မိုးလေဝသ

အဝါရောင်အဆင့် သတ်မှတ်လိုက်တဲ့ နောက်ဆုံးရ မုန်တိုင်းငယ် အခြေအနေ မိုးဇလထုတ်ပြန်

Written by Aung Lay

အဝါေရာင္အဆင့္ သတ္မွတ္လိုက္တဲ့ ေနာက္ဆံုးရ မုန္တိုင္းငယ္ အေျခအေန မိုးဇလထုတ္ျပန္…

၁။ (က) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၉:၃၀) နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္း (Low Pressure Area) သည္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္ (Depression) အျဖစ္သို႔ ေရာက္ရွိခဲ့ပါသည္။ အဆိုပါ မုန္တိုင္းငယ္ (Depression) သည္ အိႏၵိယႏိုင္ငံ၊ ပါရာဒစ္ပ္ၿမိဳ႕ (Paradip) (ဩရိႆ-Odisha) ၏ ေတာင္ဘက္ ေရမိုင္ (၅၉၀) မိုင္ခန႔္၊ ဒီဂါၿမိဳ႕ (Digha) ၏ ေတာင္ဘက္ ေရမိုင္ (၆၇၀) မိုင္ခန႔္၊ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕ (Coco Island) ၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၄၄၀) မိုင္ခန႔္ႏွင့္ ပုသိမ္ၿမိဳ႕ (Pathein) ၏ အေနာက္ေတာင္ဘက္ ေရမိုင္ မိုင္ (၆၀၀) ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။

(ခ) မုန္တိုင္းငယ္ (Depression) ၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။

မုန္တိုင္းငယ္၏တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း…

၂။ (က) အဆိုပါ မုန္တိုင္းငယ္ (Depression)သည္ ျမန္မာစံေတာ္ခ်ိန္ (၀၉:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၁၀.၄)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၇.၀)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ ေလဖိအား (၉၉၉)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ (၃၅)မိုင္ႏႈန္း ျဖစ္ပါသည္။

ေနာက္ (၃၆) နာရီအတြင္းခန္႔မွန္းခ်က္…

၃။ (က) အဆိုပါ မုန္တိုင္းငယ္ (Depression)သည္ ေနာက္(၆)နာရီအတြင္း အားေကာင္းေသာ မုန္တိုင္းငယ္ (Deep Depression)အျဖစ္သို႔ လည္းေကာင္း၊ ေနာက္(၁၂)နာရီအတြင္း ဆိုင္ကလုန္းမုန္တိုင္း(Cyclonic Storm) အျဖစ္သို႔လည္းေကာင္း ေရာက္ရွိႏိုင္ၿပီး၊ ကနဦးတြင္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားၿပီးေနာက္ (၁၇.၅.၂၀၂၀) ရက္ေန႔ ေနာက္ပိုင္းတြင္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ေကြ႕ကာ ေ႐ြ႕လ်ားမည္ဟု ခန္႔မွန္းရပါသည္။

သတိေပးႏႈိးေဆာ္ခ်က္…

၄။ (က) အဆိုပါ မုန္တိုင္းငယ္ (Depression)၏အရွိန္ေၾကာင့္ ယေန႔ေန႔လယ္မွ ေနာက္ (၄၈) နာရီအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္ တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း ႐ြာႏိုင္ပါသည္။

(ခ) ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမန္မာ့ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၂)ေပခန္႔ ရွိႏိုင္ ပါသည္။

အႀကံျပဳခ်က္…

၅။ (က) အဆိုပါ မုန္တိုင္းငယ္ (Depression) ၏ အရွိန္ေၾကာင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္း ေဝးငါးဖမ္းေရယာဥ္မ်ား၊‌ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အသိေပးႏႈိးေဆာ္အပ္ပါသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန

Unicode

အ ဝါရောင်အဆင့် သတ်မှတ်လိုက်တဲ့ နောက်ဆုံးရ မုန်တိုင်းငယ် အခြေအနေ မိုးဇလထုတ်ပြန်…

၁။ (က) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha) ၏ တောင်ဘက် ရေမိုင် (၅၉၀) မိုင်ခန့်၊ ဒီဂါမြို့ (Digha) ၏ တောင်ဘက် ရေမိုင် (၆၇၀) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် (၄၄၀) မိုင်ခန့်နှင့် ပုသိမ်မြို့ (Pathein) ၏ အနောက်တောင်ဘက် ရေမိုင် မိုင် (၆၀၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ) မုန်တိုင်းငယ် (Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း…

၂။ (က) အဆိုပါ မုန်တိုင်းငယ် (Depression)သည် မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၀.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၉၉)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ပါသည်။

နောက် (၃၆) နာရီအတွင်းခန့်မှန်းချက်…

၃။ (က) အဆိုပါ မုန်တိုင်းငယ် (Depression)သည် နောက်(၆)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ လည်းကောင်း၊ နောက်(၁၂)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် (၁၇.၅.၂၀၂၀) ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်…

၄။ (က) အဆိုပါ မုန်တိုင်းငယ် (Depression)၏အရှိန်ကြောင့် ယနေ့နေ့လယ်မှ နောက် (၄၈) နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။

(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင် ပါသည်။

အကြံပြုချက်…

၅။ (က) အဆိုပါ မုန်တိုင်းငယ် (Depression) ၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်း ဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

About the author

Aung Lay

Leave a Comment