မွန်ရိုးရာ ဆင်တူဝတ်စုံလေးနဲ့ ကျက်သရေ ရှိရှိလှနေတဲ့ “ဝေလာရီ” တို့ ညီအမ

ချစ်ပရိသတ်ကြီးရေ အဆိုတော်မလေး လိမ္မော်သီး နဲ့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ဝေလာရီတို့က တကယ့်ညီအမ အရင်းတွေဆိုတာ ပရိသတ်တွေ သိပြီးဖြစ်မှာပါနော်။

အနုပညာလောကထဲ ကို ဝင်ရောက်လာတာ ဆယ်စုနှစ်လောက်ရှိပြီ ဖြစ်တဲ့ လိမ္မော်သီးက ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားပြီး အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါ။

ညီမငယ်လေး ဝေလာရီ က Forever groupက ရိုက်ကူးထုတ်လွှင့်တဲ့ MRTV-4ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ပရိသတ်ရင်ထဲ အချိန်တိုအတွင်းမှာ နေရာတစ်နေရာ ယူထားနိုင်တဲ့ သူလေးပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အနုပညာနယ်ပယ် အသီးသီးမှာ အောင်မြင်မှုတွေရရှိထားတဲ့ သူတို့ညီအမ နှစ်ယောက်ကို ပရိသတ်တွေက အချစ်ပိုနေကြတာပါနော်။ အသက်အရွယ်ကွာပေမယ့် အမွှာတွေလို့ ထင်ရလောက်တဲ့ လိမ္မော်သီးနဲ့ ဝေလာရီက ယနေ့ မှာတော့ ပုံလှလှလေးတွေနဲ့ ပရိသတ်အချစ်တွေကို သိမ်းပိုက်လိုက်ပြန်ပါပြီ။

မွန်ရိုးရာ ဆင်တူဝတ်စုံလေးနဲ့ ကျက်သရေ ရှိရှိလှနေခဲ့ပြီး သူတို့ ညီအမ နှစ်ယောက်ရဲ့ ပိုစ့်တွေတိုင်းကလည်း မြင်သူတိုင်း အချစ်ပိုစေမိမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်နော်။

ပုံလေးတွေတိုင်းက ဆွဲဆောင်မှု ရှိရှိ လှနေတဲ့အပြင် ညီအမနှစ်ယောက်ရဲ့ အပြုံးလေးတွေကလည်း ချစ်စရာကောင်းလွန်းနေတာကြောင့် ပရိသတ်တွေက ကြည့်ရှုပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်…..။

Source – Wai Lar Ri’s FB account

Zawgyi







Be the first to comment

Leave a Reply

Your email address will not be published.


*