အဆိုေတာ္၊ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ ယုန္ေလးကေတာ့ ကိုယ္က်ိဳးမၾကည့္ပဲ အမ်ားအက်ိဳးကို ေဆာင္႐ြက္တတ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြၾကားမွာ ေကာင္းသတင္းေမႊးသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခ်ီးမႊန္းထိုက္သူကို ခ်ီးမႊန္းဖို႔လည္း ဝန္မေလးတဲ့ ယုန္ေလးက ဒီေန႔မွာေတာ့ ေဖ့စ္ဘုတ္က Tik Tok ဆယ္လီတစ္ေယာက္ျဖစ္တဲ့ ေနဆန္းနဲ႔ ပက္သတ္ၿပီး အခုလိုပဲ ခ်ီးက်ဴးစကားဆိုလာပါတယ္။
“တကယ္ ေက်းဇူးတင္ သလို ခ်ီးလည္း ခ်ီးက်ဴးပါတယ္။ သူ႔ကိုစသိေတ့ ဘာလို႔ Follow အဲ့ေလာက္မ်ားေနလဲေပါ့။ သူ႔ Vedio ေလးေတြ စေတြ႕ေတာ့လည္း ဒီလိုပဲေပါ့။ ၿပီးေတာ့ အအေဖ နဲ႔ အေမကို လုပ္ေကြၽးတာေတြ႕ေတာ့ မိုက္တယ္ဆိုၿပီး မွတ္ခ်က္ေပးမိတယ္။ ညေနက ကြၽန္ေတာ္ ဝမ္းစာ အေၾကာင္းတင္ထားတဲ့ Status မွာ Tik tok ေဆာ့ဖို႔ေျပာေတာ့ ကြၽန္ေတာ္တို႔ ဝမ္းစာ သီခ်င္းေလးကို Til Tok နဲ႔ မလိုက္ဖူးဆိုတာသိတယ္။ ဒါေပမယ့္ ျမင္ခ်င္တာပါ။”
“ေနဆန္းကို Messenger မွာ အဆင္ေျပသလိုေဆာ့ေပးေလ ေျပာတာကို ၂နာရီ ၃နာရီ ေလာက္ပဲ အခ်ိန္ယူၿပီး Edit ေရာ ႐ိုက္ကူးေရးပါ လုပ္ႏိုင္တယ္။ ကြၽန္ေတာ္က ႐ိုး႐ိုး Tik Tok မွာ Edit မရွိပဲေဆာ့မယ္ထင္တာ။ သူထြက္ၿပီး တစ္ကူးတက ႐ိုက္ေပးၿပီး Video ေလးတင္တဲ့အတြက္ ေက်းဇူးတင္သလို
အႏုပညာကို ႐ူးသြပ္တယ္ ဆိုတာကိုလည္းသိလိုက္ရတယ္။ ေက်းဇူးပါ။” ဆိုၿပီး ေနဆန္းကို ခ်ီးက်ဴးထားပါတယ္။
ယုန္ေလးကေတာ့ ေနဆန္းနဲ႔ပက္သတ္ၿပီး မွတ္ခ်က္ေကာင္းေတြကို ေျပာခဲ့တာျဖစ္ပါတယ္။ ပရိသတ္ႀကီးအတြက္ ယုန္ေလးရဲ႕ “ဝမ္းစာ” သီခ်င္းကို အေကာင္းဆုံးပုံေဖာ္ထားတဲ့ ေနဆန္းရဲ႕ Tik Tok ဗီဒီယိုေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source: Yone Lay’s fb , Bilie – Cele Connections
Unicode
အဆိုတော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ယုန်လေးကတော့ ကိုယ်ကျိုးမကြည့်ပဲ အများအကျိုးကို ဆောင်ရွက်တတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ကောင်းသတင်းမွှေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချီးမွှန်းထိုက်သူကို ချီးမွှန်းဖို့လည်း ဝန်မလေးတဲ့ ယုန်လေးက ဒီနေ့မှာတော့ ဖေ့စ်ဘုတ်က Tik Tok ဆယ်လီတစ်ယောက်ဖြစ်တဲ့ နေဆန်းနဲ့ ပက်သတ်ပြီး အခုလိုပဲ ချီးကျူးစကားဆိုလာပါတယ်။
“တကယ် ကျေးဇူးတင် သလို ချီးလည်း ချီးကျူးပါတယ်။ သူ့ကိုစသိတေ့ ဘာလို့ Follow အဲ့လောက်များနေလဲပေါ့။ သူ့ Vedio လေးတွေ စတွေ့တော့လည်း ဒီလိုပဲပေါ့။ ပြီးတော့ အအဖေ နဲ့ အမေကို လုပ်ကျွေးတာတွေ့တော့ မိုက်တယ်ဆိုပြီး မှတ်ချက်ပေးမိတယ်။ ညနေက ကျွန်တော် ဝမ်းစာ အကြောင်းတင်ထားတဲ့ Status မှာ Tik tok ဆော့ဖို့ပြောတော့ ကျွန်တော်တို့ ဝမ်းစာ သီချင်းလေးကို Til Tok နဲ့ မလိုက်ဖူးဆိုတာသိတယ်။ ဒါပေမယ့် မြင်ချင်တာပါ။”
“နေဆန်းကို Messenger မှာ အဆင်ပြေသလိုဆော့ပေးလေ ပြောတာကို ၂နာရီ ၃နာရီ လောက်ပဲ အချိန်ယူပြီး Edit ရော ရိုက်ကူးရေးပါ လုပ်နိုင်တယ်။ ကျွန်တော်က ရိုးရိုး Tik Tok မှာ Edit မရှိပဲဆော့မယ်ထင်တာ။ သူထွက်ပြီး တစ်ကူးတက ရိုက်ပေးပြီး Video လေးတင်တဲ့အတွက် ကျေးဇူးတင်သလို
အနုပညာကို ရူးသွပ်တယ် ဆိုတာကိုလည်းသိလိုက်ရတယ်။ ကျေးဇူးပါ။” ဆိုပြီး နေဆန်းကို ချီးကျူးထားပါတယ်။
ယုန်လေးကတော့ နေဆန်းနဲ့ပက်သတ်ပြီး မှတ်ချက်ကောင်းတွေကို ပြောခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ယုန်လေးရဲ့ “ဝမ်းစာ” သီချင်းကို အကောင်းဆုံးပုံဖော်ထားတဲ့ နေဆန်းရဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။
Source: Yone Lay’s fb , Bilie – Cele Connections