ၾကားသိရသမ်ွ

မလေးရှားပြန်တွေရဲ့ဂယက်စတင်_မပေါ့ဆကြပါနဲ့ဦး

Written by Aung Lay

လူနာအမွတ္ ၁၈၂ ႏွင့္ မေလးရွားမွ ေလယာဥ္အတူစီးျပန္လာခဲ့သူ (၁၂၀) ခန႔္ရွိ

ဒီမနက္က က်န္းမာေရးဌာနက ေၾကညာတဲ့ ကိုဗစ္-၁၉ လူနာအမွတ္ ၁၈၂ ဟာ မေလးရွားနိုင္ငံကေန လူေပါင္း ၁၂၀ ေလာက္နဲ႔အတူ ေလယာဥ္တစင္းတည္းစီးၿပီး ျပန္လာခဲ့သူ ျဖစ္ပါတယ္။

သူနဲ႔အတူ ေနာက္တေယာက္ဟာ ေမ ၁၁ ရက္ ညေနပိုင္းမွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ေရာက္လာၿပီး ေမ ၁၃ ရက္ မနက္အေစာပိုင္းမွာ ထန္တလန္ကို ေရာက္လာခဲ့တာပါ။

“ေမ ၁၃ ရက္မနက္ ၂ နာရီခြဲမွာ ေရာက္လာတာ။ နိုင္ငံျခားက ျပန္လာတာဆိုေတာ့ က်ေနာ္တို့က ေဆး႐ုံမွာပဲ Facility Quarantine ထားတယ္။ သူတို့ဆီက (ႏွာေခါင္း၊ အာေခါင္ တို့ဖတ္နမူနာ) ကို ၁၃ ရက္ေန႔မွာပဲယူၿပီး ပို႔ပါတယ္။

ဒီေန႔မနက္မွာေတာ့ အေျဖသိရလို့ အခု ၁၁ နာရီ မိနစ္ ၂၀ ကပဲ ဟားခါးေဆး႐ုံကို ပို့လိုက္ပါၿပီ။ သူနဲ႔အတူပါတဲ့ ေနာက္တေယာက္ ကိုေတာ့ ေဆး႐ုံမွာပဲ ၾကည့္ရွုထားပါတယ္” လို့ ထန္တလန္ၿမိဳ့နယ္ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူတေယာက္က ေျပာပါတယ္။

ထန္တလန္မွာေတာ့ သူနဲ႔ ထိေတြ႕သူမရွိသေလာက္ပဲလို႔သူက ေျပာပါတယ္။

ျမန္မာနိုင္ငံရဲ့ ပထမဆုံး ကိုဗစ္-၁၉ လူနာဟာလည္း ခ်င္းျပည္နယ္ကျဖစ္ၿပီး တီးတိန္က ၅ ေယာက္၊ ဟားခါးက ၁ ေယာက္ ရွိခဲ့ပါတယ္။ က်န္းမာေရးဌာနရဲ့ ထုတ္ျပန္ခ်က္အရ မေန႔မနက္ပိုင္းအထိ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ့နယ္ ျပည္သူ႔ေဆး႐ုံမွာ ကုသခံေနတဲ့ ကိုဗစ္-၁၉ လူနာ ၄ ေယာက္ရွိပါတယ္။

မေလးရွားနိုင္ငံမွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ျပစ္ဒဏ္က်ခံၿပီး ထိန္းသိမ္းခံထားရတဲ့ ျမန္မာနိုင္ငံသား ၃၉၁ ေယာက္ကို မေလးရွားအစိုးရက ေမ ၁၁ ရက္က သူတို့စီစဥ္တဲ့ Malaysia Airlines စင္းလုံးငွားအထူးေလယာဥ္ ၂ စီးနဲ႔ ျပန္ပို့ခဲ့တာပါ။

