မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင်ရဲ့ မြစ်ဆုံကိစ္စ ပြတ်ပြတ်သားသား ပြောကြားချက်များ

ကွယ်လွန်သွားပြီဖြစ်တဲ့ မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင်ရဲ့ မြစ်ဆုံကိစ္စ ပြတ်ပြတ်သားသား ပြောကြားချက်များ။ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်သို့ တချိန်က ဆက်သွယ်မေးမြန်းချက်

“ဧရာဝတီမြစ်ဆုံမှာ ဒမ်ဆောက်တာက ၁၀၀ ရာခိုင်နှုန်း လုံးဝကိုခွင့်မပြုသင့်ဘူး” မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်သည် ဧရာဝတီမြစ်ဆုံစီမံကိန်း တည်ဆောက်မည့် အစီအစဉ်ကို အစဉ်အဆက်

ကန့်ကွက်ခဲ့သော ပညာရှင်ဖြစ်သည်။ မေး – မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းမှာ ပေါက်ဖော်တို့ဘက်က ပြန်စမယ့်သဘော ပြောလာတယ်။ အန်တီကလည်း ကချင်ခေါင်းဆောင်တွေနဲ့ တွေ့တုန်းက

စီမံကိန်းလုပ်မယ်၊ မလုပ်ဘူး ဆိုတာကို ယတိပြတ်မပြောသွားဘူးဆိုတော့ မြစ်ဆုံ ပြန်စသင့်၊ မသင့်ဖြေကြားပေးစေချင်ပါတယ်။ ဦးထွန်းလွင် – ဒေါ်အောင်ဆန်းစုကြည်က အရင်တုန်းကတည်းက သူကိုယ်တိုင်လည်း

ပြောတယ်။ ရွေးကောက်ပွဲ မဝင်ခင်ကတည်းက NLD ရဲ့ သဘောထားရပ်တည်ချက်ဆိုတဲ့ စာအုပ်မှာလည်း မြစ်ဆုံဆည်က မလုပ်သင့်ဘူးဆိုတာက ဖော်ပြထားတယ်။ သူ နောက်ထပ် ဘာမှမပြောမချင်း

ဒါကိုပဲ အတည်ယူမယ်လေ။ သူက ဒါကို မထောက်ခံဘူးဆိုတာတော့ ပြောပြီးသား။ မလုပ်ဘူး ရပ်မယ်ဆိုတာလည်းပါတယ် အချုပ်အခြာထိတယ်ဆိုတာလည်း ပြောပြီးသား၊ နောက်တစ်ခုက ပေါက်ဖော်

သံအမတ်ကခြိမ်းခြောက်ပြောဆိုတယ်လို့ ဒေသခံခေါင်းဆောင်တွေက ပြောတယ်လေ၊ ဒါမှန်ခဲ့တယ်ဆိုရင်တော့ ဘယ်လိုမှ လက်ခံလို့မရဘူးလေ။ တိုင်းပြည်ကို လာခြိမ်းခြောက်ရအောင် ဥပဒေအရရော

ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ မေး – စီမံကိန်းက လုံးဝရပ်သင့်တာလား၊ ပုံစံတစ်မျိုးမျိုးနဲ့ ခွင့်ပြုသင့်ပါသလား။ ဦးထွန်းလွင် – ဆရာတို့ကတော့ လုံးဝပဲ၊ မြစ်ဆုံဆည် မဂ္ဂါဒမ်မှာတော့ လုံးဝပဲ။ ဘာပုံစံ

တစ်မျိုးမှမရှိဘူး။ ဧရာဝတီမြစ်ဆုံမှာ ဒမ်ဆောက်တာက ၁၀၀ ရာခိုင်နှုန်း လုံးဝကို ခွင့်မပြုသင့်ဘူး။ မေး – ဧရာဝတီမြစ်ကို ဘယ်လိုနည်းနဲ့ ထိန်းသိမ်းသင့်ပါသလဲ။ ဦးထွန်းလွင် – အဲဒါက မဂ္ဂါဒမ်ကို ပြောနေတာ။

