Cele News

ချစ်သူနဲ့ပဋိပက္ခတွေဖြစ်ခဲ့ပြီးနောက် မကြာခင်မြန်မာပြည်ပြန်လာပြီး အနုပညာအလုပ်တွေ လုပ်တော့မယ်ဆိုတဲ့ ဥက္ကာမင်းမောင်

Written by Aung Lay

ချစ်သူနဲ့ပဋိပက္ခတွေဖြစ်ခဲ့ပြီးနောက် မကြာခင်မြန်မာပြည်ပြန်လာပြီး အနုပညာအလုပ်တွေ လုပ်တော့မယ်ဆိုတဲ့ ဥက္ကာမင်းမောင်


သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ဖြစ်တည်မှုနဲ့ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားသူတစ်ယောက် ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က သူ့ရဲ့ ပထမအိမ်ထောင်ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ ဒုတိယမြောက်ချစ်သူနဲ့သာယာတဲ့အချစ်ရေးကို တည်ဆောက်ပြီး ပရိသတ်တွေကိုလည်း

ပွင့်ပွင့်လင်းလင်း ချပြထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာသတင်းကတော့ ဥက္ကာမင်းမောင်က သူ့ရဲ့ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့အကြောင်းကို ပရိသတ်တွေဆီ အသိပေးလာပါတယ်။“ကျွန်တော်တို့ နှစ်ယောက်လဲ ပရိတ်သတ်တွေထင်သလို Comment ရေးကြသလိုပဲ

ဟိုတလောက ပြတ်သွားတာပါ။ ဘဝဆိုတာ အနိမ့်အမြင့် အတက်အကျရှိသလိုပဲ Relationship တိုင်းမှာလဲ လေပြေလာချိန်နဲ့ မုန်တိုင်းထန်ချိန်ဆိုတာရှိပါတယ်။လူမျိုးမတူ ဘာသာမတူ အကြိုက်မတူတဲ့ လူနှစ်ယောက်ပေါင်းဖက်ဖို့က နားလည်ခြင်း၊ ချစ်ခြင်း တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်လေးစားခြင်း ခွင့်လွှတ်ခြင်း

ပေးဆပ်ခြင်းပေါင်းများစွာနဲ့ ကိုယ်ဖြစ်ချင်တဲ့ ဘဝတစ်ခုကို တူတူတည်ဆောက်ကြရပါတယ်။ ကျွန်တော်တို့လည်း ဘဝကပေးခဲ့သော သင်ခန်းစာပေါင်းများစွာနဲ့ အရင် Relationship တွေနဲ့တုန်းကကြုံခဲ့သော နှစ်ဖက်လုံးကျူးလွန်ခဲ့တဲ့ အမှားမျိုးတွေဆီကနေ ဥပမာယူပြီး အခုလက်ရှိ အချစ်ရေးမှာ အမှားနည်းနိုင်သမျှ

နည်းအောင် ကိုယ့်ဘက်ကကြိုးစားပြီးနေပေမယ့် ပြဿနာဆိုတာမဖိတ်ခေါ်လဲ ရောက်ရောက်လာပါတယ်။ အချစ်တစ်ခုတည်းနဲ့ နှစ်ယောက်တစ်ဘဝတည်ဆောက်လို့ရတယ်ဆိုတာ စိတ်ကူးယဉ်ဆန်တဲ့ ကလေးဘဝက လက်တွေ့မကျတဲ့အတွေးအခေါ်တခုပါပဲ။”“ကျွန်တော်တို့ နှစ်ယောက်ရဲ့ Relationship မှာလဲ

မုန်တိုင်းပြီးလို့ လေပြေလာတဲ့ အချိန် ပြန်လည်ရောက်လာခဲ့တယ်။ ကံမကုန်သေးလို့ တူတူဆက်ရှိခွင့်ရတဲ့ ဘဝလေးမှာ ကျွန်တော်တို့ နှစ်ယောက် အေးအတူပူအမျှ တူတူနေခွင့်ရနေသေးတာဟာ ကံကောင်းခြင်းလို့ပဲ ကျွန်တော် ယူဆပါတယ်။အဓိကက ကိုယ့်ဘဝမှာ ကိုယ်ပျော်နေဖို့နဲ့ ကိုယ်ကြောင့်ကိုယ့်ချစ်သူပျော်နေဖို့

