စင်ကာပူ ထက် သာပဟေ့! ..စင်ကာပူ ကို မြန်မာ ကျော်ပြီ (နိုင်ငံတကာ ကပါ အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်)

စင် ကာပူ ထက် သာပဟေ့! ..စင်ကာပူ ကို မြန်မာ ကျော်ပြီ (နိုင်ငံတ ကာ ကပါ အသိ အမှတ် ပြုလိုက် တာ ဖြစ် ပါ တယ်)

ကမ္ဘာ့ နိုင်ငံပေါင်း ၁၈၄ နိုင်ငံ ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရပြီး ပြန်လည် နာလန်ထူသက်သာလာမှုကို နှိုင်းယှဉ်ပြ ထားတဲ့ အညွှန်း ကိန်း အရ မြန်မာနိုင်ငံ က အဆင့် ၂၀ နေရာမှာ ရပ်တည် နေပြီး စင်ကာပူ က အဆင့် ၅၁ ပါ တဲ့။

ဒီ အညွှန်းကိန်း ကို တစ်နိုင်ငံချင်းစီ ရဲ့ လူဦးရေ၊ တစ်ဦးချင်း တိုင်းပြည်ဝင်ငွေ (GDP per capita)၊ ကျန်းမာရေး စောင့်ရှောက်မှုအစီအမံ၊ ရောဂါကူးစက်မှု၊ သေဆုံးမှုနဲ့ ပြန်လည် သက်လာ ပျောက်ကင်းမှုစတဲ့ အချက်အလက် တွေအပေါ် အခြေခံပြီး တွက်ချက်ပေးထားတာ ဖြစ်တယ်လို့ Global Covid-19 Index (GCI) ရဲ့ အချက်အလက်ကို ရည်ညွှန်းပြီး DVB သတင်းဌာနက ဖော်ပြထား တာပါ။

ဒီစာရင်း ရဲ့ ထိပ်ဆုံး မှာ ထိုင်းနိုင်ငံရှိပြီး တောင်ကိုရီးယား နိုင်ငံက ဒုတိယ၊ အခြားသော အာရှနိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနဲ့ ထိုင်ဝမ်က စတုတ္ထနဲ့ ပ ဉ္စမအဖြစ် ကမ္ဘာအဆင့် ထိပ်ဆုံးငါးနေရာမှာ အာရှ လေးနိုင်ငံက ရပ်တည်နေကြ တာ ဖြစ် ပါတ ယ်။ တိုးတက်ပြီး ချမ်းသာကြွယ်ဝတဲ့ နယူးဇီလန်၊ လစ်သူယေးနီးယား၊ ဩစတေးလျ၊ ကနေဒါနဲ့ ဖင်လန်နိုင်ငံတွေက ဆဋ္ဌမကနေ ဒသမနေရာတွေကို ရယူထားပါတယ်။ မြန်မာနိုင်ငံကတော့ ကမ္ဘာ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး… အာရှအဆင့်မှာတော့ ထိုင်း၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ ထိုင်ဝမ်တို့ရဲ့ နောက် အဆင့် ၅ နေရာမှာ ရှိနေတာ ဖြစ် ပါတယ်။

ဒီမှာ ထူးခြားတာက…တစ်တိုင်းပြည် လုံး ကုန်ထုတ် လုပ်မှု အရရော၊ တစ်ဦး ချင်း ဝင်ငွေအရရော ကမ္ဘာ့အဆင့် အချမ်းသာဆုံး နိုင်ငံတွေထဲမှာ ထိပ်တန်းက ပါဝင်တဲ့ ဂျပန်နိုင်ငံက အဆင့် ၃၇ နဲ့ စင်ကာပူနိုင်ငံက အဆင့် ၅၁ တွေမှာ သာ အသီးသီး ရပ်တည်နိုင်ခြင်းပါပဲ။

စစ်အာဏာသိမ်း အစိုးရအဆက်ဆက် အညွှန်း ကိန်း မှန်သမျှ ဘိတ်ချေးတန်း က ဗိုလ်စွဲနေကျ မြန်မာဟာ….သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်မှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်တွေမှာလည်း အောက်တန်းနောက်တန်းကျနေရာက…အခုဆိုရင် အင်အား အကြီးဆုံး နိုင်ငံကြီးတွေအပါအဝင် တစ်ကမ္ဘာလုံးကို နိုင်ငံရေး စီးပွားရေး ပညာရေး ကျန်းမာရေး အားကစားစတဲ့ ကဏ္ဍစုံမှာ ပြိုကျယိုင်လဲမတတ် ဖြစ်စေတဲ့ ကိုဗစ်-၁၉ ရောဂါကပ် ဆိုးကြီးမှာ…

နိုင်ငံ စီးပွားရေး သေးငယ်လွန်း တဲ့ ကြားက၊ ပြည်သူတွေ ဓနအင်အား နွမ်းပါးကြတဲ့ ကြားက၊ ကျန်းမာရေး စောင့်ရှောက်မှု အရင်းအမြစ် နည်းပါးလွန်းတဲ့ ကြားက…ကိုယ့်နိုင်ငံထက် အဘက်ဘက် မှာ အပြတ်အသတ် သာလွန်နေ တဲ့ စင်ကာပူနဲ့ ဂျပန်ထက်တောင် အညွှန်းကိန်း သိသိသာသာ မြင့်မားသွားရတာဟာ…

ခေါင်းဆောင်ကောင်း ရဲ့ အချိန်နဲ့ တပြေးညီ မျက်ခြေမပြတ် လေ့လာ ကြားနာ ညှိနှိုင်းပြီး မဟာဗျူဟာချမှတ်နိုင်မှု ကျန်းမာရေး ဝန်ကြီးရဲ့ အသေးစိတ် အကွက်ကျကျ စီမံခန့်ခွဲနိုင်မှု ကျန်းမာရေး ဝန်ထမ်းတွေရဲ့ မခိုမကပ် အသက်ပဓာနမထား ကုသစောင့်ရှောက်ပေးမှု အစိုးရရဲ့ အခြေခံလူတန်းစားတွေ သက်သာချောင်ချိရေး အတတ်နိုင်ဆုံး စီစဉ်ပေးမှုတွေကြောင့်အပြင်… အရေး အကြီးဆုံး ဖြစ်တဲ့ ပြည်သူအများစု ရဲ့ စည်းကမ်းသေဝပ်စွာ လိုက်နာပြီး ပူးပေါင်းဆောင် ရွက်မှုတွေကြောင့်သာ ဖြစ်တ ယ်။