တခြား ဒမ်သေးသေးလေးတွေ ဘယ်နေရာဆောက်ဆောက် မြစ်ကို မထိခိုက်ဘူး။ သူ့အပိုင်းနဲ့သူ ဆောက်လို့ရတယ်။ ပညာရှင်တွေကလည်း အကြံပေးထားတာရှိတယ်။ ဧရာဝတီမြစ် တစ်လျှောက်မှာ

အသေးစား၊ အလတ်စားလေးတွေ ဆောက်ပြီးတော့ သူ့အပိုင်းအလိုက် လျှပ်စစ်ပေးတာဖြစ်ဖြစ်၊ ရေပေးတာ ဖြစ်ဖြစ်လုပ်လို့ရတယ်။ ဒါမျိုးကိုတော့ မကန့်ကွက်ဘူး။ အခုစီမံကိန်းက မတရားကို

ကြီးမားပြီးတော့ ထိန်းသိမ်းရလည်း ခက်တယ်။ ပြန်လည်ပြီးတော့ အကျိုးအမြတ် ကြည့်တော့လည်း မြန်မာနိုင်ငံအနေနဲ့က ဘာမှအကျိုးအမြတ်မရှိဘူး။ နောက် ကမ္ဘာမှာ မဂ္ဂါဒမ်တွေက ဘယ်တော့မှ

အရင်းပြန်ရတယ်ဆိုတာ မရှိဘူး။ ဒါ အောက်စဖို့ဒ်တက္ကသိုလ်က သုတေသန လုပ်ပြီးသား။ နည်းပညာအရလည်း မထောက်ခံဘူး။ ပတ်ဝန်းကျင်ယိုယွင်းမှုလည်း ဖြစ်တယ်။ ရာသီဥတုပြောင်းလဲမှုလည်း

ဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့ ကြည့်ရင် အချုပ်အခြာအရရော ဘယ်ရှုထောင့်ကကြည့်ကြည့် အရှုံးချည်းပဲ။ အဲဒါကြောင့် မထောက်ခံဘူးလို့ ပြောတာ။ “မြန်မာနိုင်ငံရဲ့ ဧရာဝတီလား။ ဧရာဝတီရဲ့

မြန်မာနိုင်ငံလား။ ဒါလေးကို ပြန်စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့ ဧရာဝတီက မြန်မာနိုင်ငံထက် ပိုအသက်ကြီးတယ်။ မြန်မာနိုင်ငံမပေါ်ခင်ကတည်းက ဧရာဝတီဆိုတာ ဖြစ်ထွန်းခဲ့တယ်။ ပညာရှင်တွေ

လေ့လာတာကတော့ ဧရာဝတီဆိုတဲ့အမည်ကို အင်းဝခေတ်မှာ ပထမဦးဆုံး စတွေ့တယ်လို့ ပြောပါတယ်။ ဒီအရှေ့ပိုင်းမှာတော့ ရှိမှာပါ။ ဒါပေမဲ့ မသိဘူးပေါ့လေ။ သို့သော် ဘာပဲပြောပြော ဧရာဝတီအပေါ်မှာ

မှီပြီးတော့ မြန်မာပြည်ဆိုတာ ဖြစ်လာတယ်။ ဒီတော့ အဖြေကရှင်းပါတယ်။ ဧရာဝတီမရှိရင် မြန်မာပြည်လည်း မရှိနိုင်တော့ပါဘူး” ဟု ဒေါက်တာဦးထွန်းလွင်က မှတ်ချက်ပေး ပြောကြားခဲ့သည်။ ခရက်ဒစ်

Zawgyi

ကြယ္လြန္သြားၿပီျဖစ္တဲ့ မိုးေလဝသပညာရွင္ႀကီး ဦးထြန္းလြင္ရဲ႕ ျမစ္ဆုံကိစၥ ျပတ္ျပတ္သားသား ေျပာၾကားခ်က္မ်ား။ မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္သို႔ တခ်ိန္က ဆက္သြယ္ေမးျမန္းခ်က္