အရေးကြီးပါတယ်။ကျွန်တော်က သူနဲ့တွဲလာတာ ၃ နှစ်ပြည့်တော့မယ့် ကာလအတွင်း ကိုယ့်ကိုယ်ရေးကိုယ်တာ ပြဿနာလေးတွေ Public မတင်ခဲ့လို့ လူတွေက အရာရာ အဆင်ပြေချောမွေ့နေတယ်ထင်တာပါ။LGBT couple တွေရဲ့ Relationship လဲ Straight couple တွေလိုပဲ

ဆူးညောင့်ခလုတ်ဆိုတာကတော့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တည်ဆောက်ထားတဲ့ Relationship တခုကို အရှုံးမပေးပဲ ဆက်လက်ရင်ဆိုင်ဖြေရှင်းချင်တဲ့ စိတ်တစ်ခုပဲရှိဖို့လိုတာပါ။တစ်ဦးတစ်ယောက်ထဲက အဲ့စိတ်ရှိနေရင်တော့ ဇာတ်လမ်းက ပြီးပြီပေါ့။ခွဲနေတဲ့ အခါလူတစ်ယောက်ကို ဆုံးရှူံးပြီးတဲ့ အခါကျမှပဲ

ကိုယ်တိုင်က လူတယောက်ရဲ့ တန်ဖိုးကို ပိုသိတတ်နားလည်လာကြတာသဘာဝပါပဲ။ ဒါပေမဲ့ ကျွန်တော်သူနဲ့မြဲဖို့ ကံတရားကတော့ ဘယ်လောက်ထိ ပါမလဲတော့ မပြောတတ်ဘူး။ ကံမကုန်သေးသ ရွေ့ပေါ့လေ။ ကိုယ့်ဘက်က အကောင်းဆုံးပဲ ဖြစ်အောင်နေပါတယ်။ တကယ်လို့ တနေ့နေ့မှာ ပြတ်သွားပြီဆိုလဲ

ကျွန်တော် ရှေ့ဆက်လျှောက်မယ့်လမ်းမှာ နောက်ချစ်သူအသစ်နဲ့ တွဲရင် ပေါ်တင်ပဲတွဲချင်တဲ့အတွက် လူတွေ ကိုယ်လိုရာဆွဲတွေး အတင်းတုပ် တမျိုးထင်တာမဖြစ်ချင်လို့ ကိုယ့်ဂုဏ်သိက္ခာအတွက်တော့ ပရိသတ်ကို ပေါ်တင်အသိပေးပါမယ်။ကျွန်တော်က ဒဲ့ဒိုးဘွင်းဘွင်းပဲပြောတဲ့ ပွင့်ပွင့်လင်းလင်းသမား။

သူနဲ့ အကောင်းဆုံးကိုလဲ မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လဲ ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ လောကကြီးမှာ ချစ်တိုင်းလဲ မညား ညားတိုင်းလဲ မချစ်ဆိုတဲ့စကားလိုပဲ။ ကျွန်တော်ကတော့ သူနဲ့ Married လုပ်ပြီး တသက်လုံးပေါင်းချင်တာပေါ့လေ။ မျှော်လင့်သလိုဖြစ်လာရင်တော့အကောင်းဆုံးပေါ့။”

“ရန်ဖြစ်တိုင်းလဲ ပြတ်ပြီဆိုရင် သူ့ကို ကျွန်တော်ပြောနေကျစကားရှိတယ်။ ကျွန်တော့်ဘဝမှာ ကိုယ့်အိမ်ထောင်ဟောင်းလဲ မမျှော်လင့်ပဲ သေဆုံးသွားလို့ အလူးအလဲခံစားရခဲ့ပြီးပြီ။ ရူးမတတ် ဘဝကို စိတ်ပိုင်းဆိုင်ရာ မနည်းနလန်ထူအောင် တစ်ယောက်ထဲ ပြန်ရုန်းကန်ခဲ့ရတာ။အဆိုးဆုံးအခြေအနေကို

