ၾကားသိရသမ်ွ

အိမ်နီးချင်းတစ်ယောက် ပြောပြသည့် ကူးစက်မှုလမ်းကြောင်းမတွေ့တဲ့ လူနာအမှတ် ၁၈၃ ရဲ့အကြောင်း

Written by Aung Lay

စစ္မွန္တဲ့ ကိုယ္ခ်င္းစာတရား ထားႏိုင္ၾကပါေစ။Case 183 ေနထိုင္ရာ ၂ ရပ္ကြက္၊မင္းရဲေက်ာ္စြာလမ္းဟာ ကြၽန္မတို႔လမ္း ျဖစ္ပါတယ္။ဒီေန႔ည ကြၽန္မ ဆိုင္မွာရွိေနတုန္း (၈)နာရီေက်ာ္ေလာက္မွာ ဒီသတင္းကို သိရပါတယ္။လမ္းထဲက ခင္မင္သူေတြကလည္း ဖုန္းဆက္ေျပာလို႔ ဆိုင္သိမ္းၿပီး အိမ္ကိုျပန္လာခဲ့ပါတယ္။

လမ္းထိပ္ေရာက္ေတာ့ maskတပ္ထားတဲ့ လူအုပ္ႀကီး တီးတိုးတီးတိုးေျပာေနၾကတာေတြ၊ Case 183 အိမ္ကို မေက်နပ္တဲ့မ်က္လုံးေတြနဲ႔ၾကည့္ေနတာေတြ၊တရားခံလာဖမ္းသလို အိမ္ေရွ႕မွာေစာင့္ၾကပ္ေနတာေတြ ျမင္မေကာင္းေအာင္ျမင္ရ၊ ၾကားမေကာင္းေအာင္ ၾကားေနရပါတယ္။လူသတ္တရားခံတို႔၊ မုဒိမ္းမႈက်ဴးလြန္တဲ့သူတို႔၊

အျပစ္တခုခုက်ဴးလြန္လို႔ လာဖမ္းရင္ေတာင္ လူေတြကေလ “ငါတို႔ကိုမ်ားလာသတ္မလား” ဆိုၿပီး ေၾကာက္လို႔ အိမ္အျပင္ကိုထြက္ၾကည့္ၾကမွာမဟုတ္ပါဘူး။ေအာ္… လူေတြ ပါးစပ္ကေတာ့ ကိုယ္ခ်င္းစာတရား လက္ေတြ႕မွာေတာ့ အတၱသမားေတြပါလား လို႔ေတြးမိရင္း ကြၽန္မစိတ္မေကာင္းျဖစ္ရပါတယ္။

Case 183 က သေဘာသၤားတစ္ေယာက္ပါ။ (၁)လပိုင္းေလာက္တည္းက စင္ကာပူကျပန္လာတာ။အဲ့အခ်ိန္တုန္းက ျမန္မာျပည္မွာ ေအးေဆးပါပဲ။ (၃)လပိုင္းေလာက္မွာ သူ႔အေမကိုေဆးခန္းလိုက္ပို႔ရင္း အေမျဖစ္သူမွာ အဖ်ားရွိလို႔ သားအမိႏွစ္ေယာက္လုံး Facility Quarantine ဝင္ထားၿပီးသားပါ။

ႏွစ္ေယာက္လုံး Nျပလို႔ သူတို႔အိမ္မွာပဲေနၿပီး ၊ အခ်ိန္တန္ရင္ သူ႔အေမကို ေဆးခန္းျပေပးလိုက္၊အိမ္မွာပဲ ျပဳစုလိုက္လုပ္ေနသူပါ (ဒီေန႔မွ P ျပတာေတာ့ သူဟာ silent carrier လား၊ ဒီၾကားထဲ fever clinic ေတြသြားရင္းနဲ႔ ကူးတာလား ဆိုတာေတာ့ ေသခ်ာမသိေသးပါ)ရပ္ကြက္ထဲမွာ တစ္အိမ္တက္ဆင္း အတင္းလိုက္တုပ္၊

သူမ်ားမေကာင္းေၾကာင္း ကိုယ့္ေကာင္းေၾကာင္းေျပာၿပီး ပိုက္ဆံလိုက္ေခ်းေနသူလဲ မဟုတ္ပါ။ သူတို႔မိသားစုက ပညာတတ္ၿပီး အဆင့္အတန္းရွိတဲ့ မိသားစုျဖစ္ပါတယ္။ အခုလည္း သူကိုယ္တိုင္ေက်ေက်နပ္နပ္နဲ႔ ေဝဘာဂီကိုသြားမွာပါ။ သူ႔မိသားစုလည္း Q ဝင္မွာပါ။ခုေတာ့ ေသဒဏ္က်ခံရမယ့္ အျပစ္သားႀကီးတစ္ေယာက္လို