အရင်ကသာဆိုရင် ဒီလိုမျိုး ဆင်းရဲတဲ့ နိုင်ငံငယ်လေးက ကပ်ဘေးကို ကြံံ့ကြံ အခံနို င်ဆုံး ထိပ်ဆုံး နိုင်ငံ ၂၀ စာရင်း ဝင်နိုင်လိမ့်မယ်လို့ အိပ်မက်တောင် မက်ရဲမှာ မဟုတ်တဲ့ အပြင်… အိမ်နီးချင်းနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့မှာ ကာကွယ်ဆေး မရှိ၊ ကုသဆေး မရှိသေး တဲ့ ကူးစက်မြန် သေနှုန်းမြင့် ကပ်ရောဂါကြီး အရှိန်အဟုန် ပြင်းပြင်း ပြန့်ပွားလာချိန်မှာ စိတ်လျှော့ပြီး လက်မှိုင်ချနေရဖို့သာ များ ပါတယ်။

တကယ်လည်း ကပ်ရောဂါ စတင် ဖြစ်ပွားခါစမှာ မြန်မာလို ပြည်တွင်း စစ်ဒဏ်ခံ ငမွဲနိုင်ငံ ဟာ ဒီကပ်ဆိုးဒဏ်ကို မခံနိုင်လောက်ဘူးဆိုတဲ့ ပြည်တွင်း ပြည်ပ ခန့်မှန်းချက်တွေ ထွက်ခဲ့သလို…ပြည်သူတွေ ကိုယ်တိုင်လည်း ကိုယ့်နိုင်ငံ ရဲ့ ကျန်းမာရေး စောင့်ရှောက်နိုင်စွမ်း အဆင့် အတန်းကို သိထားသူတွေမို့ စိတ်အားငယ်ခဲ့ကြရုံသာမက ကျန်းမာရေး ဝန်ကြီးရဲ့ ရောဂါ ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်ထားတာတွေ လာကြည့် ဖျားသွားမယ် ဆိုတဲ့ အားပေးစကား ကိုတောင် မယုံမကြည် ဝိုင်းဟားခဲ့ကြသေးတာပါ။

အခုတော့ မက်ခဲ့ဖူးတဲ့ အိပ်မက်မျိုး တကယ် ဖြစ်လာတာမျိုးတောင် မဟုတ်ဘဲ… တစ်သက် နဲ့ တစ်ကိုယ် မက်တောင် မမက်ရဲခဲ့ဖူးတဲ့ အိပ်မက်မျိုးက အမှန်တကယ် အသက်ဝင်လာနေတာပါ။ အနှစ်နှစ်ဆယ်အတွင်း စင်ကာပူ စီးပွားရေးကို ကျော်တက်နိုင်ရမယ် ဆိုတာဟာ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြက်ရယ်ပြုရလောက်အောင် ခက်ခဲ မယ့် အလုပ် မျိုး ဆိုရင်… အခုလို ကမ္ဘာ့ ကပ်ရောဂါဘေးကြီးမှာ စီးပွားရေး အင်အားရော ကျန်းမာရေး စောင့်ရှောက်မှု စနစ်ရော အပြတ်အသတ် သာလွန်တဲ့ စင်ကာပူထက် ရောဂါ ကာကွယ် တားဆီး တိုက်ဖျက်ရေးမှာ သာလွန်အောင် စွမ်းဆောင်နိုင်မယ် ဆိုတာ ဟာ လည်း တန်းတူခက်ခဲတဲ့ ယုံတမ်းစကားလိုမျိုးသာ ဖြစ်လိမ့်မယ် ဆိုတာ ငြင်းနိုင်သူ ရှိမယ် မထင်ပါဘူး။

အခုတော့ ပြည်သူသာ အဓိက ဆို သလို တိုင်းရင်းသား ပြည်သူအားလုံးဟာ မိမိတို့ ကျန်းမာရေးအတွက် ငဲ့ပြီး အနီ အစိမ်းမခွဲ အစိုးရနဲ့ လက်တွဲ ညီညွတ်ခဲ့ကြလို့ ယုံတမ်းစကားအဆင့်ကနေ လက်တွေ့အောင်မြင်မှုဆီကို လှမ်းတက် လာနိုင်ပြီ ဖြစ်တာ မို့… နိုင်ငံရေး ငြိမ်းချမ်းရေးတွေမှာလည်း အစိုးရနဲ့ တိုင်းရင်းသား ပြည်သူ အားလုံး စိတ်ထားတူညီ ကြိုးစားရင်ဖြင့် နောက် ဆယ့်ခြောက်နှစ်မှာ စင်ကာပူရဲ့ စီးပွားရေး (GDP) ကို ကျော် မတက်နိုင်ဘူးလို့ မပြောနို င်ပါဘူး။

ကိုယ့်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ဘေး ကို အန်တုနိုင်စွမ်း က ကမ္ဘာ့အဆင့် ၂၀ မှာ ရပ်တည်နိုင်တဲ့ အောင်မြင်မှုကို ပိုမို မြင်သာအောင် နှိုင်းယှဉ်ပြရရင်… ကိုဗစ်-၁၉ ရောဂါရဲ့ ရင်းမြစ်နိုင်ငံ ဖြစ်တဲ့ တရုတ်လို လူအား ငွေအား နည်း ပညာအား အပြင် တစ်သွေး တစ်သံ တစ်မိန့်နဲ့ အကြွင်းမဲ့ အာဏာအားကိုပါ သုံးနိုင်တဲ့ နျူကလီးယား လက်နက်ရှင် ကမ္ဘာ့ စီးပွားရေး နံပါတ် ၂ နိုင်ငံမျိုးတောင် နာလန်ထူညွှန်ကိန်း အဆင့် ၃၅ မှာပဲ ရပ်တည်နိုင်သလို…

စီးပွားရေး၊ စစ်ရေး၊ ပညာရေး သိပ္ပံနဲ့ နည်းပညာ၊ ကျန်းမာရေးနဲ့ ဆေးပညာ အပါ အဝင် ကဏ္ဍတိုင်းလိုလိုမှာ ကမ္ဘာ့နံပါတ်တစ် အဖြစ် အမြဲလိုလို ဗိုလ်စွဲနေကျ အမေရိကန်ဟာတော့ ဒီကပ်ဘေးမှာတော့ စီမံခန့်ခွဲမှု ညံဖျင်းပြီး ပေါ့ဆလွန်းတဲ့ ခေါင်းဆောင်နဲ့ ပရမ်း ပတာနိုင်လွန်း ငါတကောကောလွန်းတဲ့ ပြည်သူတွေ အချင်းချင်း အစေးမကပ် မညီညွတ်မှုကြောင့် အညွှန်းကိန်း အဆင့် ၁၂၀ မှာသာ ရှက်ဖွယ်လိလိ ရပ်တည်နေရတာ ဖြစ် ပါတယ် ။