ကျော်ဖြတ်ခဲ့တဲ့သူတစ်ယောက်အတွက် အခုအချိန်မှာ ဘယ်အရာမှ သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူးလို့။ ပြတ်ရင်တော့လဲ အချိန်ကာလအတိုင်းအတာတခုထိ ခံစားရပြီးရင်တော့ ပြီးသွားမှာပဲလေ။ ကျွန်တော် အရှူံးပေးနေတာဟာ သည်းခံနေတာဟာ ကိုယ်တဘဝလုံးပုံအောပြီး ဦးစားပေးချစ်ခဲ့တဲ့ အချစ်တခုကြောင့်ဆိုတာကို

သူတန်ဖိုးထားတတ်ဖို့တော့လိုတယ်လို့။”“ဒါပေမဲ့ တခါတလေမှာ အချစ်ကို တအားဦးစားပေးတော့ ကိုယ်ရလိုက်တဲ့သင်ခန်းစာ က ကိုယ့်ဘဝလမ်းကြောင်း ဦးတည်ချက်မှာထိခိုက်သွားတာပါပဲ။ ဒီနိုင်ငံမှာနေရတာပျော်ပေမယ့် ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တထပ်ထဲမကျပါဘူး။ အဲ့ဒီအတွက် ကျွန်တော်တို့ အခုပြန်တည့်သွားပြီဆိုပေမယ့်

ကျွန်တော် မကြာခင်တော့သူ့ကို အကြာကြီးထားပြီး မြန်မာနိုင်ငံမှာ ကိုယ့်မိဘအလုပ်တွေနဲ့ ကိုယ် plan ချထားတဲ့ အလုပ်တွေ အနုပညာလဲ အချိန်ရရင်ရသလို လုပ်သွားဖို့ ကျွန်တော် ပြန်လာပါမယ်။ အဲ့ဒီအပေါ်သူနားမလည်ရင်တော့လဲ မတတ်နိုင်ဘူး။ လောလောဆယ်တော့ ပြန်လို့ပြောပါတယ်။

နှစ်တိုင်းတနှစ်ကို နှစ်ခေါက်လောက်အနည်းဆုံးပြန်လာနေတဲ့ကျွန်တော် သူ မပြန်စေချင်လို့ မြန်မာပြည်ပြန်မရောက်တာ ၂ နှစ်ခွဲကျော်ပြီ။Covid အခြေအနေပြီးလို့ လေယာဉ်ကွင်းတွေပြန်ဖွင့်ရင်လာပြီ Relationship တွေမှာကြာလာရင် ဖြစ်တတ်တဲ့ ပဋိပက္ခလေးတွေ ကျွန်တော်တို့ရင်ဆိုင်နေခဲ့ရတဲ့

ပြဿနာလေးတွေကို ကျွန်တော် ဒီရက်ပိုင်းထဲဗီဒီယိုလေးရိုက်ပြီး ဆောင်ရန်ရှောင်ရန် လေးတွေ ပြောပြမယ်နော်။” ဆိုပြီး ပြောထားပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi

ခ်စ္သူနဲ႕ပဋိပကၡေတြျဖစ္ခဲ့ျပီးေနာက္ မၾကာခင္ျမန္္မာျပည္ျပန္လာျပီး အနုပညာအလုပ္ေတြ လုပ္ေတာ့မယ္ဆိုတဲ့ ဥကၠာမင္းေမာင္

သရုပ္ေဆာင္ ဥကၠာမင္းေမာင္ကေတာ့ သူ့ရဲ့ျဖစ္တည္မႈနဲ့ပက္သတ္ျပီး ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ခ်ျပထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဥကၠာမင္းေမာင္က သူ့ရဲ့ ပထမအိမ္ေထာင္ကြယ္လြန္သြားျပီးတဲ့ေနာက္မွာေတာ့ ဒုတိယေျမာက္ခ်စ္သူနဲ့သာယာတဲ့အခ်စ္ေရးကို တည္ေဆာက္ျပီး ပရိသတ္ေတြကိုလည္း

