”ကြၽန္ေတာ္ လုံးဝအာမခံရဲတယ္။ ဘုရားသခင္ကို ယုံသူေတြဟာ ဒီေရာဂါ လုံးဝ ဝင္မလာရေစဘူး” ဟုလည္းေကာင္”ဆရာဝန္ေတြ ေဆးေတြက Resources ေတြ အနာေရာဂါကို တကယ္ၿငိမ္းေစတာက ဘုရားပဲ၊ ယုံၾကည္လိုက္ပါ ယုံၾကည္မႈဟာ ပိုက္ဆံမေပးရပါဘူး၊ လွည့္စားခံထားရလို႔ မယုံတာေပါ့”ဟု ေျပာၾကားခဲ့သည္။
ဒါဆိုရင္ ကြၽန္ေတာ္တခုေတာင္းဆိုပါရေစ သင္းအုပ္ဆရာႀကီးေဒးဗစ္လား ခင္ဗ်ား။ ေဒးဗစ္လားေလာက္ ဘုရားႏႈတ္ကပတ္ေတာ္ဆိုတာႀကီးကို ယုံသူလည္း မရွိေတာ့ပါ။ သမၼာက်မ္းစာ စာအုပ္ႀကီးကိုလည္း လက္ကကိုင္ကိုင္ျပေနတာေတြ႕ရသျဖင့္ ဘုရားႏွင့္အေတာ္နီးစပ္သူဟုလည္း သေဘာက်မိပါသည္။
ထို႔ေၾကာင့္ ေဒးဗစ္လား၏ ေနာက္လိုက္အျဖစ္ ကြၽန္ေတာ္လည္း ပါဝင္ခ်င္ပါသည္။ ကြၽန္အျဖစ္လည္းေကာင္း၊ တပည့္အျဖစ္လည္းေကာင္း ေဒးဗစ္လားေနာက္က အလုပ္အေကြၽးအျဖစ္လိုက္လိုပါသည္။ ဆရာေဒးဗစ္လား ဘာသာထဲသို႔လည္း ဝင္ပါမည္။ မဝင္ခင္ ခရစ္ယာန္အမ်ားႏွင့္မဆိုင္ဘဲ ေဒးဗစ္လားတဦးတည္းႏွင့္ဆိုင္ေသာ ေမးခြန္းေလးတခုေမးလိုပါ သည္။
တခုတည္းျဖစ္ပါသည္။ ထာဝရဘုရားကိုယုံလွ်င္ ေရာဂါမကူးသေယာင္၊ ေယရႈကိုယုံလွ်င္ ေရာဂါမကူးသေယာင္ ေဟာေျပာေနတာကို သေဘာက်၍ ျဖစ္ပါသည္။ေဒးဗစ္လားသည္ ထာဝရဘုရားကိုယုံသူ၊ မစိုးရိမ္ရဘူးဘုရားကအခ်ိန္တန္ရင္ တာဝန္ယူသြား လိမ့္မယ္ဟူေသာစကားကို ေျပာခဲ့သူျဖစ္ပါသည္။
ထို႔ေၾကာင့္ ကြၽန္ေတာ္အလြန္အထင္ႀကီးပါသည္။ ေခါင္းေဆာင္မတင္မီ တခုစမ္းသပ္လိုပါသည္။ အျခားမဟုတ္ပါ။ HIV ပိုးရွိေနသူ၏ ေသြးအနည္းငယ္ကို ဆရာေဒးဗစ္လား၏ေသြးေၾကာထဲသို႔ ေဆးထိုးအပ္ျဖင့္ထည့္ၾကည့္လိုပါသည္။ သုံးလၾကလွ်င္ ဆရာေဒးဗစ္လား၏ေသြးကို အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲခန္းတြင္ ဓာတ္ခြဲအေျဖရွာၾကည့္ပါမည္။
ဆရာေဒးဗစ္လားေဟာေျပာခ်က္မ်ားအတိုင္းဆိုလွ်င္ ေဒးဗစ္လားသည္ ဘုရားကိုအလြန္ယုံၾကည္သက္ ဝင္သူျဖစ္ေသာေၾကာင့္ HIV ပိုးမ်ား ခႏၶာကိုယ္ထဲ တြင္မရွိေတာ့ဘဲ ေပ်ာက္ကြယ္သြားမည္။ HIV positive မျဖစ္ဘဲ Negative ျဖစ္မည္ ျဖစ္သည္။
ထိုသို႔အဆန္းတၾကယ္ျဖစ္ခဲ့လွ်င္ ဆရာေဒးဗစ္လား ေျပာသည့္စကားမ်ား၊ ေဟာေျပာခ်က္မ်ားသည္ အမွန္မ်ားျဖစ္ၿပီး မယုံမိခဲ့ေသာ ကြၽန္ေတာ္တို႔ မိုက္မွားမိေၾကာင္း ဝန္ခ်ေတာင္းပန္ကာ ဆရာ့ထံတြင္ ရာသက္ပန္ကြၽန္ခံမည္ျဖစ္သည္။
Negative မဟုတ္ဘဲ Positive ျဖစ္ခဲ့လွ်င္ေတာ့ ေဒးဗစ္လားမွ ကြၽန္ေတာ့္အား ဘာမွျပန္ေပးစရာမလိုပါ။ မွ်တေသာကမ္းလွမ္းခ်က္ျဖစ္သျဖင့္ ကြၽန္ေတာ့္ထံသို႔ အျမန္ဆုံးအေၾကာင္းျပန္ေပးပါခင္ဗ်ား။သရဝဏ္(ျပည္)/ News Watch ဂ်ာနယ္ေစာင္းပါးမွ ထုတ္ႏႈတ္တင္ျပပါသည္။ ေဆာင္းပါးအျပည့္အစုံကို News Watchဂ်ာနယ္ေပ့တြင္ ၀င္ေရာက္ဖတ္ရႈ႕ႏိုင္ပါသည္။
Unicode
