ယေန႔ လူမႈကြန္ယက္မွာ ေဟာ့အျဖစ္ဆံုးနဲ႔ လူေျပာအမ်ားဆံုး ကိစၥရပ္ကေတာ့ မီတာခ ကိစၥျဖစ္ပါတယ္။ မီတာခေတြ ပံုမွန္ထက္ ပုိက်ေနတဲ့ ကိစၥကုိ လွ်ပ္စစ္ဝန္ႀကီးဌာနကုိယ္တုိင္က သတင္းစာရွင္းလင္းပြဲေတြပါ လုပ္ရတဲ့ အေျခအေနကုိ ေရာက္ရွိခဲ့ပါတယ္။
မီတာခနဲ႔ ပတ္သက္ၿပီး လူအမ်ဳိးမ်ဳိးက သံုးသပ္အေျဖရွာျပၾကေပမယ့္ အခုခ်ိန္ထိ ေက်နပ္ေလာက္တဲ့ အေျဖေတာ့ မရၾကေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ ေသခ်ာတာကေတာ့ လွ်ပ္စစ္မီတာ စနစ္မွာ ခ်ဳိ႕ယြင္းခ်က္ေတြ ရွိေနတာကေတာ့ အေသအခ်ာပါပဲ။ ဒီလုိ အျငင္းပြားမႈေတြ အဆံုးသတ္ဖုိ႔ကေတာ့ စနစ္ကုိ ေျပာင္းလဲႏုိင္ဖုိ႔ အေရးႀကီးပါတယ္။ ႏုိင္ငံတကာမွာ အသံုးျပဳေနတဲ့ စနစ္ေတြထဲက ကိုယ့္ႏုိင္ငံနဲ႔ ကိုက္ညီမယ့္ စနစ္ေတြကုိ အတုယူ အသံုးျပဳသင့္ပါတယ္။
ဝန္ထမ္းေတြက ေန႔မအား ညမနား ႀကဳိးစားၿပီး အလုပ္လုပ္ေပးေနတယ္ဆုိတာ အရင္ေခတ္ေတြက စကားလံုးေတြပါ။ အဓိကက အသံုးျပဳတဲ့ စနစ္ေကာင္းမြန္ၿပီး ျပည္သူေတြ စိတ္ေက်နပ္ဖုိ႔က ဝန္ႀကီးဌာနရဲ႕ တာဝန္ပဲ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံထဲက ျဖစ္ေပမယ့္ တရုတ္ႏုိင္ငံ နယ္စပ္ေလာက္ကုိင္ၿမဳိ႕က လွ်ပ္စစ္မီတာ စနစ္အေၾကာင္းကုိ ေဖာ္ျပေပးခ်င္ပါတယ္။ ရွင္းလင္းလြယ္ကူၿပီး လူတုိင္းနားလည္လြယ္ အျငင္းမပြားတဲ့ စနစ္တခုပါပဲ။ မူရင္းပုိ႔ကုိ ေအာက္မွာ ေဖာ္ျပလုိက္ပါတယ္-
“လွ်ပ္စစ္မီတာ ေလာက္ကိုင္ၿမိဳ့ရဲ့ ကဒ္ထိုးစနစ္။ 2018 မွာ စသုံးခဲ့တယ္။ ယခုထိ ဘာျပသာနာမွ မရွိခဲ့ဖူးပါ။ လုပ္သားအင္အားလည္း အမ်ားႀကီးမလို။ အရမ္းအဆင္ေျပပါတယ္။
တစ္ၿမိဳ႕လုံးရဲ့ မီတာခကို ႐ုံးမွာထိုင္ၿပီး ေဘလ္လာျဖည့္တဲ့သူေတြကို ကြန္ပ်ဴတာနဲ႔ ထိုင္ျဖည့္ေပး႐ုံပဲ။ မီတာထိန္းသိမ္းခလည္း မယူ။ ရက္လြန္ဒါဏ္ေၾကးလည္း မရွိ။ ေဘလ္ကုန္ရင္ မီးမလင္းေတာ့ဘူး။”
Unicode
ယနေ့ လူမှုကွန်ယက်မှာ ဟော့အဖြစ်ဆုံးနဲ့ လူပြောအများဆုံး ကိစ္စရပ်ကတော့ မီတာခ ကိစ္စဖြစ်ပါတယ်။ မီတာခတွေ ပုံမှန်ထက် ပိုကျနေတဲ့ ကိစ္စကို လျှပ်စစ်ဝန်ကြီးဌာနကိုယ်တိုင်က သတင်းစာရှင်းလင်းပွဲတွေပါ လုပ်ရတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။
မီတာခနဲ့ ပတ်သက်ပြီး လူအမျိုးမျိုးက သုံးသပ်အဖြေရှာပြကြပေမယ့် အခုချိန်ထိ ကျေနပ်လောက်တဲ့ အဖြေတော့ မရကြသေးပါဘူး။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ လျှပ်စစ်မီတာ စနစ်မှာ ချို့ယွင်းချက်တွေ ရှိနေတာကတော့ အသေအချာပါပဲ။ ဒီလို အငြင်းပွားမှုတွေ အဆုံးသတ်ဖို့ကတော့ စနစ်ကို ပြောင်းလဲနိုင်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ စနစ်တွေထဲက ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ့် စနစ်တွေကို အတုယူ အသုံးပြုသင့်ပါတယ်။
ဝန်ထမ်းတွေက နေ့မအား ညမနား ကြိုးစားပြီး အလုပ်လုပ်ပေးနေတယ်ဆိုတာ အရင်ခေတ်တွေက စကားလုံးတွေပါ။ အဓိကက အသုံးပြုတဲ့ စနစ်ကောင်းမွန်ပြီး ပြည်သူတွေ စိတ်ကျေနပ်ဖို့က ဝန်ကြီးဌာနရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက ဖြစ်ပေမယ့် တရုတ်နိုင်ငံ နယ်စပ်လောက်ကိုင်မြို့က လျှပ်စစ်မီတာ စနစ်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ရှင်းလင်းလွယ်ကူပြီး လူတိုင်းနားလည်လွယ် အငြင်းမပွားတဲ့ စနစ်တခုပါပဲ။ မူရင်းပို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-
“လျှပ်စစ်မီတာ လောက်ကိုင်မြို့ရဲ့ ကဒ်ထိုးစနစ်။ 2018 မှာ စသုံးခဲ့တယ်။ ယခုထိ ဘာပြသာနာမှ မရှိခဲ့ဖူးပါ။ လုပ်သားအင်အားလည်း အများကြီးမလို။ အရမ်းအဆင်ပြေပါတယ်။
တစ်မြို့လုံးရဲ့ မီတာခကို ရုံးမှာထိုင်ပြီး ဘေလ်လာဖြည့်တဲ့သူတွေကို ကွန်ပျူတာနဲ့ ထိုင်ဖြည့်ပေးရုံပဲ။ မီတာထိန်းသိမ်းခလည်း မယူ။ ရက်လွန်ဒါဏ်ကြေးလည်း မရှိ။ ဘေလ်ကုန်ရင် မီးမလင်းတော့ဘူး။”