါပဲ..
အလှူငွေရရှိသော ရွာသူရွာသားများကလည်း အပြုံးပန်းတွေဝေပြီး အားရပါးရ ဆုမွန်ကောင်းတောင်းပေးရင်း ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဓနာခေါ်နေပုံကလည်း မြင်ရသူတို့အတွက် ကြည်နူးဖွယ်ကောင်းပါတယ်ဗျာ
အလှူရှင်မိသားစုအားလုံးလိုရာဆန္ဒပြည့်စုံကြပါစေဗျာ..
တစ်ကယ်ကိုမွန်မြတ်လှပါတယ်ဗျာ ဆရာကြီးတို့မိသားစု စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်အမြဲ ပြည်စုံနိုင်ကြပါစေ.. သာဓု သာဓု သာဓု ပါ အတိုင်းအထက်အလွန် ကြည်နူးဝမ်းသာမိပါတယ်
အားလုံးလည်း ဆရာကြီးတို့ မိသားစုအတွက်သာဓုခေါ်ခဲ့ကြပါအုံးနော်
video ကြည့်ရန်…
Credit to Original