ဟိုးေရွးအခါကသဘာဝရဲ႕စြမ္းအားေတြကိုသိျမင္ၿပီး အသုံးျပဳလာၾကတဲ့သူေတြဟာေမွာ္အတတ္ပညာရွင္ ေတြအျဖစ္လူေတြရဲ႕သတ္မွတ္ျခင္းခံရသလို..၊
တခ်ိဳ႕ေသာပညာရွင္ေတြက်ျပန္ေတာ့ စုန္းအျဖစ္ သမုတ္ၿပီး ေၾကာက္႐ြံ႕လာၾကပါတယ္။ ထိုပညာရွင္ေတြ ရွာေဖြသိရွိခဲ့တဲ့ သစ္ပင္ေတြရဲ႕အစြမ္းနဲ႔ မေကာင္းေသာလႈိင္းေတြကို
ပယ္ရွားေစတဲ့နည္းလမ္းေပါင္းမ်ားစြာကို သိရွိခဲ့ၾကၿပီး လြယ္ကူ႐ိုးရွင္းတဲ့နည္းလမ္းေလးကေတာ့ အယ္လ္ကိုေဟာနဲ႔သန႔္စင္မႈျပဳျခင္းပါ..။
ဒါေၾကာင့္ ေရွးေဟာင္းဂ်စ္ပစီလူမ်ိဳးေတြဟာ တားေရာ့ကဒ္ေတြကိုနိမိတ္ေဟာေျပာဖို႔ပဲျဖစ္ျဖစ္ အသုံးျပဳခါနီး၄င္းတို႔ရဲ႕ လက္ေတြကိုအရက္နဲ႔ဦးစြာ ေဆးေၾကာမႈျပဳၾကပါတယ္..။
သေဘာကေတာ့ သူတို႔တစ္ေန႔တာမွာ ျပဳမူလုပ္ေဆာင္မႈေတြက ရရွိခဲ့တဲ့မေကာင္းတဲ့ (wave)လႈိင္းေတြဟာ လက္ကေနတစ္ဆင့္သူတို႔ရဲ႕ တားေရာ့ကဒ္အေပၚစီးကူးၿပီး နိမိတ္ဖတ္
တားေရာ့မွတဆင့္ က်ိန္စာတားေရာ့ေတြ အျဖစ္ေရာက္ရွိသြားမွာ စိုး႐ြ႕ံသလ ိုတားေရာ့ကိုလည္း အသက္ရွိတဲ့အရာအျဖစ္သတ္မွတ္ထားလို႔ ရႈပ္ေထြးမႈေတြျဖစ္ေစၿပီး ေဟာေျပာခ်က္ေတြ
လြဲေစမွာစိုးရိမ္ၾကတဲ့အတြက္ပဲျဖစ္ပါတယ္..။
ဒါ့အျပင္ အျခားေသာမေကာင္းတဲ့ ခံစားခ်က္ေတြမ်ားတဲ့အခါ အလုပ္အကိုင္ေတြ အဆင္မေျပမႈမ်ားလာတဲ့အခါမ်ိဳးေတြမွာပဲျဖစ္ျဖစ္ အစီအရင္ေတြျပဳလုပ္ခါနီးပဲျဖစ္ျဖစ္ အစီအရင္မျပဳလုပ္မီအရက္ႏွင့္ ေရခ်ိဳးသန႔္စင္ျခင္းျပဳၾကပါတယ္..။
ကြၽန္ေတာ္တို႔အေနနဲ႔ေန႔စဥ္ဆက္ဆံေပါင္းသင္းလုပ္ကိုင္ရတဲ့ပတ္ဝန္းက်င္မွျပဳမူလုပ္ေဆာင္မႈေတြကေနတဆင့္မျမင္ရတဲ့(Wave)လႈိင္းေတြဟာကပ္ၿငိပါလာတတ္ပါတယ္..။
ထို႔အတူထို လႈိင္းေတြဟာ တူရာစုျခင္းသေဘာတရားအတိုင္းတူညီတဲ့ အရာေတြကို ဆင့္ေခၚတတ္ၾကပါတယ္..။
ဒါ့အျပင္ ေန႔စဥ္ျပဳမူလုပ္ေဆာင္မႈေတြကေနတဆငိ့သာမက မိမိတို႔ခႏၶာကိုယ္မွထြက္ရွိတဲ့ အညႇီအညစ္အေၾကးေတြကေနလည္း မေကာင္းေသာလႈိင္းေတြကို ဆြဲေဆာင္တတ္ၾကၿပီး..။
မိမိမွာထိုလႈိင္းေတြေၾကာင့္ လုပ္ကိုင္ရာ ပတ္ဝန္းက်င္မွာ ဘာပဲလုပ္လုပ္ အဆင္ေျပမႈနည္းပါးျခင္း မိမိအေပၚႏိုင့္ထက္စီးနင္းဆက္ဆံသူေပါမ်ားေနတတ္ၿပီး မိမ္အိမ္ေထာင္ဖက္ခ်စ္သူ ကိုယ္တိုင္ကအျပင္ မိမိအေပၚနားလည္ေပးႏိုင္စြမ္း ေလ်ာ့က်မႈေတြျဖစ္ၿပီး စြန႔္ခြာသြားတတ္ပါတယ္..။