တစ္ရပ္ကြက္လုံး ဆူညံဆူညံ ပြက္ေလာ႐ိုက္ၿပီး လာေခၚတာေတာ့ စိတ္မေကာင္းပါဘူး။ လူတိုင္းေတာ့ ေသမွာေၾကာက္ၾကတာခ်ည္းပါပဲ၊မေၾကာက္ဘူးဆိုတာ အလကားေျပာတာ။ ကြၽန္မလဲ ေသမွာေၾကာက္တာပဲ။စစ္မွန္တဲ့ စာနာမႈတရားေလး လက္ကိုင္ထားႏိုင္ၾကပါေစ။Case 183 က အိမ္အမွတ္ 198 ပါ ကြၽန္မတို႔အိမ္က အိမ္အမွတ္ 197 ပါ။Hnin Wint Aung

Unicode

စစ်မှန်တဲ့ ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ။Case 183 နေထိုင်ရာ ၂ ရပ်ကွက်၊မင်းရဲကျော်စွာလမ်းဟာ ကျွန်မတို့လမ်း ဖြစ်ပါတယ်။ဒီနေ့ည ကျွန်မ ဆိုင်မှာရှိနေတုန်း (၈)နာရီကျော်လောက်မှာ ဒီသတင်းကို သိရပါတယ်။လမ်းထဲက ခင်မင်သူတွေကလည်း ဖုန်းဆက်ပြောလို့ ဆိုင်သိမ်းပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။

လမ်းထိပ်ရောက်တော့ maskတပ်ထားတဲ့ လူအုပ်ကြီး တီးတိုးတီးတိုးပြောနေကြတာတွေ၊ Case 183 အိမ်ကို မကျေနပ်တဲ့မျက်လုံးတွေနဲ့ကြည့်နေတာတွေ၊တရားခံလာဖမ်းသလို အိမ်ရှေ့မှာစောင့်ကြပ်နေတာတွေ မြင်မကောင်းအောင်မြင်ရ၊ ကြားမကောင်းအောင် ကြားနေရပါတယ်။လူသတ်တရားခံတို့၊ မုဒိမ်းမှုကျူးလွန်တဲ့သူတို့၊

အပြစ်တခုခုကျူးလွန်လို့ လာဖမ်းရင်တောင် လူတွေကလေ “ငါတို့ကိုများလာသတ်မလား” ဆိုပြီး ကြောက်လို့ အိမ်အပြင်ကိုထွက်ကြည့်ကြမှာမဟုတ်ပါဘူး။အော်… လူတွေ ပါးစပ်ကတော့ ကိုယ်ချင်းစာတရား လက်တွေ့မှာတော့ အတ္တသမားတွေပါလား လို့တွေးမိရင်း ကျွန်မစိတ်မကောင်းဖြစ်ရပါတယ်။

Case 183 က သဘောင်္သားတစ်ယောက်ပါ။ (၁)လပိုင်းလောက်တည်းက စင်ကာပူကပြန်လာတာ။အဲ့အချိန်တုန်းက မြန်မာပြည်မှာ အေးဆေးပါပဲ။ (၃)လပိုင်းလောက်မှာ သူ့အမေကိုဆေးခန်းလိုက်ပို့ရင်း အမေဖြစ်သူမှာ အဖျားရှိလို့ သားအမိနှစ်ယောက်လုံး Facility Quarantine ဝင်ထားပြီးသားပါ။

နှစ်ယောက်လုံး Nပြလို့ သူတို့အိမ်မှာပဲနေပြီး ၊ အချိန်တန်ရင် သူ့အမေကို ဆေးခန်းပြပေးလိုက်၊အိမ်မှာပဲ ပြုစုလိုက်လုပ်နေသူပါ (ဒီနေ့မှ P ပြတာတော့ သူဟာ silent carrier လား၊ ဒီကြားထဲ fever clinic တွေသွားရင်းနဲ့ ကူးတာလား ဆိုတာတော့ သေချာမသိသေးပါ)ရပ်ကွက်ထဲမှာ တစ်အိမ်တက်ဆင်း အတင်းလိုက်တုပ်၊

သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းပြောပြီး ပိုက်ဆံလိုက်ချေးနေသူလဲ မဟုတ်ပါ။ သူတို့မိသားစုက ပညာတတ်ပြီး အဆင့်အတန်းရှိတဲ့ မိသားစုဖြစ်ပါတယ်။ အခုလည်း သူကိုယ်တိုင်ကျေကျေနပ်နပ်နဲ့ ဝေဘာဂီကိုသွားမှာပါ။ သူ့မိသားစုလည်း Q ဝင်မှာပါ။ခုတော့ သေဒဏ်ကျခံရမယ့် အပြစ်သားကြီးတစ်ယောက်လို

တစ်ရပ်ကွက်လုံး ဆူညံဆူညံ ပွက်လောရိုက်ပြီး လာခေါ်တာတော့ စိတ်မကောင်းပါဘူး။ လူတိုင်းတော့ သေမှာကြောက်ကြတာချည်းပါပဲ၊မကြောက်ဘူးဆိုတာ အလကားပြောတာ။ ကျွန်မလဲ သေမှာကြောက်တာပဲ။စစ်မှန်တဲ့ စာနာမှုတရားလေး လက်ကိုင်ထားနိုင်ကြပါစေ။Case 183 က အိမ်အမှတ် 198 ပါ ကျွန်မတို့အိမ်က အိမ်အမှတ် 197 ပါ။Hnin Wint Aung

About the author

Aung Lay

Leave a Comment