ပြင့္ပြင့္လင္းလင္း ခ်ျပထားတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္မေကာင္းစရာသတင္းကေတာ့ ဥကၠာမင္းေမာင္က သူ့ရဲ့ခ်စ္သူနဲ့ လမ္းခြဲလုိက္ျပီျဖစ္တဲ့အေၾကာင္းကို ပရိသတ္ေတြဆီ အသိေပးလာပါတယ္။“ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လဲ ပရိတ္သတ္ေတြထင္သလို Comment ေရးၾကသလိုပဲ

ဟိုတေလာက ျပတ္သြားတာပါ။ ဘဝဆိုတာ အနိမ့္အျမင့္ အတက္အက်ရွိသလိုပဲ Relationship တိုင္းမွာလဲ ေလေျပလာခ်ိန္နဲ႔ မုန္တိုင္းထန္ခ်ိန္ဆိုတာရွိပါတယ္။လူမ်ိဳးမတူ ဘာသာမတူ အႀကိဳက္မတူတဲ့ လူႏွစ္ေယာက္ေပါင္းဖက္ဖို႔က နားလည္ျခင္း၊ ခ်စ္ျခင္း တစ္ဦးအေပၚတစ္ဦး အျပန္အလွန္ေလးစားျခင္း ခြင့္လႊတ္ျခင္း

ေပးဆပ္ျခင္းေပါင္းမ်ားစြာနဲ႔ ကိုယ္ျဖစ္ခ်င္တဲ့ ဘဝတစ္ခုကို တူတူတည္ေဆာက္ၾကရပါတယ္။ ကြၽန္ေတာ္တို႔လည္း ဘဝကေပးခဲ့ေသာ သင္ခန္းစာေပါင္းမ်ားစြာနဲ႔ အရင္ Relationship ေတြနဲ႔တုန္းကႀကဳံခဲ့ေသာ ႏွစ္ဖက္လုံးက်ဴးလြန္ခဲ့တဲ့ အမွားမ်ိဳးေတြဆီကေန ဥပမာယူၿပီး အခုလက္ရွိ အခ်စ္ေရးမွာ အမွားနည္းႏိုင္သမွ်

နည္းေအာင္ ကိုယ့္ဘက္ကႀကိဳးစားၿပီးေနေပမယ့္ ျပႆနာဆိုတာမဖိတ္ေခၚလဲ ေရာက္ေရာက္လာပါတယ္။ အခ်စ္တစ္ခုတည္းနဲ႔ ႏွစ္ေယာက္တစ္ဘဝတည္ေဆာက္လို႔ရတယ္ဆိုတာ စိတ္ကူးယဥ္ဆန္တဲ့ ကေလးဘဝက လက္ေတြ႕မက်တဲ့အေတြးအေခၚတခုပါပဲ။”“ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ရဲ႕ Relationship မွာလဲ

မုန္တိုင္းၿပီးလို႔ ေလေျပလာတဲ့ အခ်ိန္ ျပန္လည္ေရာက္လာခဲ့တယ္။ ကံမကုန္ေသးလို႔ တူတူဆက္ရွိခြင့္ရတဲ့ ဘဝေလးမွာ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ ေအးအတူပူအမွ် တူတူေနခြင့္ရေနေသးတာဟာ ကံေကာင္းျခင္းလို႔ပဲ ကြၽန္ေတာ္ ယူဆပါတယ္။အဓိကက ကိုယ့္ဘဝမွာ ကိုယ္ေပ်ာ္ေနဖို႔နဲ႔ ကိုယ္​ေၾကာင့္ကိုယ့္ခ်စ္သူေပ်ာ္ေနဖို႔

