မိုးလေဝသ

ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် အရှေ့မြောက်ဖက်ကို လာနိုင်၊သင်္ဘောများမထွက်ရန် သတိပေး

Written by Aung Lay

ရာသီဥတု အေျခအေန ဆိုးဝါးႏိုင္သည့္အတြက္ ျမန္မာ့ကမ္း႐ိုးတန္း တေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္သို႔ ငါးဖမ္းေရ ယာဥ္မ်ား အပါအဝင္ ကုန္တင္သေဘာမ်ား အေနျဖင့္ ေမလ ၁၈ ရက္မွ ၂၁ ရက္အထိ မသြားသင့္ ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာသည္။

မုန္တိုင္းအရွိန္ေၾကာင့္ ျမန္မာ့ပင္လယ္ျပင္မွာ မိုးသက္ေလျပင္း က်ေရာက္ၿပီး လႈိင္းႀကီးႏိုင္ေသာေၾကာင့္ ျမန္မာ့ကမ္း႐ိုးတန္း တေလွ်ာက္ျဖစ္သည့္ ရခိုင္ျပည္နယ္၊ ဧရာဝတီတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီး ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ားႏွင့္ သေဘၤာမ်ားအေနျဖင့္ ႀကိဳတင္ သတိျပဳသင့္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ယေန႔ နံနက္ပိုင္းတြင္ ထုတ္ျပန္ထားသည္။

ျမန္မာစံေတာ္ခ်ိန္ ၉ နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းႏွင့္ အေနာက္ ေတာင္ပိုင္း တို႔တြင္ ျဖစ္ေပၚေနေသာ ဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္(AMPHAN) သည္ အေနာက္ေျမာက္ဘက္သို႔ ဦးတည္ ေ႐ြ႕လ်ား ေနၿပီး ဆက္လက္ တည္ရွိေနေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ နံနက္ပိုင္းက ထုတ္ျပန္ခဲ့ သည္။

ထို႔ေနာက္ ဆိုင္ကလုန္း အမ္ဖန္သည္ လမ္းေၾကာင္းေျပာင္း၍ ျမန္မာႏိုင္ငံကို ဦးတည္လာမည္ဆိုပါက ျပည္သူမ်ားအေနျဖင့္ ေဘးလြတ္ရာ ဆိုင္ကလုန္း ရွပ္တာမ်ားသို႔ သြားသင့္ေၾကာင္း ၎က သတိေပးသည္။

ဆက္လက္ၿပီး ၎က “လက္ရွိမွာေတာ့ ဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္ အေနနဲ႔ေတာ့ လက္ရွိမွာ ေနာက္ ေျခာက္နာရီ အတြင္းမွာ ပိုမို အားေကာင္း တဲ့ အမ္ဖန္အျဖစ္ကို ေရာက္ႏိုင္တယ္။ လက္ရွိမွာ အေနာက္ေျမာက္ဘက္ကို ေ႐ြ႕ေနတယ္၊ ညေနပိုင္းမွာ အေရွ႕ေျမာက္ ဘက္ကို ျပန္ဦးတည္လာႏိုင္တယ္။ ေနာက္ ဒီေန႔ ခန႔္မွန္းခ်က္ အရဆိုရင္ အိႏၵိယႏိုင္ငံနဲ႔ ဘဂၤလားျပည္နယ္နဲ႔ နယ္စပ္ ေလာက္ ကေနၿပီးေတာ့ ဝင္လာမယ္လို႔ ခန႔္မွန္းရတယ္” ဟု ေျပာသည္။

ဆိုင္ကလုန္း အမ္ဖန္၏ အရွိန္ေၾကာင့္ ေနာက္ ၄၈ နာရီအတြင္း ေနျပည္ေတာ္၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း ေဒသႀကီး၊ တနသၤာရီ တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္ ၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ တို႔တြင္ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္း ႐ြာသြန္းႏိုင္သည္။

ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္း ေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၂)ေပခန္႔ ရွိႏိုင္ပါသည္။ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုး တန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၃၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၇)ေပမွ (၉)ေပခန္႔ ရွိႏိုင္ပါသည္။

Unicode

ရာသီဥတု အခြေအနေ ဆိုးဝါးနိုင်သည့်အတွက် မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ ငါးဖမ်းရေ ယာဉ်များ အပါအဝင် ကုန်တင်သဘောများ အနေဖြင့် မေလ ၁၈ ရက်မှ ၂၁ ရက်အထိ မသွားသင့် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်မှာ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်သောကြောင့် မြန်မာ့ကမ်းရိုးတန်း တလျှောက်ဖြစ်သည့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

မြန်မာစံတော်ချိန် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အနောက် တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN) သည် အနောက်မြောက်ဘက်သို့ ဦးတည် ရွေ့လျား နေပြီး ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့ သည်။

ထို့နောက် ဆိုင်ကလုန်း အမ်ဖန်သည် လမ်းကြောင်းပြောင်း၍ မြန်မာနိုင်ငံကို ဦးတည်လာမည်ဆိုပါက ပြည်သူများအနေဖြင့် ဘေးလွတ်ရာ ဆိုင်ကလုန်း ရှပ်တာများသို့ သွားသင့်ကြောင်း ၎င်းက သတိပေးသည်။

ဆက်လက်ပြီး ၎င်းက “လက်ရှိမှာတော့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် အနေနဲ့တော့ လက်ရှိမှာ နောက် ခြောက်နာရီ အတွင်းမှာ ပိုမို အားကောင်း တဲ့ အမ်ဖန်အဖြစ်ကို ရောက်နိုင်တယ်။ လက်ရှိမှာ အနောက်မြောက်ဘက်ကို ရွေ့နေတယ်၊ ညနေပိုင်းမှာ အရှေ့မြောက် ဘက်ကို ပြန်ဦးတည်လာနိုင်တယ်။ နောက် ဒီနေ့ ခန့်မှန်းချက် အရဆိုရင် အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားပြည်နယ်နဲ့ နယ်စပ် လောက် ကနေပြီးတော့ ဝင်လာမယ်လို့ ခန့်မှန်းရတယ်” ဟု ပြောသည်။

ဆိုင်ကလုန်း အမ်ဖန်၏ အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်သည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

မိုးဇလ

About the author

Aung Lay

Leave a Comment