အမေရိကန်၊ ရုရှ၊ တရုတ်၊ ဗြိတိန်၊ ပြင်သ စ်၊ အီတလီ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်တို့လို နိုင်ငံမျိုးတွေ အဆင့် ၂၀ အတွင်း ရပ်တည်နေနိုင်မယ် ဆိုရင် ဘာမှ မဆန်းပေမဲ့…မြန်မာလို နိုင်ငံက အဆင့် ၂၀ မှာ ရပ်တည်နိုင် တာ ဟာ အံသြဘနန်း ဖြစ်စဉ် ဖြစ်ပြီး ဒီလို Miracle မျိုးကို လူထုခေါင်းဆောင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ်အစိုးရနဲ့ ပြည်သူတွေ အားလုံး လက်တွဲညီညီ ဖန်တီးနိုင်ခဲ့ တာ ပဲ ဖြစ်တယ်။

ဒီစာဟာ ဒီချုပ်ကို လော်ဘီ လုပ်တဲ့စာလို့ စွပ်စွဲမယ် ဆိုရင် ငြင်းဖို့ စိတ်ကူး လုံးဝ မရှိပေမဲ့… အစိုးရ ကောင်းကြောင်းထက် ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှုကြောင့် ဒီကပ်ဘေးမှာ ဒီနိုင်ငံ သက်သာရာ ရနေတာကို သတိပေး လိုတဲ့ ရည်ရွယ်ချက် ကလည်း အဓိကကျကျ ပါဝင်ပါတယ်။ ကိုဗစ်-၁၉ စတင် ဖြစ်ပွားတဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းကနေ အခုလက်ရှိ အချိန်အထိ… ကမ္ဘာမှာ… အတည်ပြုလူနာ ၁၇ သန်းကျော် သေဆုံးသူ ၆ သိန်း ၇ သောင်းကျော် ပျောက်ကင်းသွား သူ ၁၁ သန်းကျော် မပျောက်ကင်းသေးသူ ၅ ဒသမ ၉ သန်း နီးပါး ရှိနေစဉ်မှာ…

မြန်မာမှာ… အတည်ပြုလူနာ ၃၅၃ ဦး သဆေုံးသူ ၆ ဦး ပျောက်ကင်းသွားသူ ၂၉၆ ဦး မပျောက်ကင်းသေးသူ ၅၁ ဦးသာ ရှိတော့တာကို…Covid Visualizer က ကူးယူ ဖော်ပြထားတဲ့ ပူးတွဲပါ ပုံမှာ နှိုင်းယှဉ်ကြည့်နိုင် ပါတ ယ်။

မြန်မာနိုင်ငံ မှာ ကိုဗစ်-၁၉ စတင် ဖြစ်ပွားစဉ်က ရောဂါ သက်သာမှုဟာ အင်မတန် နှေးကွေး နည်းပါးတဲ့အတွက် ပျောက်ကင်းနှုန်း ၁၀ ရာခိုင်နှုန်းအောက်သာ ရှိလို့ စိတ်ပျက်အားငယ် ကြောက် ရွံ့ကြ… အတည်ပြု လူနာ ၂၂ ဦးမှာ ၃ ဦး သေဆုံးသွားချိန်မှာ သေနှုန်းက ၁၃ ရာခိုင်နှုန်းတောင် ကျော်သွားလို့ ခံစစ်ကျိုးပေါက်ပြီလို့ အစိုးရကို ဝိုင်းဆဲခဲ့ကြပေမဲ့… အခုလက်ရှိအချိန်မှာတော့ ပြုစုစောင့်ရှောက်မှု ကောင်းတဲ့ အတွက် သက်သာ ပျောက်ကင်းသွားသူ အရေ အတွက် ဟာ ကူးစက်ခံရသူ အတည်ပြုလူနာ အရေအတွက်ရဲ့ ၈၃ ရာခိုင်နှုန်းကျော်အထိ ရှိနေပြီး… သေဆုံးသူက ၆ ဦးမှာသာ ရပ်တန့်နေတဲ့အတွက် သေနှုန်းဟာလည်း ၁ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိပါတော့ တယ်။

အတည်ပြု ကူးစက် လူနာ တွေ့ရှိမှု ကျဆင်းနေပြီး သေဆုံးနှုန်း က မတက်ဘဲ အောက်နားမှာတင် တန်းနေတာကို အားတက်ဖွယ် တွေ့ရမှာပါ။ ဒါဟာ စစ်ဆေးချက်တွေ၊ ကိန်းဂဏန်း အချက်အလက်တွေအရ အခြေအနေ မကောင်းခင် အကြောက် တရား စိုးမိုးနေချိန်က ပြည်သူအများစုဟာ လက်ဆေးကြပါ၊ Mask တပ်ကြပါ၊ လူမစုဝေးကြပါနဲ့၊ မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့ ဆိုတဲ့ စည်းကမ်းချက်တွေကို တိတိ ကျကျ လိုက်နာခဲ့ကြတာ ရဲ့ ရလဒ် အသီးအပွင့်ကို ခံစားနေရတာပဲ ဖြစ်တယ်။

အခုအခါမှာတော့ ရလဒ်တွေ ကောင်းလာတာ နဲ့အမျှ မကြောက်ကြတော့ဘဲ New Normal ကို အသားကျအောင် ကြိုးစားရမယ့်အစား နေရာတကာမှာ Old Normal ပြန်ဖြစ်နေကြပြီဆိုတာကို စိုးရိမ်စဖွယ် တွေ့နေရပါတယ်။ အထူး သဖြင့် လူ အများစု ဟာ ကိုယ်တိုင် Mask မတပ်ကြတော့သလို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း စည်းကမ်းချက်အတိုင်း လိုအပ်လို့ Mask တပ်ခိုင်း လက်ဆေးခိုင်းတဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ အများပြည်သူ သွားလာရာ ဈေးဝယ်စင်တာတွေက တာဝန်ရှိသူတွေကိုတောင် ပြဿနာ ရှာတာမျိုးတွေကို ကြားသိလာရ ပါတယ်။

