ခန့်စည်သူ ရဲ့ ပရဟိတ အလုပ်တွေ အပေါ် လေးစား အားကျ မိတယ် ဆိုတဲ့ ခွန်းဆင့်နေခြည်

ခန့်စည်သူ ရဲ့ ပရဟိတ အလုပ်တွေ အပေါ် လေးစား အားကျ မိတယ် ဆိုတဲ့ ခွန်းဆင့်နေခြည်

အလှူအတန်း တွေ အတူတူ လုပ်လာတာ (၁၀)နှစ်ကျော်ပြီ။ ခွန်းဆင့်နေခြည်ဟာ ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့မှာ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော် ကတည်းက ပါဝင်ခဲ့တဲ့ အတွေ့အကြုံတွေ ကို ပြောပြလာပါတယ်။ သရုပ်ဆောင် ခွန်းဆင့်နေခြည် ကတော့ ခန့်စည်သူ ပြုလုပ်တဲ့ အလှူအတန်းတွေမှာ ကုသိုလ်ပါ ဝင်လာတာကို တွေ့ရပါတယ်။ သူမဟာ မေတ္တာသင်္ဂဟ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အလှူအတန်းတွေကို အမြဲမပြတ်ဦးဆောင်လုပ်ကိုင်နိုင်တဲ့ ခန့်စည်သူ အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။

“ ကိုခန့်က ပရဟိတအလုပ်နဲ့ ပတ်သက်ပြီး မေတ္တာသင်္ဂဟ ဖွဲ့ထားတာ တော်တော်ကြာပြီ။ သူက အလှူအတန်း လည်း အရမ်းလုပ်နိုင်တယ်။ တကယ်လိုအပ်တဲ့ နေရာတွေမှာလည်း သူတတ်နိုင်သလောက် ဖြည့်ဆည်းပေးနေတာ အစ်မတို့လည်း တွေ့နေရတာပဲ။ ကိုယ်တိုင်မပါဝင်ဖြစ်ပေမယ့် ကိုခန့်ရဲ့ လုပ်ဆောင်ချက်လေးတွေကို တွေ့နေတော့ လေးလည်းလေးစားတယ်၊ အားကျတယ်။ အစ်မက တကယ်ကို ထဲထဲဝင်ဝင်မလုပ်နိုင်သေးဘူး” ဆိုပြီးတော့ ခန့်စည်သူရဲ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ခွန်းဆင့်နေခြည်က ပြည်ပမှာ ကျောင်းတက် နေရတဲ့ အချိန်မှာတော့ မေတ္တာသင်္ဂဟ အဖွဲ့ကလုပ်တဲ့ အလှူအတန်းတွေမှာ မပါဝင်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ မေတ္တာသင်္ဂဟ အဖွဲ့ အနေနဲ့ ဇူလိုင်(၂၅) ရက်နေ့က ဗဟိုအမျိုးသမီးဆေးရုံမှာ ပြုလုပ်ခဲ့တဲ့ အလှူမှာတော့ ခွန်းဆင့်နေခြည် ပါဝင်ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။“ အစ်မက လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကတည်းက မေတ္တာသင်္ဂဟ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ အလှူအတန်းတွေ အတူတူ လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းကျတော့ နည်းနည်းလေး အလှမ်းဝေးသလိုလေး ဖြစ်သွားတော့ သိပ်မပါဝင်ဖြစ်တော့ဘူး။ ကိုခန့်ဆောင်ရွက်တဲ့ အလှူအတန်းတွေတိုင်းမှာ အနုပညာမောင်နှမတော်တော်များများကလည်း အနောက်ကနေ ပါဝင်လာတော့ ကိုခန့် ကိုယ်တိုင်လည်း အားရှိတယ်၊ မောင်နှမတွေကလည်း အားဖြည့်ပေးတဲ့ သဘောပေါ့” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။

ခွန်းဆင့်နေခြည် ကိုတော့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ မိုင်တိုင် ၇၆ ဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကလည်း ပရိသတ်အားပေးမှုများစွာနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာအနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာ သာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။

Zawgyi

ခန႔္စည္သူ ရဲ့ ပရဟိတ အလုပ္ေတြ အေပၚ ေလးစား အားက် မိတယ္ ဆိုတဲ့ ခြန္းဆင့္ေနျခည္

အလႉအတန္း ေတြ အတူတူ လုပ္လာတာ (၁၀)ႏွစ္ေက်ာ္ၿပီ။ ခြန္းဆင့္ေနျခည္ဟာ ခန႔္စည္သူ ဦးေဆာင္တဲ့ ေမတၱာသဂၤဟအဖြဲ႕မွာ လြန္ခဲ့တဲ့ (၁၀) ႏွစ္ေက်ာ္ ကတည္းက ပါဝင္ခဲ့တဲ့ အေတြ႕အၾကဳံေတြ ကို ေျပာျပလာပါတယ္။ သ႐ုပ္ေဆာင္ ခြန္းဆင့္ေနျခည္ ကေတာ့ ခန႔္စည္သူ ျပဳလုပ္တဲ့ အလႉအတန္းေတြမွာ ကုသိုလ္ပါ ဝင္လာတာကို ေတြ႕ရပါတယ္။ သူမဟာ ေမတၱာသဂၤဟ အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး အလႉအတန္းေတြကို အျမဲမျပတ္ဦးေဆာင္လုပ္ကိုင္နိုင္တဲ့ ခန႔္စည္သူ အေပၚ သူမရဲ့ သေဘာထားကို ေျပာျပလာပါတယ္။