ဒီလိုဆုံးရႈံးမႈေတ ြႀကဳံေတြ႕ေနရၿပီဆိုလွ်င ္မိမိရဲ႕စန္းအားေတြ သုညေအာက္ကို ယူဇနာေထာင္ခ်ီကိုက်ေနၿပီလို႔သာ မွတ္ေပေတာ့..၊
ဦးစြာ မိမိကံဇာတာေတြျပန္လည္တက္လာၿပီး မိမိခႏၶာေပၚမွာက်ေရာက္ ကပ္ၿငိစြဲကပ္ေနတဲ့ မေကာင္းတဲ့အညစ္အေၾကး လႈိင္းေတြကို ပယ္ဖ်က္ဖို႔အတြက္ ေရပုုံးေလးတစ္ပုံးထဲကိုေရထည့္ပါ..။
တေရာ္ကင္ပြန္းေလးႏွစ္ထုပ္ေလာက္ေရာပါ။ ဆားအနည္းငယ္နဲ႔ ရွာလကာရည္ေလးထည့္ပါ။ တစ္ခုနဲ႔တစ္ခုေရာေႏွာသြားေအာင္ အနည္းငယ္ေမႊရပါမယ္..။
ေမႊတဲ့အခါမွာလည္း ေရွးေဟာင္းအယူအဆေလး တစ္ခုအတိုင္းေပါ့ နာရီလက္တံေျပာင္းျပန္ လက္ဝဲရစ္ေလး ေမႊရပါမယ္..။
ထိုသို႔ျပဳလုပ္ၿပီးပါက ထိုေရနဲ႔ေခါင္းေလွ်ာ္ျခင္း အရင္ျပဳပါ။ ၿပီးလွ်င္က်န္ရွိေနတဲ့ေရကိုဆက္ၿပီး မိမိခႏၶာကိုအနံ႔အျပားကို ပတ္ျဖန္းသန႔္စင္ေပးပါ..။
ဒါေလးၿပီးရင္ေတာ ့ႏွစ္သက္ရာေရခ်ိဳးဆပ္ျပာကို အသုံးျပဳၿပီး ေရဝဝခ်ိဳးခ်လို႔ရပါၿပီ။ ယခုကဲ့သို႔ေရခ်ိဳးမဂၤလာျပဳျခင္းေလး ျပဳၿပီးရင္သင္ဟာသန႔္စင္တဲ့လူတစ္ေယာက္ျဖစ္ေနပါၿပီ..။
ဒါေၾကာင့္ပိုမိုၿပီး သန႔္စင္မႈေလးရရွိေအာင္ အလင္းဓာတ္ေလးယူရပါမယ္။ေထြထူးလုပ္ဖို႔မလိုပါဘူး ဖေယာင္းတိုင္ေလးတစ္တိုင္ထြန္းၿပီ းၿငိမ္ၿငိမ္ေလးထိုဖေယာင္းတိုင္ေလးေရွ႕မွာထိုင္ေန႐ုံပါပဲ..၊
ဒါေလးေတြအကုန္ၿပီးၿပီဆိုရင္ေတာ့ ေရေမႊးဆြတ္တဲ့အပိုင္းေလးေရာက္ပါၿပီ။ ေရေမႊးကို ဘယ္လိုဆြတ္ျဖန္းရမလဲ ဆိုင္အထက္ကရွင္းျပခဲ့တဲ့အတိုင္း မိမိခႏၶာကိုယ္ကမေကာင္းတဲ့ အညႇီေတြထြက္ရွိတဲ့ေနရာကိုဆြတ္ျဖန္းသန႔္စင္ရပါမယ္..။
ၿပီးရင္ေတာ ့မိမိမ်က္ႏွာေရွ႕တည့္တည့္ အထက္နားကိုေရေမႊးေလးပတ္ျဖန္းၿပီး ထိုနားတဝိုက္ကို အနည္းငယ္ပတ္ၿပီး လမ္းေလွ်ာက္ေပးလိုက္ပါ..။
မိမိခႏၶာကိုယ္အႏွံ႔ ေရေမႊးနံ႔ေလးေရာက္ရွိသြားေစသလို မိမိလမ္းေလွ်ာက္သြားရာ လမ္းတစ္ေလွ်ာက္မွာလည္း ထိုအနံ႔သင္းသင္းေလးေလ ထုထဲမွာက်န္ရွိေနတတ္ပါတယ္..။