အေရးႀကီးပါတယ္။ကြၽန္ေတာ္က သူနဲ႔တြဲလာတာ ၃ ႏွစ္ျပည့္ေတာ့မယ့္ ကာလအတြင္း ကိုယ့္ကိုယ္ေရးကိုယ္တာ ျပႆနာေလးေတြ Public မတင္ခဲ့လို႔ လူေတြက အရာရာ အဆင္ေျပေခ်ာေမြ႕ေနတယ္ထင္တာပါ။LGBT couple ေတြရဲ႕ Relationship လဲ Straight couple ေတြလိုပဲ

ဆူးေညာင့္ခလုတ္ဆိုတာကေတာ့ရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တည္ေဆာက္ထားတဲ့ Relationship တခုကို အရႈံးမေပးပဲ ဆက္လက္ရင္ဆိုင္ေျဖရွင္းခ်င္တဲ့ စိတ္တစ္ခုပဲရွိဖို႔လိုတာပါ။တစ္ဦးတစ္ေယာက္ထဲက အဲ့စိတ္ရွိေနရင္ေတာ့ ဇာတ္လမ္းက ၿပီးၿပီေပါ့။ခြဲေနတဲ့ အခါလူတစ္ေယာက္ကို ဆုံးရႉံးၿပီးတဲ့ အခါက်မွပဲ

ကိုယ္တိုင္က လူတေယာက္ရဲ႕ တန္ဖိုးကို ပိုသိတတ္နားလည္လာၾကတာသဘာဝပါပဲ။ ဒါေပမဲ့ ကြၽန္ေတာ္သူနဲ႔ၿမဲဖို႔ ကံတရားကေတာ့ ဘယ္ေလာက္ထိ ပါမလဲေတာ့ မေျပာတတ္ဘူး။ ကံမကုန္ေသးသ ေ႐ြ႕ေပါ့ေလ။ ကိုယ့္ဘက္က အေကာင္းဆုံးပဲ ျဖစ္ေအာင္ေနပါတယ္။ တကယ္လို႔ တေန႔ေန႔မွာ ျပတ္သြားၿပီဆိုလဲ

ကြၽန္ေတာ္ ေရွ႕ဆက္ေလွ်ာက္မယ့္လမ္းမွာ ေနာက္ခ်စ္သူအသစ္နဲ႔ တြဲရင္ ေပၚတင္ပဲတြဲခ်င္တဲ့အတြက္ လူေတြ ကိုယ္လိုရာဆြဲေတြး အတင္းတုပ္ တမ်ိဳးထင္တာမျဖစ္ခ်င္လို႔ ကိုယ့္ဂုဏ္သိကၡာအတြက္ေတာ့ ပရိသတ္ကို ေပၚတင္အသိေပးပါမယ္။ကြၽန္ေတာ္က ဒဲ့ဒိုးဘြင္းဘြင္းပဲေျပာတဲ့ ပြင့္ပြင့္လင္းလင္းသမား။

သူနဲ႔ အေကာင္းဆုံးကိုလဲ ေမွ်ာ္လင့္ထားသလို အဆိုးဆုံးအတြက္လဲ ႀကိဳတင္ျပင္ဆင္ထားၿပီးသားပါ။ ေလာကႀကီးမွာ ခ်စ္တိုင္းလဲ မညား ညားတိုင္းလဲ မခ်စ္ဆိုတဲ့စကားလိုပဲ။ ကြၽန္ေတာ္ကေတာ့ သူနဲ႔ Married လုပ္ၿပီး တသက္လုံးေပါင္းခ်င္တာေပါ့ေလ။ ေမွ်ာ္လင့္သလိုျဖစ္လာရင္ေတာ့အေကာင္းဆုံးေပါ့။”

“ရန္ျဖစ္တိုင္းလဲ ျပတ္ၿပီဆိုရင္ သူ႔ကို ကြၽန္ေတာ္ေျပာေနက်စကားရွိတယ္။ ကြၽန္ေတာ့္ဘဝမွာ ကိုယ့္အိမ္​ေထာင္ေဟာင္းလဲ မေမွ်ာ္လင့္ပဲ ေသဆုံးသြားလို႔ အလူးအလဲခံစားရခဲ့ၿပီးၿပီ။ ႐ူးမတတ္ ဘဝကို စိတ္ပိုင္းဆိုင္ရာ မနည္းနလန္ထူေအာင္ တစ္ေယာက္ထဲ ျပန္႐ုန္းကန္ခဲ့ရတာ။အဆိုးဆုံးအေျခအေနကို

