Cele News

အိမ်ထောင်မရှိတဲ့ လူပျိုကြီးပီပီ မနက်စာ၊ ညစာကို ကိုယ်တိုင်သာ ချက်ပြုတ်စားသောက်နေရတယ်ဆိုတဲ့ နေမင်းရဲ့ ဗီဒီယို

Written by Aung Lay





Unicode

နိုင်ငံကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေမင်းက အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နေမင်းက ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေ အများအပြားမှာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ နေမင်းက လက်ရှိမှာတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအားလုံးကို ရပ်နားထားတာ တွေ့ရပါတယ်။

အသက် (၃၀)နားကပ်နေပြီဖြစ်ပေမယ့် ဒီနေ့ဒီအချိန်ထိ အိမ်ထောင်ဖက်မတွေ့သေးတဲ့ နေမင်းဟာ သူ့ရဲ့ တစ်နေ့တာကို တစ်ယောက်တည်းသာ ဖြတ်သန်းနေရကြောင်း ပြောထားပါတယ်။ နေမင်းက “လူပျိုကြီးတစ်ယောက်ရဲ့ ညနေစာတို့ နံနက်စာတို့ ဟာ ကိုယ်တိုင်ချက်ပြုတ် စားသောက်ရခြင်းပါ ခင်ဗျာ” ဆိုပြီး သူ့ရဲ့ ချက်ပြုတ်မှုကို ပရိသတ်တွေအတွက် အမှတ်တရ မျှဝေလာပါတယ်။

 

နေမင်းကတော့ အခုချိန်ထိ ချစ်သူရည်းစားလေးကို ချမပြသေးတဲ့အတွက် လူပျိုကြီးတကယ်လုပ်မှာလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ပရိသတ်ကြီးကရော နေမင်းကို လူပျိုကြီးဖြစ်စေချင်ရဲ့လား ပြောပြခဲ့ကြပါဦးနော်။

Source: Nay Min’s fb , Bilie – Cele Connections

About the author

Aung Lay

Leave a Comment