ဒါေလးေတြအကုန္လုပ္ၿပီးရင္ သင့္အတြက္ စန္းပြင့္ေစမယ့္ အစီအရင္တစ္ခုၿပီးပါၿပီ။ ၫႊန္ၾကားခဲ့တဲ့ေ ရခ်ိဳးနည္းေလးျပဳလုပ္ၿပီး (၂၄ )နာရီအၾကာမွာ စတင္ၿပီးအစြမ္းျပပါလိမ့္မယ္ သင့္အတြက္ထူးျခားတဲ့ ရလာဘ္ေကာင္းေလးေတြ ႀကဳံလာရသလိုေရေမႊးနဲ႔သန႔္စင္တဲ့ အစြမ္းေၾကာင့္ မိမိနဲ႔ဆန႔္က်င္ဖက္ေတြအေပၚ တမူထူးျခားၿပီး ဆြဲေဆာင္မႈရွိေနတာကို ထူးထူးျခားျခားသတိျပဳမိေနေစမွာပါ..။
စန္းအားေကာင္းမြန္လာျခင္းသည္ အခ်စ္ေရးမွာ ကံေကာင္းလာျခင္း တစ္ခုတည္းအတြက္ဆိုလိုျခင္းမဟုတ္ပဲ မိမိေနထိုင္ရာ ပတ္ဝန္းက်င္နဲ႔ ရွင္သန္ရာေနရာတိုင္းမွာ လူခ်စ္လူခင္မ်ားျပားေစၿပီး ကူညီေစာင္မသူေပါမ်ားလာျခင္းပါ..။
ေရခ်ိဳးတဲ့နည္းလမ္းေလးကို တစ္ပတ္ကိုတစ္ႀကိမ္ေလာက္ေတာ့ မျဖစ္မေနလုပ္သင့္ၿပီး ေရေမႊးေလးကိုေတာ့ေန႔စဥ္အတြက္ ဆြတ္ျဖန္မႈျပဳလုပ္လို႔ရပါတယ္ ဆိုတဲ့အေၾကာင္းေလးေျပာရင္း မိတ္ေဆြမ်ားလည္းသိရွိေစေအာင္ ေဝမွ်ေပးပါဦးလို႔ ေမတၱာရပ္ခံပါရေစ..။
ခ်စ္ေသာစိတ္ျဖင့္ . . . . . .
ရဲထက္မြန္ 09794463221
Unicode
ဟိုးရှေးအခါကသဘာဝရဲ့စွမ်းအားတွေကိုသိမြင်ပြီး အသုံးပြုလာကြတဲ့သူတွေဟာမှော်အတတ်ပညာရှင် တွေအဖြစ်လူတွေရဲ့သတ်မှတ်ခြင်းခံရသလို..၊
တချို့သောပညာရှင်တွေကျပြန်တော့ စုန်းအဖြစ် သမုတ်ပြီး ကြောက်ရွံ့လာကြပါတယ်။ ထိုပညာရှင်တွေ ရှာဖွေသိရှိခဲ့တဲ့ သစ်ပင်တွေရဲ့အစွမ်းနဲ့ မကောင်းသောလှိုင်းတွေကို
ပယ်ရှားစေတဲ့နည်းလမ်းပေါင်းများစွာကို သိရှိခဲ့ကြပြီး လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးကတော့ အယ်လ်ကိုဟောနဲ့သန့်စင်မှုပြုခြင်းပါ..။
ဒါကြောင့် ရှေးဟောင်းဂျစ်ပစီလူမျိုးတွေဟာ တားရော့ကဒ်တွေကိုနိမိတ်ဟောပြောဖို့ပဲဖြစ်ဖြစ် အသုံးပြုခါနီး၎င်းတို့ရဲ့ လက်တွေကိုအရက်နဲ့ဦးစွာ ဆေးကြောမှုပြုကြပါတယ်..။
သဘောကတော့ သူတို့တစ်နေ့တာမှာ ပြုမူလုပ်ဆောင်မှုတွေက ရရှိခဲ့တဲ့မကောင်းတဲ့ (wave)လှိုင်းတွေဟာ လက်ကနေတစ်ဆင့်သူတို့ရဲ့ တားရော့ကဒ်အပေါ်စီးကူးပြီး နိမိတ်ဖတ်
တားရော့မှတဆင့် ကျိန်စာတားရော့တွေ အဖြစ်ရောက်ရှိသွားမှာ စိုးရွံ့သလ ိုတားရော့ကိုလည်း အသက်ရှိတဲ့အရာအဖြစ်သတ်မှတ်ထားလို့ ရှုပ်ထွေးမှုတွေဖြစ်စေပြီး ဟောပြောချက်တွေ
