တိုက်ချက်လန်ထွက် CCTV ကိုသာ ကြည့်လိုက်တော့…(ရုပ်သံ) (မသိရင် နိုင်ငံခြားအက်ရှင်ကားထဲကလားတောင် ထင်ရပါတယ်…)
ဗွီယိုဖိုင်ကတော့ မအူပင် တိုးဂိတ်က (1/8/2020)1:30PMအချိန်ခန့် CCTV မှတ်တမ်းက ဗွီယိုဖိုင်တဲ့ဗျာ။
ဂိတ်နားက ကား ဆိုင်ကယ် အကုန်တွန်းတိုက်ပြစ်လိုက်တာဖြစ်ပါတယ်။
မသိရင် နိုင်ငံခြားအက်ရှင်ကားထဲကလားတောင် ထင်ရပါတယ်။ ကြောက်စရာကောင်းချက်။
ခရီးသွားပြည်သူတွေဘဝလည်း မလွယ်ပါလားဗျာ။ ခရီးသွားပြည်သူတွေတင်မလွယ်တာမဟုတ် မဆီမဆိုင်ဘေးက ဟာတေပါဝင်တိုက်တာ။
ကားဆရာတွေအနေနဲ့လည်း ကားပေါ်တက် စတီယာကိုင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကို စူပါမန်းမှတ်နေကြသလားမသိပါ။ ခရီးသည်တွေအားလုံးရဲ့ အသက်ဟာ
ကားမောင်းသမား ဒရိုင်ဗာလက်ထဲမှာဆိုတာလည်း သတိထားစေချင်ပါတယ်ဗျာ။
ကားရဲ့ အဓိက အစိတ်ပိုင်းတွေချို့ယွင်းမှု့ ရှိမရှိ၊ ကြံ့ခိုင်မှုရှိမရှိတို့ကိုလည်း မမောင်းခင် စစ်ဆေးသင့်ပါတယ်။ အခုတော့ အားလုံးဒုက္ခတွေ့ကြရပီ။
အားလုံးဘေးကင်းကြပါစေလို့သာ ဆုတောင်းမိပါတယ်။
Crd- မအူပင်ကျော်လွှား
Zawgyi
Crd- မအူပင်ကျော်လွှား
Be the first to comment
Leave a Reply
Your email address will not be published.
*