ၾကားသိရသမ်ွ

မျက်မမြင် သမီးအတွက် အသက် ၈၀ နဲ့ လောကဓံကို ရင်ဆိုင်နေရတဲ့ အဖွား

Written by Aung Lay

ပရိသတ္တို႔ေရ

ေလာကဓံတရားက အသက္အ႐ြယ္မေ႐ြး ဒုကၡေပးႏိုင္တယ္ဆိုတဲ့ အတိုင္းပဲ အသက္ ၈၀ ရွိေနေပမယ့္ မ်က္မျမင္သမီးေလးအတြက္ ေလာကဓံကို အံတုရင္း လမ္းေဘးက ဗူးခြံေလးေတြေကာက္ၿပီး အသက္ဆက္ေနရတဲ့ အဖြား တစ္ေယာက္ ရွိပါတယ္။

ဒီအဖြားကေတာ့ ေ႐ႊေဈးကိုလည္း မသိသလို ၊ ေဒၚလာေဈးကိုလည္း မသိပါဘူး။ တစ္ေန႔ကို ထမင္းစားေလာက္ေအာင္ ဗူးခြံေကာက္ရဖို႔ပဲ သူသိပါတယ္။ ဒီလို မတ္လရဲ႕ ေႏြပူပူမွာ အသက္ ၈၀ အ႐ြယ္နဲ႔ ႂကြပ္ႂကြပ္ပူေနတဲ့ လမ္းမဟာ ဘယ္လိုမွမလိုက္ဖက္ပါဘူးေနာ္။

ဒါကို သိတဲ့ ေစတနာရွင္တစ္ခ်ိဳ႕ကေတာ့ ဆန္ ၊ ဆီ ၊ ဆား ၊ ငါးေျခာက္ ၊ စတာေတြအျပင္ အားျဖည့္စာမ်ား ေငြသားမ်ားကို သြားေရာက္လႉဒါန္းေပးခဲ့ၾကပါတယ္။

တကယ္လို႔ ပရိသတ္ေတြထဲမွာ ႏြမ္းပါးသူကို ကူညီတတ္တဲ့ စိတ္ေစတနာရွင္မ်ား ပါခဲ့ရင္လည္း သြားေရာက္ကူညီႏိုင္ေအာင္ လို႔ အဖြားေနရပ္ေလးပါ ေဖာ္ျပေပးလိုက္ပါတယ္။

အဖြားက ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕၊ ရပ္ကြက္(၉) ဘူတာဖက္မွာေနပါတယ္။

လမ္းႀကဳံလို႔ပဲ ျဖစ္ျဖစ္ တကူးတကပဲ ျဖစ္ျဖစ္သြားေရာက္ ကူညီေပးႏိုင္ပါတယ္။တကယ္လို႔ ကိုယ္ဟာလည္း လက္လုပ္လက္စားမို႔ မကူညီႏိုင္ရင္ေတာင္ ဒီအေၾကာင္းေလးကို မွ်ေဝေပးလိုက္ၿပီး လူအမ်ားကို သိေစတာဟာလည္း ကုသိုလ္တစ္မ်ိဳးပါပဲေနာ္။

အားလုံး ကိုယ္စိတ္ႏွလုံး ေအးခ်မ္းသာယာၾကပါေစ

Unicode

ပရိသတ်တို့ရေ

လောကဓံတရားက အသက်အရွယ်မရွေး ဒုက္ခပေးနိုင်တယ်ဆိုတဲ့ အတိုင်းပဲ အသက် ၈၀ ရှိနေပေမယ့် မျက်မမြင်သမီးလေးအတွက် လောကဓံကို အံတုရင်း လမ်းဘေးက ဗူးခွံလေးတွေကောက်ပြီး အသက်ဆက်နေရတဲ့ အဖွား တစ်ယောက် ရှိပါတယ်။

ဒီအဖွားကတော့ ရွှေဈေးကိုလည်း မသိသလို ၊ ဒေါ်လာဈေးကိုလည်း မသိပါဘူး။ တစ်နေ့ကို ထမင်းစားလောက်အောင် ဗူးခွံကောက်ရဖို့ပဲ သူသိပါတယ်။ ဒီလို မတ်လရဲ့ နွေပူပူမှာ အသက် ၈၀ အရွယ်နဲ့ ကြွပ်ကြွပ်ပူနေတဲ့ လမ်းမဟာ ဘယ်လိုမှမလိုက်ဖက်ပါဘူးနော်။

ဒါကို သိတဲ့ စေတနာရှင်တစ်ချို့ကတော့ ဆန် ၊ ဆီ ၊ ဆား ၊ ငါးခြောက် ၊ စတာတွေအပြင် အားဖြည့်စာများ ငွေသားများကို သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။

တကယ်လို့ ပရိသတ်တွေထဲမှာ နွမ်းပါးသူကို ကူညီတတ်တဲ့ စိတ်စေတနာရှင်များ ပါခဲ့ရင်လည်း သွားရောက်ကူညီနိုင်အောင် လို့ အဖွားနေရပ်လေးပါ ဖော်ပြပေးလိုက်ပါတယ်။

အဖွားက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက်(၉) ဘူတာဖက်မှာနေပါတယ်။

လမ်းကြုံလို့ပဲ ဖြစ်ဖြစ် တကူးတကပဲ ဖြစ်ဖြစ်သွားရောက် ကူညီပေးနိုင်ပါတယ်။တကယ်လို့ ကိုယ်ဟာလည်း လက်လုပ်လက်စားမို့ မကူညီနိုင်ရင်တောင် ဒီအကြောင်းလေးကို မျှဝေပေးလိုက်ပြီး လူအများကို သိစေတာဟာလည်း ကုသိုလ်တစ်မျိုးပါပဲနော်။

အားလုံး ကိုယ်စိတ်နှလုံး အေးချမ်းသာယာကြပါစေ

About the author

Aung Lay

Leave a Comment