“ဧရာဝတီျမစ္ဆုံမွာ ဒမ္ေဆာက္တာက ၁၀၀ ရာခိုင္ႏႈန္း လုံးဝကိုခြင့္မျပဳသင့္ဘူး” မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္သည္ ဧရာဝတီျမစ္ဆုံစီမံကိန္း တည္ေဆာက္မည့္ အစီအစဥ္ကို အစဥ္အဆက္

ကန႔္ကြက္ခဲ့ေသာ ပညာရွင္ျဖစ္သည္။ ေမး – ျမစ္ဆုံစီမံကိန္းနဲ႔ပတ္သက္ၿပီး ဒီရက္ပိုင္းမွာ ေပါက္ေဖာ္တို႔ဘက္က ျပန္စမယ့္သေဘာ ေျပာလာတယ္။ အန္တီကလည္း ကခ်င္ေခါင္းေဆာင္ေတြနဲ႔ ေတြ႕တုန္းက

စီမံကိန္းလုပ္မယ္၊ မလုပ္ဘူး ဆိုတာကို ယတိျပတ္မေျပာသြားဘူးဆိုေတာ့ ျမစ္ဆုံ ျပန္စသင့္၊ မသင့္ေျဖၾကားေပးေစခ်င္ပါတယ္။ ဦးထြန္းလြင္ – ေဒၚေအာင္ဆန္းစုၾကည္က အရင္တုန္းကတည္းက သူကိုယ္တိုင္လည္း

ေျပာတယ္။ ေ႐ြးေကာက္ပြဲ မဝင္ခင္ကတည္းက NLD ရဲ႕ သေဘာထားရပ္တည္ခ်က္ဆိုတဲ့ စာအုပ္မွာလည္း ျမစ္ဆုံဆည္က မလုပ္သင့္ဘူးဆိုတာက ေဖာ္ျပထားတယ္။ သူ ေနာက္ထပ္ ဘာမွမေျပာမခ်င္း

ဒါကိုပဲ အတည္ယူမယ္ေလ။ သူက ဒါကို မေထာက္ခံဘူးဆိုတာေတာ့ ေျပာၿပီးသား။ မလုပ္ဘူး ရပ္မယ္ဆိုတာလည္းပါတယ္ အခ်ဳပ္အျခာထိတယ္ဆိုတာလည္း ေျပာၿပီးသား၊ ေနာက္တစ္ခုက ေပါက္ေဖာ္

သံအမတ္ကၿခိမ္းေျခာက္ေျပာဆိုတယ္လို႔ ေဒသခံေခါင္းေဆာင္ေတြက ေျပာတယ္ေလ၊ ဒါမွန္ခဲ့တယ္ဆိုရင္ေတာ့ ဘယ္လိုမွ လက္ခံလို႔မရဘူးေလ။ တိုင္းျပည္ကို လာၿခိမ္းေျခာက္ရေအာင္ ဥပေဒအရေရာ

ဘယ္လိုမွ လက္ခံႏိုင္စရာမရွိဘူး။ ေမး – စီမံကိန္းက လုံးဝရပ္သင့္တာလား၊ ပုံစံတစ္မ်ိဳးမ်ိဳးနဲ႔ ခြင့္ျပဳသင့္ပါသလား။ ဦးထြန္းလြင္ – ဆရာတို႔ကေတာ့ လုံးဝပဲ၊ ျမစ္ဆုံဆည္ မဂၢါဒမ္မွာေတာ့ လုံးဝပဲ။ ဘာပုံစံ

တစ္မ်ိဳးမွမရွိဘူး။ ဧရာဝတီျမစ္ဆုံမွာ ဒမ္ေဆာက္တာက ၁၀၀ ရာခိုင္ႏႈန္း လုံးဝကို ခြင့္မျပဳသင့္ဘူး။ ေမး – ဧရာဝတီျမစ္ကို ဘယ္လိုနည္းနဲ႔ ထိန္းသိမ္းသင့္ပါသလဲ။ ဦးထြန္းလြင္ – အဲဒါက မဂၢါဒမ္ကို ေျပာေနတာ။