ဒီရောဂါ စဖြစ်ခါစက Mask တပ်ဖို့ လို မလို အငြင်းပွားမှုတွေ ရှိခဲ့ပေမဲ့ အခု အချိန်အတိုင်းအတာ တစ်ခု လက်တွေ့ ဖြတ်ကျော်အပြီးမှာ ထွက်ပေါ်လာတဲ့ အချက်အလက်တွေက Mask တပ်ခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ကို အဆုံး သတ်ပေးလိုက်ပြီး ဖြစ်လို့ ကုသဆေး ကာကွယ်ဆေး မပေါ်မချင်း၊ ကျယ်ကျယ်ပြန့်ပြန့် တွင်တွင်ကျယ်ကျယ် မသုံးနိုင်မချင်း Mask တပ်ခြင်းကို ယဉ်ကျေးမှု တစ်ရပ်လို လိုက်နာကျင့်သုံး ရမှာ ဖြစ် ပါတယ် ။

ဒါ့အပြင် ရောဂါကူးစက်မှု ကို အတော်လေး ထိန်းချုပ်ထားနိုင်ပြီး ကမ္ဘာ့အဆင့် ၂၀ မှာ ရပ်တည်နေတယ် ဆိုပေမဲ့… ပြည်သူကြားမှာ ရောဂါလက္ခဏာ မပြဘဲ ရောဂါပိုးကို သယ်ဆောင်ထား သူတွေ ရှိနေနိုင်တဲ့ အတွက်ကြောင့်… အခု လက်ရှိ ရထားတဲ့ လွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်ကြမယ်ဆိုရင် လူအများစုက Mask မတပ်၊ လက်မဆေး၊ Social Distancing မလုပ်ကြတော့ဘူး ဆိုရင် အချိန်မရွေး ကူးစက်မှု ပေါက်ကွဲခြင်း ဖြစ်လာနိုင်ပြီး အသေအပျောက်လည်း များလာနိုင်သလို… ဥရောပနိုင်ငံတွေလို Full Lock Down နဲ့ နေရတာမျိုးကို ရှောင်လွှဲလို့ မရတဲ့ အခြေအနေ ကို ရောက်သွားနိုင်ရုံသာမက… ကမ္ဘာ့အဆင့် ၂၀ ကနေ ကျွမ်းပြန်ကျသွားနိုင်ခြေလည်း ရှိနေပါတယ်။

အချုပ်ဆိုရရင်… လွန်ခဲ့တဲ့ လေးငါးလ က စည်းကမ်း လိုက်နာခဲ့ခြင်း ရဲ့ ကောင်းကျိုး ရလဒ် အဖြစ် အခု ရောဂါ ဖြစ်ပွားနှုန်း ကျဆင်းခြင်းဆိုတဲ့ အောင်မြင်မှု ရလာတယ် ဆိုရင်… အခုလပိုင်းတွေမှာ စည်းကမ်းမဲ့ခြင်းရဲ့ ဆိုးကျိုး ရလဒ်တွေကို နောက်လာမယ့် လတွေ မှာ တွေ့ကြုံလာရနိုင်ပါတယ်။

ဒါကြောင့် ဒီစာဟာ အခုလက်ရှိအချိန်မှာ ဒီတိုင်းပြည် ဒီပြည်သူတွေ အနေနဲ့ ရရှိနေ တဲ့ အောင်မြင်မှုတွေ ကို သတိပြုမိပြီး မိမိတို့ရဲ့ ပူးပေါင်းအား၊ စည်းကမ်းလိုက်နာမှုအားတွေရဲ့ အရေးပါမှုကို မိမိတို့ ကိုယ်တိုင် ဂုဏ်ယူတတ်စေဖို့နဲ့ ပန်းတိုင် မရောက်ခင် တက်မထောင်ကြဖို့ သတိပေးလိုတာက အဓိက ဖြ စ်ပါတယ် ။

စီးပွားရေးနဲ့ စားဝတ်နေရေး အခြေအနေအရ အပြင်မထွက်ဖို့နဲ့ Social Distancing ကို ထိထိမိမိ တိတိ ကျကျ လိုက်နာဖို့ မဖြစ်နိုင်တော့တဲ့ ဒီအချိန်မှာ… အနည်းဆုံး Mask ကို မဖြစ်မနေ တပ်ကြဖို့နဲ့ လက်ဆေးကြဖို့ ဆိုတဲ့ အခြေခံ စည်းကမ်းတွေ ကို ဆက်လက် လိုက်နာရင်း မိမိကိုယ် ကိုယ်ရော သူ တစ်ပါး ကိုရော ရောဂါပိုး ကူးစက်မှုကနေ ကာကွယ်ပေးရင်း ရပြီးသား ပြည်သူ့အောင်ပွဲ ကို ဆက်လက် ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်းလိုက် ပါတယ်။

Swe Yu

Zawgyi

စင္ ကာပူ ထက္ သာပေဟ့! ..စင္ကာပူ ကို ျမန္မာ ေက်ာ္ၿပီ (နိုင္ငံတ ကာ ကပါ အသိ အမွတ္ ျပဳလိုက္ တာ ျဖစ္ ပါ တယ္)

ကမၻာ့ နိုင္ငံေပါင္း ၁၈၄ နိုင္ငံ ရဲ့ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံရၿပီး ျပန္လည္ နာလန္ထူသက္သာလာမႈကို ႏွိုင္းယွဥ္ၿပ ထားတဲ့ အညႊန္း ကိန္း အရ ျမန္မာနိုင္ငံ က အဆင့္ ၂၀ ေနရာမွာ ရပ္တည္ ေနၿပီး စင္ကာပူ က အဆင့္ ၅၁ ပါ တဲ့။

ဒီ အညႊန္းကိန္း ကို တစ္နိုင္ငံခ်င္းစီ ရဲ့ လူဦးေရ၊ တစ္ဦးခ်င္း တိုင္းျပည္ဝင္ေငြ (GDP per capita)၊ က်န္းမာေရး ေစာင့္ေရွာက္မႈအစီအမံ၊ ေရာဂါကူးစက္မႈ၊ ေသဆုံးမႈနဲ႔ ျပန္လည္ သက္လာ ေပ်ာက္ကင္းမႈစတဲ့ အခ်က္အလက္ ေတြအေပၚ အေျခခံၿပီး တြက္ခ်က္ေပးထားတာ ျဖစ္တယ္လို႔ Global Covid-19 Index (GCI) ရဲ့ အခ်က္အလက္ကို ရည္ညႊန္းၿပီး DVB သတင္းဌာနက ေဖာ္ျပထား တာပါ။