ေက်ာ္ျဖတ္ခဲ့တဲ့သူတစ္ေယာက္အတြက္ အခုအခ်ိန္မွာ ဘယ္အရာမွ သန္းေခါင္ထက္ ညဥ့္မနက္ေတာ့ပါဘူးလို႔။ ျပတ္ရင္ေတာ့လဲ အခ်ိန္ကာလအတိုင္းအတာတခုထိ ခံစားရၿပီးရင္ေတာ့ ၿပီးသြားမွာပဲေလ။ ကြၽန္ေတာ္ အရႉံးေပးေနတာဟာ သည္းခံေနတာဟာ ကိုယ္တဘဝလုံးပုံေအာၿပီး ဦးစားေပးခ်စ္ခဲ့တဲ့ အခ်စ္တခုေၾကာင့္ဆိုတာကို

သူတန္ဖိုးထားတတ္ဖို႔ေတာ့လိုတယ္လို႔။”“ဒါေပမဲ့ တခါတေလမွာ အခ်စ္ကို တအားဦးစားေပးေတာ့ ကိုယ္ရလိုက္တဲ့သင္ခန္းစာ က ကိုယ့္ဘဝလမ္းေၾကာင္း ဦးတည္ခ်က္မွာထိခိုက္သြားတာပါပဲ။ ဒီႏိုင္ငံမွာေနရတာေပ်ာ္ေပမယ့္ ျဖစ္ခ်င္တာနဲ႔ ျဖစ္ေနတာ တထပ္ထဲမက်ပါဘူး။ အဲ့ဒီအတြက္ ကြၽန္ေတာ္တို႔ အခုျပန္တည့္သြားၿပီဆိုေပမယ့္

ကြၽန္ေတာ္ မၾကာခင္ေတာ့သူ႔ကို အၾကာႀကီးထားၿပီး ျမန္မာႏိုင္ငံမွာ ကိုယ့္မိဘအလုပ္ေတြနဲ႔ ကိုယ္ plan ခ်ထားတဲ့ အလုပ္ေတြ အႏုပညာလဲ အခ်ိန္ရရင္ရသလို လုပ္သြားဖို႔ ကြၽန္ေတာ္ ျပန္လာပါမယ္။ အဲ့ဒီအေပၚသူနားမလည္ရင္ေတာ့လဲ မတတ္ႏိုင္ဘူး။ ေလာေလာဆယ္ေတာ့ ျပန္လို႔ေျပာပါတယ္။

ႏွစ္တိုင္းတႏွစ္ကို ႏွစ္ေခါက္ေလာက္အနည္းဆုံးျပန္လာေနတဲ့ကြၽန္ေတာ္ သူ မျပန္ေစခ်င္လို႔ ျမန္မာျပည္ျပန္မေရာက္တာ ၂ ႏွစ္ခြဲေက်ာ္ၿပီ။Covid အေျခအေနၿပီးလို႔ ေလယာဥ္ကြင္းေတြျပန္ဖြင့္ရင္လာၿပီ Relationship ေတြမွာၾကာလာရင္ ျဖစ္တတ္တဲ့ ပဋိပကၡေလးေတြ ကြၽန္ေတာ္တို႔ရင္ဆိုင္ေနခဲ့ရတဲ့ျ

ပႆနာေလးေတြကို ကြၽန္ေတာ္ ဒီရက္ပိုင္းထဲဗီဒီယိုေလး႐ိုက္ၿပီး ေဆာင္ရန္ေရွာင္ရန္ ေလးေတြ ေျပာျပမယ္ေနာ္။” ဆိုျပီး ေျပာထားပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ရက္ေလးတစ္ရက္ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

About the author

Aung Lay

Leave a Comment