လွဲစေမှာစိုးရိမ်ကြတဲ့အတွက်ပဲဖြစ်ပါတယ်..။
ဒါ့အပြင် အခြားသောမကောင်းတဲ့ ခံစားချက်တွေများတဲ့အခါ အလုပ်အကိုင်တွေ အဆင်မပြေမှုများလာတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ် အစီအရင်တွေပြုလုပ်ခါနီးပဲဖြစ်ဖြစ် အစီအရင်မပြုလုပ်မီအရက်နှင့် ရေချိုးသန့်စင်ခြင်းပြုကြပါတယ်..။
ကျွန်တော်တို့အနေနဲ့နေ့စဉ်ဆက်ဆံပေါင်းသင်းလုပ်ကိုင်ရတဲ့ပတ်ဝန်းကျင်မှပြုမူလုပ်ဆောင်မှုတွေကနေတဆင့်မမြင်ရတဲ့(Wave)လှိုင်းတွေဟာကပ်ငြိပါလာတတ်ပါတယ်..။
ထို့အတူထို လှိုင်းတွေဟာ တူရာစုခြင်းသဘောတရားအတိုင်းတူညီတဲ့ အရာတွေကို ဆင့်ခေါ်တတ်ကြပါတယ်..။
ဒါ့အပြင် နေ့စဉ်ပြုမူလုပ်ဆောင်မှုတွေကနေတဆငိ့သာမက မိမိတို့ခန္ဓာကိုယ်မှထွက်ရှိတဲ့ အညှီအညစ်အကြေးတွေကနေလည်း မကောင်းသောလှိုင်းတွေကို ဆွဲဆောင်တတ်ကြပြီး..။
မိမိမှာထိုလှိုင်းတွေကြောင့် လုပ်ကိုင်ရာ ပတ်ဝန်းကျင်မှာ ဘာပဲလုပ်လုပ် အဆင်ပြေမှုနည်းပါးခြင်း မိမိအပေါ်နိုင့်ထက်စီးနင်းဆက်ဆံသူပေါများနေတတ်ပြီး မိမ်အိမ်ထောင်ဖက်ချစ်သူ ကိုယ်တိုင်ကအပြင် မိမိအပေါ်နားလည်ပေးနိုင်စွမ်း လျော့ကျမှုတွေဖြစ်ပြီး စွန့်ခွာသွားတတ်ပါတယ်..။
ဒီလိုဆုံးရှုံးမှုတေ ွကြုံတွေ့နေရပြီဆိုလျှင ်မိမိရဲ့စန်းအားတွေ သုညအောက်ကို ယူဇနာထောင်ချီကိုကျနေပြီလို့သာ မှတ်ပေတော့..၊
ဦးစွာ မိမိကံဇာတာတွေပြန်လည်တက်လာပြီး မိမိခန္ဓာပေါ်မှာကျရောက် ကပ်ငြိစွဲကပ်နေတဲ့ မကောင်းတဲ့အညစ်အကြေး လှိုင်းတွေကို ပယ်ဖျက်ဖို့အတွက် ရေပုံးလေးတစ်ပုံးထဲကိုရေထည့်ပါ..။
တရော်ကင်ပွန်းလေးနှစ်ထုပ်လောက်ရောပါ။ ဆားအနည်းငယ်နဲ့ ရှာလကာရည်လေးထည့်ပါ။ တစ်ခုနဲ့တစ်ခုရောနှောသွားအောင် အနည်းငယ်မွှေရပါမယ်..။
မွှေတဲ့အခါမှာလည်း ရှေးဟောင်းအယူအဆလေး တစ်ခုအတိုင်းပေါ့ နာရီလက်တံပြောင်းပြန် လက်ဝဲရစ်လေး မွှေရပါမယ်..။
ထိုသို့ပြုလုပ်ပြီးပါက ထိုရေနဲ့ခေါင်းလျှော်ခြင်း အရင်ပြုပါ။ ပြီးလျှင်ကျန်ရှိနေတဲ့ရေကိုဆက်ပြီး မိမိခန္ဓာကိုအနံ့အပြားကို ပတ်ဖြန်းသန့်စင်ပေးပါ..။
