သမီးက ကိုယ့်အတွက် ပိုက်ဆံပန်းစည်း လုပ်ပေးနေမှန်းမသိဘဲ ဝင်ပြီး ကူညီပေးနေခဲ့တဲ့ ဖခင်

သမီးက ကိုယ့်အတွက် ပိုက်ဆံ ပန်းစည်း လုပ်ပေးနေမှန်း မသိဘဲ ဝင်ပြီး ကူညီးပေးနေ ခဲ့တဲ့ ဖခင်

ကိုယ့်ရဲ့မိဘတွေအတွက် လက်ဆောင် တစ်ခုခုဝယ် ပေးမယ်ဆိုရင် ပစ္စည်းကဈေးမကြီးဘူး ဆိုရင်တောင် သူတို့တွေက တန်ဖိုးထား ၊ အလေးထား တတ်ကြပါတယ် ။ မကြာသေးခင်က Salwani အမည်ရှိတဲ့ မိန်းကလေးဟာ သူမဖခင်ရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ အပြုအမှုကို Twitter မှာ ဝေမျှခဲ့ပါတယ် ။ အဲတာကတော့ Salwani ဟာ သူမရဲ့ဖခင်မွေးနေ့ အတွက် ပိုက်ဆံပန်းစည်းလေး လုပ်ပေးနေရင်းနဲ့ အလုပ်ရှုပ်နေခဲ့တာပါ ။ သို့ပေမဲ့လည်း ဖခင်ဖြစ်သူက ဘားမှမသိဘဲ ပိုက်ဆံပန်းစည်း လုပ်နေတဲ့ သမီးလေးကိုလာရောက် ကူညီပေးခဲ့ပါတယ် ။

” ပြသာနာက အဖေ့ရဲ့မွေးနေ့အတွက် ပန်းစည်းလုပ်နေတာ အဲတာကိုပိုင်ရှင်က ဘားမှမသိဘဲ ပန်းစည်းကိုကိုယ်တိုင်ပြင်ဆင်နေတော့တာပဲ ၊ တခြားသူအော်ဒါမှာထားတာဆိုပြီး သူ့ကိုလိမ်ထားရတာ ၊ ဟန်ဆောင်ရတာ တော်တော်ခက်တယ် ၊ သူက ကမ္ဘာပေါ်မှာကျန်ခဲ့တဲ့ ကျွန်မရဲ့တစ်ခုတည်းသော ရတနာလေးပါပဲ ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

အမေဆုံးသွားပြီး နောက်ပိုင်း အဖေ့ကိုပျော်ရွှင်အောင် ထားပေးရတာက ကျွန်မအတွက် အပျော်ရွှင်ဆုံးအရာပါပဲ ၊ ကျွန်မမှာ အဖေပဲ ကျန်တော့တာ ဆိုပြီး သူမရဲ့အဖြစ်ကိုလည်း ရေးသားခဲ့ပါတယ် ။ ထို့အပြင် သူမက ဖခင်ဖြစ်သူကို ကျန်းမာသန်စွမ်းပြီး အသက်ရှည်စွာနေထိုင်နိုင်ဖို့ မျှော်လင့်နေလျက်ရှိပြီး ” အဖေလုပ်ပေးခဲ့တဲ့အရာတွေကို ပြန်ပေးဆပ်နိုင်ဖို့ ကျွန်မကိုအချိန်တွေပေးပါအုံး အဖေ ” ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Zawgyi

သမီးက ကိုယ့္အတြက္ ပိုက္ဆံ ပန္းစည္း လုပ္ေပးေနမွန္း မသိဘဲ ဝင္ၿပီး ကူညီးေပးေန ခဲ့တဲ့ ဖခင္

ကိုယ့္ရဲ႕မိဘေတြအတြက္ လက္ေဆာင္ တစ္ခုခုဝယ္ ေပးမယ္ဆိုရင္ ပစၥည္းကေဈးမႀကီးဘူး ဆိုရင္ေတာင္ သူတို႔ေတြက တန္ဖိုးထား ၊ အေလးထား တတ္ၾကပါတယ္ ။ မၾကာေသးခင္က Salwani အမည္ရွိတဲ့ မိန္းကေလးဟာ သူမဖခင္ရဲ႕ ခ်စ္ဖို႔ေကာင္းလြန္းတဲ့ အျပဳအမႈကို Twitter မွာ ေဝမွ်ခဲ့ပါတယ္ ။ အဲတာကေတာ့ Salwani ဟာ သူမရဲ႕ဖခင္ေမြးေန႔ အတြက္ ပိုက္ဆံပန္းစည္းေလး လုပ္ေပးေနရင္းနဲ႔ အလုပ္ရႈပ္ေနခဲ့တာပါ ။ သို႔ေပမဲ့လည္း ဖခင္ျဖစ္သူက ဘားမွမသိဘဲ ပိုက္ဆံပန္းစည္း လုပ္ေနတဲ့ သမီးေလးကိုလာေရာက္ ကူညီေပးခဲ့ပါတယ္ ။

” ျပသာနာက အေဖ့ရဲ႕ေမြးေန႔အတြက္ ပန္းစည္းလုပ္ေနတာ အဲတာကိုပိုင္ရွင္က ဘားမွမသိဘဲ ပန္းစည္းကိုကိုယ္တိုင္ျပင္ဆင္ေနေတာ့တာပဲ ၊ တျခားသူေအာ္ဒါမွာထားတာဆိုၿပီး သူ႔ကိုလိမ္ထားရတာ ၊ ဟန္ေဆာင္ရတာ ေတာ္ေတာ္ခက္တယ္ ၊ သူက ကမာၻေပၚမွာက်န္ခဲ့တဲ့ ကြၽန္မရဲ႕တစ္ခုတည္းေသာ ရတနာေလးပါပဲ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

အေမဆုံးသြားၿပီး ေနာက္ပိုင္း အေဖ့ကိုေပ်ာ္႐ႊင္ေအာင္ ထားေပးရတာက ကြၽန္မအတြက္ အေပ်ာ္႐ႊင္ဆုံးအရာပါပဲ ၊ ကြၽန္မမွာ အေဖပဲ က်န္ေတာ့တာ ဆိုၿပီး သူမရဲ႕အျဖစ္ကိုလည္း ေရးသားခဲ့ပါတယ္ ။ ထို႔အျပင္ သူမက ဖခင္ျဖစ္သူကို က်န္းမာသန္စြမ္းၿပီး အသက္ရွည္စြာေနထိုင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနလ်က္ရွိၿပီး ” အေဖလုပ္ေပးခဲ့တဲ့အရာေတြကို ျပန္ေပးဆပ္ႏိုင္ဖို႔ ကြၽန္မကိုအခ်ိန္ေတြေပးပါအုံး အေဖ ” ဆိုၿပီးေတာ့လည္း ေရးသားခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Be the first to comment

Leave a Reply

Your email address will not be published.


*