ဒီစာရင္း ရဲ့ ထိပ္ဆုံး မွာ ထိုင္းနိုင္ငံရွိၿပီး ေတာင္ကိုရီးယား နိုင္ငံက ဒုတိယ၊ အျခားေသာ အာရွနိုင္ငံေတြ ျဖစ္တဲ့ မေလးရွားနဲ႔ ထိုင္ဝမ္က စတုတၳနဲ႔ ပ ဥၥမအျဖစ္ ကမၻာအဆင့္ ထိပ္ဆုံးငါးေနရာမွာ အာရွ ေလးနိုင္ငံက ရပ္တည္ေနၾက တာ ျဖစ္ ပါတ ယ္။ တိုးတက္ၿပီး ခ်မ္းသာႂကြယ္ဝတဲ့ နယူးဇီလန္၊ လစ္သူေယးနီးယား၊ ဩစေတးလ်၊ ကေနဒါနဲ႔ ဖင္လန္နိုင္ငံေတြက ဆ႒မကေန ဒသမေနရာေတြကို ရယူထားပါတယ္။ ျမန္မာနိုင္ငံကေတာ့ ကမၻာ့ အဆင့္ ၂၀ ေနရာမွာ ရပ္တည္ေနၿပီး… အာရွအဆင့္မွာေတာ့ ထိုင္း၊ ေတာင္ကိုရီးယား၊ မေလးရွားနဲ႔ ထိုင္ဝမ္တို႔ရဲ့ ေနာက္ အဆင့္ ၅ ေနရာမွာ ရွိေနတာ ျဖစ္ ပါတယ္။

ဒီမွာ ထူးျခားတာက…တစ္တိုင္းျပည္ လုံး ကုန္ထုတ္ လုပ္မႈ အရေရာ၊ တစ္ဦး ခ်င္း ဝင္ေငြအရေရာ ကမၻာ့အဆင့္ အခ်မ္းသာဆုံး နိုင္ငံေတြထဲမွာ ထိပ္တန္းက ပါဝင္တဲ့ ဂ်ပန္နိုင္ငံက အဆင့္ ၃၇ နဲ႔ စင္ကာပူနိုင္ငံက အဆင့္ ၅၁ ေတြမွာ သာ အသီးသီး ရပ္တည္နိုင္ျခင္းပါပဲ။

စစ္အာဏာသိမ္း အစိုးရအဆက္ဆက္ အညႊန္း ကိန္း မွန္သမၽွ ဘိတ္ေခ်းတန္း က ဗိုလ္စြဲေနက် ျမန္မာဟာ….သဘာဝေဘးအႏၲရာယ္ ကာကြယ္နိုင္မႈေတြ၊ က်န္းမာေရး ေစာင့္ေရွာက္မႈ အဆင့္ေတြမွာလည္း ေအာက္တန္းေနာက္တန္းက်ေနရာက…အခုဆိုရင္ အင္အား အႀကီးဆုံး နိုင္ငံႀကီးေတြအပါအဝင္ တစ္ကမၻာလုံးကို နိုင္ငံေရး စီးပြားေရး ပညာေရး က်န္းမာေရး အားကစားစတဲ့ က႑စုံမွာ ၿပိဳက်ယိုင္လဲမတတ္ ျဖစ္ေစတဲ့ ကိုဗစ္-၁၉ ေရာဂါကပ္ ဆိုးႀကီးမွာ…

နိုင္ငံ စီးပြားေရး ေသးငယ္လြန္း တဲ့ ၾကားက၊ ျပည္သူေတြ ဓနအင္အား ႏြမ္းပါးၾကတဲ့ ၾကားက၊ က်န္းမာေရး ေစာင့္ေရွာက္မႈ အရင္းအျမစ္ နည္းပါးလြန္းတဲ့ ၾကားက…ကိုယ့္နိုင္ငံထက္ အဘက္ဘက္ မွာ အျပတ္အသတ္ သာလြန္ေန တဲ့ စင္ကာပူနဲ႔ ဂ်ပန္ထက္ေတာင္ အညႊန္းကိန္း သိသိသာသာ ျမင့္မားသြားရတာဟာ…

ေခါင္းေဆာင္ေကာင္း ရဲ့ အခ်ိန္နဲ႔ တေျပးညီ မ်က္ေျခမျပတ္ ေလ့လာ ၾကားနာ ညႇိႏွိုင္းၿပီး မဟာဗ်ဴဟာခ်မွတ္နိုင္မႈ က်န္းမာေရး ဝန္ႀကီးရဲ့ အေသးစိတ္ အကြက္က်က် စီမံခန႔္ခြဲနိုင္မႈ က်န္းမာေရး ဝန္ထမ္းေတြရဲ့ မခိုမကပ္ အသက္ပဓာနမထား ကုသေစာင့္ေရွာက္ေပးမႈ အစိုးရရဲ့ အေျခခံလူတန္းစားေတြ သက္သာေခ်ာင္ခ်ိေရး အတတ္နိုင္ဆုံး စီစဥ္ေပးမႈေတြေၾကာင့္အျပင္… အေရး အႀကီးဆုံး ျဖစ္တဲ့ ျပည္သူအမ်ားစု ရဲ့ စည္းကမ္းေသဝပ္စြာ လိုက္နာၿပီး ပူးေပါင္းေဆာင္ ရြက္မႈေတြေၾကာင့္သာ ျဖစ္တ ယ္။

အရင္ကသာဆိုရင္ ဒီလိုမ်ိဳး ဆင္းရဲတဲ့ နိုင္ငံငယ္ေလးက ကပ္ေဘးကို ႀကံံ့ႀကံ အခံနို င္ဆုံး ထိပ္ဆုံး နိုင္ငံ ၂၀ စာရင္း ဝင္နိုင္လိမ့္မယ္လို႔ အိပ္မက္ေတာင္ မက္ရဲမွာ မဟုတ္တဲ့ အျပင္… အိမ္နီးခ်င္းနိုင္ငံ အပါအဝင္ ကမၻာအႏွံ့မွာ ကာကြယ္ေဆး မရွိ၊ ကုသေဆး မရွိေသး တဲ့ ကူးစက္ျမန္ ေသႏႈန္းျမင့္ ကပ္ေရာဂါႀကီး အရွိန္အဟုန္ ျပင္းျပင္း ျပန႔္ပြားလာခ်ိန္မွာ စိတ္ေလၽွာ့ၿပီး လက္မွိုင္ခ်ေနရဖို႔သာ မ်ား ပါတယ္။