“ ကိုခန႔္က ပရဟိတအလုပ္နဲ႔ ပတ္သက္ၿပီး ေမတၱာသဂၤဟ ဖြဲ႕ထားတာ ေတာ္ေတာ္ၾကာၿပီ။ သူက အလႉအတန္း လည္း အရမ္းလုပ္နိုင္တယ္။ တကယ္လိုအပ္တဲ့ ေနရာေတြမွာလည္း သူတတ္နိုင္သေလာက္ ျဖည့္ဆည္းေပးေနတာ အစ္မတို႔လည္း ေတြ႕ေနရတာပဲ။ ကိုယ္တိုင္မပါဝင္ျဖစ္ေပမယ့္ ကိုခန႔္ရဲ့ လုပ္ေဆာင္ခ်က္ေလးေတြကို ေတြ႕ေနေတာ့ ေလးလည္းေလးစားတယ္၊ အားက်တယ္။ အစ္မက တကယ္ကို ထဲထဲဝင္ဝင္မလုပ္နိုင္ေသးဘူး” ဆိုၿပီးေတာ့ ခန႔္စည္သူရဲ့ အလႉကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ခြန္းဆင့္ေနျခည္က ျပည္ပမွာ ေက်ာင္းတက္ ေနရတဲ့ အခ်ိန္မွာေတာ့ ေမတၱာသဂၤဟ အဖြဲ႕ကလုပ္တဲ့ အလႉအတန္းေတြမွာ မပါဝင္နိုင္ခဲ့ဘူးလို႔ ဆိုပါတယ္။ ေမတၱာသဂၤဟ အဖြဲ႕ အေနနဲ႔ ဇူလိုင္(၂၅) ရက္ေန႔က ဗဟိုအမ်ိဳးသမီးေဆး႐ုံမွာ ျပဳလုပ္ခဲ့တဲ့ အလႉမွာေတာ့ ခြန္းဆင့္ေနျခည္ ပါဝင္ကုသိုလ္ယူခဲ့တာကို ေတြ႕ရပါတယ္။“ အစ္မက လြန္ခဲ့တဲ့ (၁၀) ႏွစ္ေက်ာ္ေလာက္ကတည္းက ေမတၱာသဂၤဟ အဖြဲ႕ဝင္ တစ္ေယာက္အေနနဲ႔ အလႉအတန္းေတြ အတူတူ လုပ္ခဲ့ဖူးပါတယ္။ ေနာက္ပိုင္းက်ေတာ့ နည္းနည္းေလး အလွမ္းေဝးသလိုေလး ျဖစ္သြားေတာ့ သိပ္မပါဝင္ျဖစ္ေတာ့ဘူး။ ကိုခန႔္ေဆာင္ရြက္တဲ့ အလႉအတန္းေတြတိုင္းမွာ အႏုပညာေမာင္ႏွမေတာ္ေတာ္မ်ားမ်ားကလည္း အေနာက္ကေန ပါဝင္လာေတာ့ ကိုခန႔္ ကိုယ္တိုင္လည္း အားရွိတယ္၊ ေမာင္ႏွမေတြကလည္း အားျဖည့္ေပးတဲ့ သေဘာေပါ့” လို႔ ဆက္လက္ ေျဖဆိုခဲ့ပါတယ္။

ခြန္းဆင့္ေနျခည္ ကိုေတာ့ မိုင္တိုင္၂၆ ႐ုပ္ရွင္ဇာတ္ကားနဲ႔ မိုင္တိုင္ ၇၆ ဇာတ္ကားေတြကေန တဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ ၾကတာ ျဖစ္ပါတယ္။ ဒီဇာတ္ကားေတြကလည္း ပရိသတ္အားေပးမႈမ်ားစြာနဲ႔ ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားေတြ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ အခုလက္ရွိမွာအႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္ေတာ့ဘူးလို႔ သိရပါတယ္။ သူမဟာ သ႐ုပ္ေဆာင္ဘက္မွာ သာမက စာလာလာမဖတ္နဲ႔ ေတးစီးရီးထြက္ရွိထားသူလည္း ျဖစ္ပါတယ္။ အဆိုေတာ္ မင္းသမီး ခြန္းဆင့္ေနျခည္ဟာ ကိုယ္လုံးကိုယ္ေပါက္ လွပတဲ့အတြက္လည္း နာမည္ႀကီးသူပါ။ အခုေတာ့ ဒါရိုက္တာ လုပ္ဖို႔ စဥ္းစားေနၿပီျဖစ္တာေၾကာင့္ သူမရဲ့ ပရိသတ္ေတြအတြက္ ရသသစ္ေတြခံစားရဦးမွာလည္း ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*