အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္သလို ဆရာဝန္တစ္ေယာက္လည္းျဖစ္တဲ့ ခ်စ္သုေဝက ပညာေရးသံတမန္၊ က်န္းမာေရးသံတမန္စတဲ့ တာဝန္ေတြကိုလည္း ထမ္းေဆာင္ေနသူျဖစ္ပါတယ္။ ဆရာဝန္တစ္ေယာက္ျဖစ္တဲ့ ခ်စ္သုေဝက သူမရဲ႕ ပရိသတ္ေတြအတြက္ က်န္းမာေရးဆိုင္ရာ အသိပညာေပးျခင္းကိုလည္း အၿမဲတေစ ျပဳလုပ္ေလ့ရွိပါတယ္။ ဒီေန႔မွာလည္း ခ်စ္သုေဝက သူမရဲ႕ ပရိသတ္ေတြအတြက္ တုပ္ေကြးကာကြယ္ေဆးထိုးၿပီး ရာသီတုပ္ေကြးကို စိတ္ခ်လက္ခ် ကာကြယ္ထားဖို႔ သတိေပးလာပါတယ္။
“Risk groupထဲမွာ ကိုယ့္မိဘေတြ၊ကေလးေတြ၊ေရာဂါအခံရွိသူေတြပါရင္ ခုခ်ိန္မွာဖ်ားနာမွာကိုအရမ္းစိတ္ပူတယ္ လုံးဝမျဖစ္ေစခ်င္ဘူး။ ကိုယ့္မိသားစုနဲ႔ကိုယ္ခ်စ္ရတဲ့သူေတြကိုအျပည့္အဝကာကြယ္ေပးခ်င္တယ္။ ဒါေၾကာင့္ တုပ္ေကြးကာကြယ္ေဆးထိုးၿပီး ရာသီတုပ္ေကြးကို စိတ္ခ်လက္ခ် ကာကြယ္ထားၾကပါစို႔ေနာ္။”
“ကာကြယ္ေဆးဆိုတာ 2-8 ‘C မွာ cold chain ေတြနဲ႔ စနစ္တက် သယ္မွ မပ်က္စီးတာ၊ vaccine အာနိသင္ အျပည့္အဝရတာ။ ဒါ့ေၾကာင့္ FDA ခြင့္ျပဳခ်က္မရဘဲ တရားမဝင္ ေအာက္လိုင္းကသြင္းလာတဲ့ ကာကြယ္ေဆးေတြကိုလုံးဝမထိုးၾကဖို႔ ကုမၸဏီကတရားဝင္ စနစ္တက် cold chain နဲ႔တင္သြင္းတဲ့ FDA စစ္ေဆး ေထာက္ခံထားတဲ့ ကာကြယ္ေဆးေတြကသာ အရည္အေသြးစိတ္ခ်ရမွာမို႔ FDA ခြင့္ျပဳခ်က္ပါတဲ့ ကာကြယ္ေဆးကိုပဲ ေသခ်ာစုံစမ္းၿပီးထိုးၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။” ဆိုၿပီး ေျပာလာပါတယ္။
ႀကိဳတင္ကာကြယ္ျခင္းက ကုသျခင္းထက္ ေကာင္းမြန္တာမို႔ ပရိသတ္ႀကီးလည္း အစစအရာရာ သတိထားၿပီး ကာကြယ္ထားဖို႔ တိုက္တြန္းလိုက္ရပါတယ္ေနာ္။
Unicode
အနုပညာရှင်တစ်ယောက်လည်း ဖြစ်သလို ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ ချစ်သုဝေက ပညာရေးသံတမန်၊ ကျန်းမာရေးသံတမန်စတဲ့ တာဝန်တွေကိုလည်း ထမ်းဆောင်နေသူဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေက သူမရဲ့ ပရိသတ်တွေအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းကိုလည်း အမြဲတစေ ပြုလုပ်လေ့ရှိပါတယ်။ ဒီနေ့မှာလည်း ချစ်သုဝေက သူမရဲ့ ပရိသတ်တွေအတွက် တုပ်ကွေးကာကွယ်ဆေးထိုးပြီး ရာသီတုပ်ကွေးကို စိတ်ချလက်ချ ကာကွယ်ထားဖို့ သတိပေးလာပါတယ်။
“Risk groupထဲမှာ ကိုယ့်မိဘတွေ၊ကလေးတွေ၊ရောဂါအခံရှိသူတွေပါရင် ခုချိန်မှာဖျားနာမှာကိုအရမ်းစိတ်ပူတယ် လုံးဝမဖြစ်စေချင်ဘူး။ ကိုယ့်မိသားစုနဲ့ကိုယ်ချစ်ရတဲ့သူတွေကိုအပြည့်အဝကာကွယ်ပေးချင်တယ်။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေးထိုးပြီး ရာသီတုပ်ကွေးကို စိတ်ချလက်ချ ကာကွယ်ထားကြပါစို့နော်။”
“ကာကွယ်ဆေးဆိုတာ 2-8 ‘C မှာ cold chain တွေနဲ့ စနစ်တကျ သယ်မှ မပျက်စီးတာ၊ vaccine အာနိသင် အပြည့်အဝရတာ။ ဒါ့ကြောင့် FDA ခွင့်ပြုချက်မရဘဲ တရားမဝင် အောက်လိုင်းကသွင်းလာတဲ့ ကာကွယ်ဆေးတွေကိုလုံးဝမထိုးကြဖို့ ကုမ္ပဏီကတရားဝင် စနစ်တကျ cold chain နဲ့တင်သွင်းတဲ့ FDA စစ်ဆေး ထောက်ခံထားတဲ့ ကာကွယ်ဆေးတွေကသာ အရည်အသွေးစိတ်ချရမှာမို့ FDA ခွင့်ပြုချက်ပါတဲ့ ကာကွယ်ဆေးကိုပဲ သေချာစုံစမ်းပြီးထိုးကြဖို့ တိုက်တွန်းချင်ပါတယ်။” ဆိုပြီး ပြောလာပါတယ်။
ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းမွန်တာမို့ ပရိသတ်ကြီးလည်း အစစအရာရာ သတိထားပြီး ကာကွယ်ထားဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။
Source: Chit Thu Wai’s fb , Bilie – Cele Connections