ဒါလေးပြီးရင်တော့နှစ်သက်ရာရေချိုးဆပ်ပြာကို အသုံးပြုပြီး ရေဝဝချိုးချလို့ရပါပြီ။ ယခုကဲ့သို့ရေချိုးမင်္ဂလာပြုခြင်းလေး ပြုပြီးရင်သင်ဟာသန့်စင်တဲ့လူတစ်ယောက်ဖြစ်နေပါပြီ..။
ဒါကြောင့်ပိုမိုပြီး သန့်စင်မှုလေးရရှိအောင် အလင်းဓာတ်လေးယူရပါမယ်။ထွေထူးလုပ်ဖို့မလိုပါဘူး ဖယောင်းတိုင်လေးတစ်တိုင်ထွန်းပြီ းငြိမ်ငြိမ်လေးထိုဖယောင်းတိုင်လေးရှေ့မှာထိုင်နေရုံပါပဲ..၊
ဒါလေးတွေအကုန်ပြီးပြီဆိုရင်တော့ ရေမွှေးဆွတ်တဲ့အပိုင်းလေးရောက်ပါပြီ။ ရေမွှေးကို ဘယ်လိုဆွတ်ဖြန်းရမလဲ ဆိုင်အထက်ကရှင်းပြခဲ့တဲ့အတိုင်း မိမိခန္ဓာကိုယ်ကမကောင်းတဲ့ အညှီတွေထွက်ရှိတဲ့နေရာကိုဆွတ်ဖြန်းသန့်စင်ရပါမယ်..။
ပြီးရင်တော့မိမိမျက်နှာရှေ့တည့်တည့် အထက်နားကိုရေမွှေးလေးပတ်ဖြန်းပြီး ထိုနားတဝိုက်ကို အနည်းငယ်ပတ်ပြီး လမ်းလျှောက်ပေးလိုက်ပါ..။
မိမိခန္ဓာကိုယ်အနှံ့ ရေမွှေးနံ့လေးရောက်ရှိသွားစေသလို မိမိလမ်းလျှောက်သွားရာ လမ်းတစ်လျှောက်မှာလည်း ထိုအနံ့သင်းသင်းလေးလေ ထုထဲမှာကျန်ရှိနေတတ်ပါတယ်..။
ဒါလေးတွေအကုန်လုပ်ပြီးရင် သင့်အတွက် စန်းပွင့်စေမယ့် အစီအရင်တစ်ခုပြီးပါပြီ။ ညွှန်ကြားခဲ့တဲ့ေ ရချိုးနည်းလေးပြုလုပ်ပြီး (၂၄ )နာရီအကြာမှာ စတင်ပြီးအစွမ်းပြပါလိမ့်မယ် သင့်အတွက်ထူးခြားတဲ့ ရလာဘ်ကောင်းလေးတွေ ကြုံလာရသလိုရေမွှေးနဲ့သန့်စင်တဲ့ အစွမ်းကြောင့် မိမိနဲ့ဆန့်ကျင်ဖက်တွေအပေါ် တမူထူးခြားပြီး ဆွဲဆောင်မှုရှိနေတာကို ထူးထူးခြားခြားသတိပြုမိနေစေမှာပါ..။
စန်းအားကောင်းမွန်လာခြင်းသည် အချစ်ရေးမှာ ကံကောင်းလာခြင်း တစ်ခုတည်းအတွက်ဆိုလိုခြင်းမဟုတ်ပဲ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နဲ့ ရှင်သန်ရာနေရာတိုင်းမှာ လူချစ်လူခင်များပြားစေပြီး ကူညီစောင်မသူပေါများလာခြင်းပါ..။
ရေချိုးတဲ့နည်းလမ်းလေးကို တစ်ပတ်ကိုတစ်ကြိမ်လောက်တော့ မဖြစ်မနေလုပ်သင့်ပြီး ရေမွှေးလေးကိုတော့နေ့စဉ်အတွက် ဆွတ်ဖြန်မှုပြုလုပ်လို့ရပါတယ် ဆိုတဲ့အကြောင်းလေးပြောရင်း မိတ်ဆွေများလည်းသိရှိစေအောင် ဝေမျှပေးပါဦးလို့ မေတ္တာရပ်ခံပါရစေ..။
ချစ်သောစိတ်ဖြင့် . . . . . .
ရဲထက်မွန် 09794463221