Cele News

ဆေးရုံကနေ ပထမဦးဆုံးအကြိမ် အိမ်ပြန်လာမယ့် ညီမလေးကို ရင်ခုန်စွာစောင့်ဆိုင်းနေကြတဲ့ ဖစ်ဖစ်နဲ့ ချစ်ချစ်ရဲ့ ပုံရိပ်

Written by Aung Lay




Source: Phit Phit Chit Chit’s fb

Unicode

အဆိုတော် R ဇာနည်ကတော့ သူ့ရဲ့ တေးသီချင်းတွေကြောင့်သာမက သူ့ရဲ့ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးကြောင့် ပရိသတ်တွေကြား ထင်ရှားတာပဲ ဖြစ်ပါတယ်။ R ဇာနည်ရဲ့ သားလေးနှစ်ယောက်ဖြစ်တဲ့ ဖစ်ဖစ်နဲ့ချစ်ချစ်ကလည်း ဖေဖေ၊ မေမေနဲ့တူပြီး ချစ်စရာကောင်း၊ လိမ္မာရေးခြားရှိတာကြောင့် ပရိသတ်တွေ အသည်းစွဲချစ်နေရတာပဲ ဖြစ်ပါတယ်။ R ဇာနည်က အခုဆိုရင် ဖစ်ဖစ်နဲ့ချစ်ချစ်အပြင် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်နေရပြီပဲ ဖြစ်ပါတယ်။

မနေ့က မေလ (၁၇) ရက်နေ့မှာတော့ R ဇာနည် က သမီးလေးကို ဆေးရုံကနေ အိမ်ပြန်ခေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ကိုကိုကြီး ဖစ်ဖစ်နဲ့ချစ်ချစ်ကလည်း ညီမလေးအိမ်ပြန်လာမယ့်အချိန်ကို ဘောလုံးလေးတွေကိုင်ပြီး ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတာကို တွေ့ရပါတယ်။

R ဇာနည်ကတော့ ဖစ်ဖစ်နဲ့ချစ်ချစ်ဆိုတဲ့ သားလေးနှစ်ယောက်အပြင် သမီးလေးတစ်ယောက်ကို ထပ်မံပိုင်ဆိုင်ရလို့ ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့လည်း ညီမလေးတစ်ယောက်ထပ်ရလို့ ပျော်ရွှင်နေကြမယ် ထင်ပါတယ်နော်။

About the author

Aung Lay

Leave a Comment