Unicode
Beauty Blogger သရုပ်ဆောင် မင်းသမီး နေခြည်ဦးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အမြဲတမ်း မိမိုက်ကာ အမိုက်စာဖက်ရှင်တွေနဲ့ မိန်းကလေးပရိသတ်တွေရဲ့ အားကျ၊ အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်.။ ချီချီက အလှအပရေးရာ အကြံလေးတွေကိုလည်း ပေးသလို အနုပညာအလုပ်တွေကို လုပ်ဆောင်ရာမှာလည်း ပြောစရာမရှိအောင် တော်တဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ.။
ဒီနေ့ မေလ (၁၅)ရက်နေ့မှာတော့ ချီချီက အိမ်မှာနေစဉ်အတွင်း နေထိုင်တဲ့ သူမရဲ့ ပုံံစံလေးကို “quarantine ကာလမှာ ဘာတွေပြောင်းလဲလာလဲ ? နေခြည်ကတော့ အိမ်မှာအနေများလာတော့လေ ပွပွရရ အင်္ကျီလေးတွေ ဝတ်တတ်လာတယ်.။ မီတာခတွေ အရမ်းတက်တော့ ညနေဆို aircon တွေပိတ် ပြတင်းပေါက်တွေဖွင့် အပြင်လေကိုနှစ်သက်လာတယ်။ မျက်နှာနဲ့ဖုန်းမခွါတတ်တဲ့သူက အခုတော့ အိမ်က magazines လေးတွေ ဝတ္ထုတွေဖတ်လာတယ်။
တစ်ယောက်ထဲမနေတတ်တဲ့သူက အခု ဆိတ်ငြိမ်မှုကို နှစ်သက်လာတယ်။ Chillies တွေကော ?? Sharing is caring ပါနော်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ ချီချီကတော့ ဖုန်းကို အသုံးမပြုတော့ဘဲ အေးဆေးစွာ စာအုပ်တွေဖတ်ရင်း သူမရဲ့ အချိန်လေးတွေကို အေးချမ်းစွာ ဖြတ်သန်းနေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး.။ပရိသတ်ကြီးလည်း ဖုန်းတွေ အသုံးမြ့ပုတော့ဘဲ စာအုပ်တွေ ဖတ်ရင် အချိန်ကုန်ဆုံးနေတဲ့ နေခြည်ဦးလေးကို အားပေးချစ်ခင်ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။
Source: Nay Chi Oo’s Facebook Crd : Sakura(Cele Connections)