”ကျွန်တော် လုံးဝအာမခံရဲတယ်။ ဘုရားသခင်ကို ယုံသူတွေဟာ ဒီရောဂါ လုံးဝ ဝင်မလာရစေဘူး” ဟုလည်းကောင်”ဆရာဝန်တွေ ဆေးတွေက Resources တွေ အနာရောဂါကို တကယ်ငြိမ်းစေတာက ဘုရားပဲ၊ ယုံကြည်လိုက်ပါ ယုံကြည်မှုဟာ ပိုက်ဆံမပေးရပါဘူး၊ လှည့်စားခံထားရလို့ မယုံတာပေါ့”ဟု ပြောကြားခဲ့သည်။
ဒါဆိုရင် ကျွန်တော်တခုတောင်းဆိုပါရစေ သင်းအုပ်ဆရာကြီးဒေးဗစ်လား ခင်ဗျား။ ဒေးဗစ်လားလောက် ဘုရားနှုတ်ကပတ်တော်ဆိုတာကြီးကို ယုံသူလည်း မရှိတော့ပါ။ သမ္မာကျမ်းစာ စာအုပ်ကြီးကိုလည်း လက်ကကိုင်ကိုင်ပြနေတာတွေ့ရသဖြင့် ဘုရားနှင့်အတော်နီးစပ်သူဟုလည်း သဘောကျမိပါသည်။
ထို့ကြောင့် ဒေးဗစ်လား၏ နောက်လိုက်အဖြစ် ကျွန်တော်လည်း ပါဝင်ချင်ပါသည်။ ကျွန်အဖြစ်လည်းကောင်း၊ တပည့်အဖြစ်လည်းကောင်း ဒေးဗစ်လားနောက်က အလုပ်အကျွေးအဖြစ်လိုက်လိုပါသည်။ ဆရာဒေးဗစ်လား ဘာသာထဲသို့လည်း ဝင်ပါမည်။ မဝင်ခင် ခရစ်ယာန်အများနှင့်မဆိုင်ဘဲ ဒေးဗစ်လားတဦးတည်းနှင့်ဆိုင်သော မေးခွန်းလေးတခုမေးလိုပါ သည်။
တခုတည်းဖြစ်ပါသည်။ ထာဝရဘုရားကိုယုံလျှင် ရောဂါမကူးသယောင်၊ ယေရှုကိုယုံလျှင် ရောဂါမကူးသယောင် ဟောပြောနေတာကို သဘောကျ၍ ဖြစ်ပါသည်။ဒေးဗစ်လားသည် ထာဝရဘုရားကိုယုံသူ၊ မစိုးရိမ်ရဘူးဘုရားကအချိန်တန်ရင် တာဝန်ယူသွား လိမ့်မယ်ဟူသောစကားကို ပြောခဲ့သူဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်အလွန်အထင်ကြီးပါသည်။ ခေါင်းဆောင်မတင်မီ တခုစမ်းသပ်လိုပါသည်။ အခြားမဟုတ်ပါ။ HIV ပိုးရှိနေသူ၏ သွေးအနည်းငယ်ကို ဆရာဒေးဗစ်လား၏သွေးကြောထဲသို့ ဆေးထိုးအပ်ဖြင့်ထည့်ကြည့်လိုပါသည်။ သုံးလကြလျှင် ဆရာဒေးဗစ်လား၏သွေးကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲအဖြေရှာကြည့်ပါမည်။
ဆရာဒေးဗစ်လားဟောပြောချက်များအတိုင်းဆိုလျှင် ဒေးဗစ်လားသည် ဘုရားကိုအလွန်ယုံကြည်သက် ဝင်သူဖြစ်သောကြောင့် HIV ပိုးများ ခန္ဓာကိုယ်ထဲ တွင်မရှိတော့ဘဲ ပျောက်ကွယ်သွားမည်။ HIV positive မဖြစ်ဘဲ Negative ဖြစ်မည် ဖြစ်သည်။
ထိုသို့အဆန်းတကြယ်ဖြစ်ခဲ့လျှင် ဆရာဒေးဗစ်လား ပြောသည့်စကားများ၊ ဟောပြောချက်များသည် အမှန်များဖြစ်ပြီး မယုံမိခဲ့သော ကျွန်တော်တို့ မိုက်မှားမိကြောင်း ဝန်ချတောင်းပန်ကာ ဆရာ့ထံတွင် ရာသက်ပန်ကျွန်ခံမည်ဖြစ်သည်။
Negative မဟုတ်ဘဲ Positive ဖြစ်ခဲ့လျှင်တော့ ဒေးဗစ်လားမှ ကျွန်တော့်အား ဘာမှပြန်ပေးစရာမလိုပါ။ မျှတသောကမ်းလှမ်းချက်ဖြစ်သဖြင့် ကျွန်တော့်ထံသို့ အမြန်ဆုံးအကြောင်းပြန်ပေးပါခင်ဗျား။သရဝဏ်(ပြည်)/ News Watch ဂျာနယ်စောင်းပါးမှ ထုတ်နှုတ်တင်ပြပါသည်။ ဆောင်းပါးအပြည့်အစုံကို News Watchဂျာနယ်ပေ့တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။