တျခား ဒမ္ေသးေသးေလးေတြ ဘယ္ေနရာေဆာက္ေဆာက္ ျမစ္ကို မထိခိုက္ဘူး။ သူ႔အပိုင္းနဲ႔သူ ေဆာက္လို႔ရတယ္။ ပညာရွင္ေတြကလည္း အႀကံေပးထားတာရွိတယ္။ ဧရာဝတီျမစ္ တစ္ေလွ်ာက္မွာ

အေသးစား၊ အလတ္စားေလးေတြ ေဆာက္ၿပီးေတာ့ သူ႔အပိုင္းအလိုက္ လွ်ပ္စစ္ေပးတာျဖစ္ျဖစ္၊ ေရေပးတာ ျဖစ္ျဖစ္လုပ္လို႔ရတယ္။ ဒါမ်ိဳးကိုေတာ့ မကန႔္ကြက္ဘူး။ အခုစီမံကိန္းက မတရားကို

ႀကီးမားၿပီးေတာ့ ထိန္းသိမ္းရလည္း ခက္တယ္။ ျပန္လည္ၿပီးေတာ့ အက်ိဳးအျမတ္ ၾကည့္ေတာ့လည္း ျမန္မာႏိုင္ငံအေနနဲ႔က ဘာမွအက်ိဳးအျမတ္မရွိဘူး။ ေနာက္ ကမာၻမွာ မဂၢါဒမ္ေတြက ဘယ္ေတာ့မွ

အရင္းျပန္ရတယ္ဆိုတာ မရွိဘူး။ ဒါ ေအာက္စဖို႔ဒ္တကၠသိုလ္က သုေတသန လုပ္ၿပီးသား။ နည္းပညာအရလည္း မေထာက္ခံဘူး။ ပတ္ဝန္းက်င္ယိုယြင္းမႈလည္း ျဖစ္တယ္။ ရာသီဥတုေျပာင္းလဲမႈလည္း

ျဖစ္တယ္။ ျမန္မာႏိုင္ငံအေနနဲ႔ ၾကည့္ရင္ အခ်ဳပ္အျခာအရေရာ ဘယ္ရႈေထာင့္ကၾကည့္ၾကည့္ အရႈံးခ်ည္းပဲ။ အဲဒါေၾကာင့္ မေထာက္ခံဘူးလို႔ ေျပာတာ။ “ျမန္မာႏိုင္ငံရဲ႕ ဧရာဝတီလား။ ဧရာဝတီရဲ႕

ျမန္မာႏိုင္ငံလား။ ဒါေလးကို ျပန္စဥ္းစားတဲ့အခါမွာ ကြၽန္ေတာ္တို႔ ဧရာဝတီက ျမန္မာႏိုင္ငံထက္ ပိုအသက္ႀကီးတယ္။ ျမန္မာႏိုင္ငံမေပၚခင္ကတည္းက ဧရာဝတီဆိုတာ ျဖစ္ထြန္းခဲ့တယ္။ ပညာရွင္ေတြ

ေလ့လာတာကေတာ့ ဧရာဝတီဆိုတဲ့အမည္ကို အင္းဝေခတ္မွာ ပထမဦးဆုံး စေတြ႕တယ္လို႔ ေျပာပါတယ္။ ဒီအေရွ႕ပိုင္းမွာေတာ့ ရွိမွာပါ။ ဒါေပမဲ့ မသိဘူးေပါ့ေလ။ သို႔ေသာ္ ဘာပဲေျပာေျပာ ဧရာဝတီအေပၚမွာ

မွီၿပီးေတာ့ ျမန္မာျပည္ဆိုတာ ျဖစ္လာတယ္။ ဒီေတာ့ အေျဖကရွင္းပါတယ္။ ဧရာဝတီမရွိရင္ ျမန္မာျပည္လည္း မရွိႏိုင္ေတာ့ပါဘူး” ဟု ေဒါက္တာဦးထြန္းလြင္က မွတ္ခ်က္ေပး ေျပာၾကားခဲ့သည္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*