တကယ္လည္း ကပ္ေရာဂါ စတင္ ျဖစ္ပြားခါစမွာ ျမန္မာလို ျပည္တြင္း စစ္ဒဏ္ခံ ငမြဲနိုင္ငံ ဟာ ဒီကပ္ဆိုးဒဏ္ကို မခံနိုင္ေလာက္ဘူးဆိုတဲ့ ျပည္တြင္း ျပည္ပ ခန႔္မွန္းခ်က္ေတြ ထြက္ခဲ့သလို…ျပည္သူေတြ ကိုယ္တိုင္လည္း ကိုယ့္နိုင္ငံ ရဲ့ က်န္းမာေရး ေစာင့္ေရွာက္နိုင္စြမ္း အဆင့္ အတန္းကို သိထားသူေတြမို႔ စိတ္အားငယ္ခဲ့ၾက႐ုံသာမက က်န္းမာေရး ဝန္ႀကီးရဲ့ ေရာဂါ ကာကြယ္ေရးအတြက္ ႀကိဳတင္ ျပင္ဆင္ထားတာေတြ လာၾကည့္ ဖ်ားသြားမယ္ ဆိုတဲ့ အားေပးစကား ကိုေတာင္ မယုံမၾကည္ ဝိုင္းဟားခဲ့ၾကေသးတာပါ။

အခုေတာ့ မက္ခဲ့ဖူးတဲ့ အိပ္မက္မ်ိဳး တကယ္ ျဖစ္လာတာမ်ိဳးေတာင္ မဟုတ္ဘဲ… တစ္သက္ နဲ႔ တစ္ကိုယ္ မက္ေတာင္ မမက္ရဲခဲ့ဖူးတဲ့ အိပ္မက္မ်ိဳးက အမွန္တကယ္ အသက္ဝင္လာေနတာပါ။ အႏွစ္ႏွစ္ဆယ္အတြင္း စင္ကာပူ စီးပြားေရးကို ေက်ာ္တက္နိုင္ရမယ္ ဆိုတာဟာ လုံးဝ မျဖစ္နိုင္ဘူးလို႔ ျပက္ရယ္ျပဳရေလာက္ေအာင္ ခက္ခဲ မယ့္ အလုပ္ မ်ိဳး ဆိုရင္… အခုလို ကမၻာ့ ကပ္ေရာဂါေဘးႀကီးမွာ စီးပြားေရး အင္အားေရာ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္ေရာ အျပတ္အသတ္ သာလြန္တဲ့ စင္ကာပူထက္ ေရာဂါ ကာကြယ္ တားဆီး တိုက္ဖ်က္ေရးမွာ သာလြန္ေအာင္ စြမ္းေဆာင္နိုင္မယ္ ဆိုတာ ဟာ လည္း တန္းတူခက္ခဲတဲ့ ယုံတမ္းစကားလိုမ်ိဳးသာ ျဖစ္လိမ့္မယ္ ဆိုတာ ျငင္းနိုင္သူ ရွိမယ္ မထင္ပါဘူး။

အခုေတာ့ ျပည္သူသာ အဓိက ဆို သလို တိုင္းရင္းသား ျပည္သူအားလုံးဟာ မိမိတို႔ က်န္းမာေရးအတြက္ ငဲ့ၿပီး အနီ အစိမ္းမခြဲ အစိုးရနဲ႔ လက္တြဲ ညီညြတ္ခဲ့ၾကလို႔ ယုံတမ္းစကားအဆင့္ကေန လက္ေတြ႕ေအာင္ျမင္မႈဆီကို လွမ္းတက္ လာနိုင္ၿပီ ျဖစ္တာ မို႔… နိုင္ငံေရး ၿငိမ္းခ်မ္းေရးေတြမွာလည္း အစိုးရနဲ႔ တိုင္းရင္းသား ျပည္သူ အားလုံး စိတ္ထားတူညီ ႀကိဳးစားရင္ျဖင့္ ေနာက္ ဆယ့္ေျခာက္ႏွစ္မွာ စင္ကာပူရဲ့ စီးပြားေရး (GDP) ကို ေက်ာ္ မတက္နိုင္ဘူးလို႔ မေျပာနို င္ပါဘူး။

ကိုယ့္နိုင္ငံရဲ့ ကိုဗစ္-၁၉ ကပ္ေဘး ကို အန္တုနိုင္စြမ္း က ကမၻာ့အဆင့္ ၂၀ မွာ ရပ္တည္နိုင္တဲ့ ေအာင္ျမင္မႈကို ပိုမို ျမင္သာေအာင္ ႏွိုင္းယွဥ္ျပရရင္… ကိုဗစ္-၁၉ ေရာဂါရဲ့ ရင္းျမစ္နိုင္ငံ ျဖစ္တဲ့ တ႐ုတ္လို လူအား ေငြအား နည္း ပညာအား အျပင္ တစ္ေသြး တစ္သံ တစ္မိန႔္နဲ႔ အႂကြင္းမဲ့ အာဏာအားကိုပါ သုံးနိုင္တဲ့ န်ဴကလီးယား လက္နက္ရွင္ ကမၻာ့ စီးပြားေရး နံပါတ္ ၂ နိုင္ငံမ်ိဳးေတာင္ နာလန္ထူညႊန္ကိန္း အဆင့္ ၃၅ မွာပဲ ရပ္တည္နိုင္သလို…

စီးပြားေရး၊ စစ္ေရး၊ ပညာေရး သိပၸံနဲ႔ နည္းပညာ၊ က်န္းမာေရးနဲ႔ ေဆးပညာ အပါ အဝင္ က႑တိုင္းလိုလိုမွာ ကမၻာ့နံပါတ္တစ္ အျဖစ္ အျမဲလိုလို ဗိုလ္စြဲေနက် အေမရိကန္ဟာေတာ့ ဒီကပ္ေဘးမွာေတာ့ စီမံခန႔္ခြဲမႈ ညံဖ်င္းၿပီး ေပါ့ဆလြန္းတဲ့ ေခါင္းေဆာင္နဲ႔ ပရမ္း ပတာနိုင္လြန္း ငါတေကာေကာလြန္းတဲ့ ျပည္သူေတြ အခ်င္းခ်င္း အေစးမကပ္ မညီညြတ္မႈေၾကာင့္ အညႊန္းကိန္း အဆင့္ ၁၂၀ မွာသာ ရွက္ဖြယ္လိလိ ရပ္တည္ေနရတာ ျဖစ္ ပါတယ္ ။