သူတို့ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ေရာက္ခ်ိန္မွာ လူဝင္မွုႀကီးၾကပ္ေရးက က်န္းမာေရးစိစစ္ေရးတို့ကို လုပ္ခဲ့ၿပီး ရန္ကုန္မွာ ေစာင့္ၾကည့္တာမဟုတ္ဘဲ သူတို့ျပန္ၾကမယ့္ သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္အသီးသီးက သတ္မွတ္ေမာ္ေတာ္ယာဥ္ေတြနဲ႔ ေခၚေဆာင္သြားၾကတာပါ။

ဓာတ္ပုံ – Cho Tu facebook

Unicode

လူနာအမှတ် ၁၈၂ နှင့် မလေးရှားမှ လေယာဉ်အတူစီးပြန်လာခဲ့သူ (၁၂၀) ခန့်ရှိ

ဒီမနက်က ကျန်းမာရေးဌာနက ကြေညာတဲ့ ကိုဗစ်-၁၉ လူနာအမှတ် ၁၈၂ ဟာ မလေးရှားနိုင်ငံကနေ လူပေါင်း ၁၂၀ လောက်နဲ့အတူ လေယာဉ်တစင်းတည်းစီးပြီး ပြန်လာခဲ့သူ ဖြစ်ပါတယ်။

သူနဲ့အတူ နောက်တယောက်ဟာ မေ ၁၁ ရက် ညနေပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာပြီး မေ ၁၃ ရက် မနက်အစောပိုင်းမှာ ထန်တလန်ကို ရောက်လာခဲ့တာပါ။

“မေ ၁၃ ရက်မနက် ၂ နာရီခွဲမှာ ရောက်လာတာ။ နိုင်ငံခြားက ပြန်လာတာဆိုတော့ ကျနော်တို့က ဆေးရုံမှာပဲ Facility Quarantine ထားတယ်။ သူတို့ဆီက (နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ) ကို ၁၃ ရက်နေ့မှာပဲယူပြီး ပို့ပါတယ်။

ဒီနေ့မနက်မှာတော့ အဖြေသိရလို့ အခု ၁၁ နာရီ မိနစ် ၂၀ ကပဲ ဟားခါးဆေးရုံကို ပို့လိုက်ပါပြီ။ သူနဲ့အတူပါတဲ့ နောက်တယောက် ကိုတော့ ဆေးရုံမှာပဲ ကြည့်ရှုထားပါတယ်” လို့ ထန်တလန်မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။

ထန်တလန်မှာတော့ သူနဲ့ ထိတွေ့သူမရှိသလောက်ပဲလို့သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်-၁၉ လူနာဟာလည်း ချင်းပြည်နယ်ကဖြစ်ပြီး တီးတိန်က ၅ ယောက်၊ ဟားခါးက ၁ ယောက် ရှိခဲ့ပါတယ်။ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ မနေ့မနက်ပိုင်းအထိ ချင်းပြည်နယ် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှာ ကုသခံနေတဲ့ ကိုဗစ်-၁၉ လူနာ ၄ ယောက်ရှိပါတယ်။

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၃၉၁ ယောက်ကို မလေးရှားအစိုးရက မေ ၁၁ ရက်က သူတို့စီစဉ်တဲ့ Malaysia Airlines စင်းလုံးငှားအထူးလေယာဉ် ၂ စီးနဲ့ ပြန်ပို့ခဲ့တာပါ။

သူတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ချိန်မှာ လူဝင်မှုကြီးကြပ်ရေးက ကျန်းမာရေးစိစစ်ရေးတို့ကို လုပ်ခဲ့ပြီး ရန်ကုန်မှာ စောင့်ကြည့်တာမဟုတ်ဘဲ သူတို့ပြန်ကြမယ့် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အသီးသီးက သတ်မှတ်မော်တော်ယာဉ်တွေနဲ့ ခေါ်ဆောင်သွားကြတာပါ။

ဓာတ်ပုံ – Cho Tu facebook

About the author

Aung Lay

Leave a Comment