အေမရိကန္၊ ႐ုရွ၊ တ႐ုတ္၊ ၿဗိတိန္၊ ျပင္သ စ္၊ အီတလီ၊ စင္ကာပူ၊ ေတာင္ကိုရီးယား၊ ဂ်ပန္တို႔လို နိုင္ငံမ်ိဳးေတြ အဆင့္ ၂၀ အတြင္း ရပ္တည္ေနနိုင္မယ္ ဆိုရင္ ဘာမွ မဆန္းေပမဲ့…ျမန္မာလို နိုင္ငံက အဆင့္ ၂၀ မွာ ရပ္တည္နိုင္ တာ ဟာ အံၾသဘနန္း ျဖစ္စဥ္ ျဖစ္ၿပီး ဒီလို Miracle မ်ိဳးကို လူထုေခါင္းေဆာင္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဒီခ်ဳပ္အစိုးရနဲ႔ ျပည္သူေတြ အားလုံး လက္တြဲညီညီ ဖန္တီးနိုင္ခဲ့ တာ ပဲ ျဖစ္တယ္။

ဒီစာဟာ ဒီခ်ဳပ္ကို ေလာ္ဘီ လုပ္တဲ့စာလို႔ စြပ္စြဲမယ္ ဆိုရင္ ျငင္းဖို႔ စိတ္ကူး လုံးဝ မရွိေပမဲ့… အစိုးရ ေကာင္းေၾကာင္းထက္ ျပည္သူေတြရဲ့ စည္းကမ္းလိုက္နာမႈေၾကာင့္ ဒီကပ္ေဘးမွာ ဒီနိုင္ငံ သက္သာရာ ရေနတာကို သတိေပး လိုတဲ့ ရည္ရြယ္ခ်က္ ကလည္း အဓိကက်က် ပါဝင္ပါတယ္။ ကိုဗစ္-၁၉ စတင္ ျဖစ္ပြားတဲ့ ၂၀၁၉ ႏွစ္ကုန္ပိုင္းကေန အခုလက္ရွိ အခ်ိန္အထိ… ကမၻာမွာ… အတည္ျပဳလူနာ ၁၇ သန္းေက်ာ္ ေသဆုံးသူ ၆ သိန္း ၇ ေသာင္းေက်ာ္ ေပ်ာက္ကင္းသြား သူ ၁၁ သန္းေက်ာ္ မေပ်ာက္ကင္းေသးသူ ၅ ဒသမ ၉ သန္း နီးပါး ရွိေနစဥ္မွာ…

ျမန္မာမွာ… အတည္ျပဳလူနာ ၃၅၃ ဦး သေဆုံးသူ ၆ ဦး ေပ်ာက္ကင္းသြားသူ ၂၉၆ ဦး မေပ်ာက္ကင္းေသးသူ ၅၁ ဦးသာ ရွိေတာ့တာကို…Covid Visualizer က ကူးယူ ေဖာ္ျပထားတဲ့ ပူးတြဲပါ ပုံမွာ ႏွိုင္းယွဥ္ၾကည့္နိုင္ ပါတ ယ္။

ျမန္မာနိုင္ငံ မွာ ကိုဗစ္-၁၉ စတင္ ျဖစ္ပြားစဥ္က ေရာဂါ သက္သာမႈဟာ အင္မတန္ ေႏွးေကြး နည္းပါးတဲ့အတြက္ ေပ်ာက္ကင္းႏႈန္း ၁၀ ရာခိုင္ႏႈန္းေအာက္သာ ရွိလို႔ စိတ္ပ်က္အားငယ္ ေၾကာက္ ရြံ့ၾက… အတည္ျပဳ လူနာ ၂၂ ဦးမွာ ၃ ဦး ေသဆုံးသြားခ်ိန္မွာ ေသႏႈန္းက ၁၃ ရာခိုင္ႏႈန္းေတာင္ ေက်ာ္သြားလို႔ ခံစစ္က်ိဳးေပါက္ၿပီလို႔ အစိုးရကို ဝိုင္းဆဲခဲ့ၾကေပမဲ့… အခုလက္ရွိအခ်ိန္မွာေတာ့ ျပဳစုေစာင့္ေရွာက္မႈ ေကာင္းတဲ့ အတြက္ သက္သာ ေပ်ာက္ကင္းသြားသူ အေရ အတြက္ ဟာ ကူးစက္ခံရသူ အတည္ျပဳလူနာ အေရအတြက္ရဲ့ ၈၃ ရာခိုင္ႏႈန္းေက်ာ္အထိ ရွိေနၿပီး… ေသဆုံးသူက ၆ ဦးမွာသာ ရပ္တန႔္ေနတဲ့အတြက္ ေသႏႈန္းဟာလည္း ၁ ဒသမ ၇ ရာခိုင္ႏႈန္းသာ ရွိပါေတာ့ တယ္။

အတည္ျပဳ ကူးစက္ လူနာ ေတြ႕ရွိမႈ က်ဆင္းေနၿပီး ေသဆုံးႏႈန္း က မတက္ဘဲ ေအာက္နားမွာတင္ တန္းေနတာကို အားတက္ဖြယ္ ေတြ႕ရမွာပါ။ ဒါဟာ စစ္ေဆးခ်က္ေတြ၊ ကိန္းဂဏန္း အခ်က္အလက္ေတြအရ အေျခအေန မေကာင္းခင္ အေၾကာက္ တရား စိုးမိုးေနခ်ိန္က ျပည္သူအမ်ားစုဟာ လက္ေဆးၾကပါ၊ Mask တပ္ၾကပါ၊ လူမစုေဝးၾကပါနဲ႔၊ မလိုအပ္ဘဲ အျပင္မထြက္ၾကပါနဲ႔ ဆိုတဲ့ စည္းကမ္းခ်က္ေတြကို တိတိ က်က် လိုက္နာခဲ့ၾကတာ ရဲ့ ရလဒ္ အသီးအပြင့္ကို ခံစားေနရတာပဲ ျဖစ္တယ္။

အခုအခါမွာေတာ့ ရလဒ္ေတြ ေကာင္းလာတာ နဲ႔အမၽွ မေၾကာက္ၾကေတာ့ဘဲ New Normal ကို အသားက်ေအာင္ ႀကိဳးစားရမယ့္အစား ေနရာတကာမွာ Old Normal ျပန္ျဖစ္ေနၾကၿပီဆိုတာကို စိုးရိမ္စဖြယ္ ေတြ႕ေနရပါတယ္။ အထူး သျဖင့္ လူ အမ်ားစု ဟာ ကိုယ္တိုင္ Mask မတပ္ၾကေတာ့သလို က်န္းမာေရး ဝန္ႀကီးဌာနရဲ့ ညႊန္ၾကားခ်က္အတိုင္း စည္းကမ္းခ်က္အတိုင္း လိုအပ္လို႔ Mask တပ္ခိုင္း လက္ေဆးခိုင္းတဲ့ စားေသာက္ဆိုင္ေတြ၊ ဟိုတယ္ေတြ၊ အမ်ားျပည္သူ သြားလာရာ ေဈးဝယ္စင္တာေတြက တာဝန္ရွိသူေတြကိုေတာင္ ျပႆနာ ရွာတာမ်ိဳးေတြကို ၾကားသိလာရ ပါတယ္။

ဒီေရာဂါ စျဖစ္ခါစက Mask တပ္ဖို႔ လို မလို အျငင္းပြားမႈေတြ ရွိခဲ့ေပမဲ့ အခု အခ်ိန္အတိုင္းအတာ တစ္ခု လက္ေတြ႕ ျဖတ္ေက်ာ္အၿပီးမွာ ထြက္ေပၚလာတဲ့ အခ်က္အလက္ေတြက Mask တပ္ျခင္းနဲ႔ ပတ္သက္ၿပီး အျငင္းပြားမႈေတြ ကို အဆုံး သတ္ေပးလိုက္ၿပီး ျဖစ္လို႔ ကုသေဆး ကာကြယ္ေဆး မေပၚမခ်င္း၊ က်ယ္က်ယ္ျပန႔္ျပန႔္ တြင္တြင္က်ယ္က်ယ္ မသုံးနိုင္မခ်င္း Mask တပ္ျခင္းကို ယဥ္ေက်းမႈ တစ္ရပ္လို လိုက္နာက်င့္သုံး ရမွာ ျဖစ္ ပါတယ္ ။

ဒါ့အျပင္ ေရာဂါကူးစက္မႈ ကို အေတာ္ေလး ထိန္းခ်ဳပ္ထားနိုင္ၿပီး ကမၻာ့အဆင့္ ၂၀ မွာ ရပ္တည္ေနတယ္ ဆိုေပမဲ့… ျပည္သူၾကားမွာ ေရာဂါလကၡဏာ မျပဘဲ ေရာဂါပိုးကို သယ္ေဆာင္ထား သူေတြ ရွိေနနိုင္တဲ့ အတြက္ေၾကာင့္… အခု လက္ရွိ ရထားတဲ့ လြတ္လပ္ခြင့္ကို အလြဲသုံးစား လုပ္ၾကမယ္ဆိုရင္ လူအမ်ားစုက Mask မတပ္၊ လက္မေဆး၊ Social Distancing မလုပ္ၾကေတာ့ဘူး ဆိုရင္ အခ်ိန္မေရြး ကူးစက္မႈ ေပါက္ကြဲျခင္း ျဖစ္လာနိုင္ၿပီး အေသအေပ်ာက္လည္း မ်ားလာနိုင္သလို… ဥေရာပနိုင္ငံေတြလို Full Lock Down နဲ႔ ေနရတာမ်ိဳးကို ေရွာင္လႊဲလို႔ မရတဲ့ အေျခအေန ကို ေရာက္သြားနိုင္႐ုံသာမက… ကမၻာ့အဆင့္ ၂၀ ကေန ကၽြမ္းျပန္က်သြားနိုင္ေျခလည္း ရွိေနပါတယ္။

အခ်ဳပ္ဆိုရရင္… လြန္ခဲ့တဲ့ ေလးငါးလ က စည္းကမ္း လိုက္နာခဲ့ျခင္း ရဲ့ ေကာင္းက်ိဳး ရလဒ္ အျဖစ္ အခု ေရာဂါ ျဖစ္ပြားႏႈန္း က်ဆင္းျခင္းဆိုတဲ့ ေအာင္ျမင္မႈ ရလာတယ္ ဆိုရင္… အခုလပိုင္းေတြမွာ စည္းကမ္းမဲ့ျခင္းရဲ့ ဆိုးက်ိဳး ရလဒ္ေတြကို ေနာက္လာမယ့္ လေတြ မွာ ေတြ႕ၾကဳံလာရနိုင္ပါတယ္။

ဒါေၾကာင့္ ဒီစာဟာ အခုလက္ရွိအခ်ိန္မွာ ဒီတိုင္းျပည္ ဒီျပည္သူေတြ အေနနဲ႔ ရရွိေန တဲ့ ေအာင္ျမင္မႈေတြ ကို သတိျပဳမိၿပီး မိမိတို႔ရဲ့ ပူးေပါင္းအား၊ စည္းကမ္းလိုက္နာမႈအားေတြရဲ့ အေရးပါမႈကို မိမိတို႔ ကိုယ္တိုင္ ဂုဏ္ယူတတ္ေစဖို႔နဲ႔ ပန္းတိုင္ မေရာက္ခင္ တက္မေထာင္ၾကဖို႔ သတိေပးလိုတာက အဓိက ၿဖ စ္ပါတယ္ ။

စီးပြားေရးနဲ႔ စားဝတ္ေနေရး အေျခအေနအရ အျပင္မထြက္ဖို႔နဲ႔ Social Distancing ကို ထိထိမိမိ တိတိ က်က် လိုက္နာဖို႔ မျဖစ္နိုင္ေတာ့တဲ့ ဒီအခ်ိန္မွာ… အနည္းဆုံး Mask ကို မျဖစ္မေန တပ္ၾကဖို႔နဲ႔ လက္ေဆးၾကဖို႔ ဆိုတဲ့ အေျခခံ စည္းကမ္းေတြ ကို ဆက္လက္ လိုက္နာရင္း မိမိကိုယ္ ကိုယ္ေရာ သူ တစ္ပါး ကိုေရာ ေရာဂါပိုး ကူးစက္မႈကေန ကာကြယ္ေပးရင္း ရၿပီးသား ျပည္သူ႔ေအာင္ပြဲ ကို ဆက္လက္ ထိန္းသိမ္းၾကပါစို႔လို႔ တိုက္တြန္းလိုက္ ပါတယ္။

Swe Yu

Be the first to comment

Leave a Reply

Your email address will not be published.


*