Cele News

ကပ်ရောဂါကြီးပြီးရင် သူကိုယ်တိုင်စနစ်တကျ ထိန်းသိမ်းတည်ထောင်ထားတဲ့ ပုပ္ပါးမြို့က ဟိုတယ်လေးကို အလည်လာဖို့ ဖိတ်ခေါ်လိုက်တဲ့ နေမျိုးအောင်

Written by Aung Lay

မင္းသား ေနမ်ိဳးေအာင္ကေတာ့ သူ႔ရဲ႕ အႏုပညာသက္တမ္းတစ္ေလွ်ာက္ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမ်ားစြာကို ႐ိုက္ကူးခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ေနမ်ိဳးေအာင္က အသက္အ႐ြယ္တစ္ခု ေရာက္ရွိလာခ်ိန္မွာေတာ့ အႏုပညာလုပ္ငန္းေတြထက္ မိသားစုနဲ႔အတူတူ အခ်ိန္ေတြ ကုန္ဆုံးေနတာပဲ ျဖစ္ပါတယ္။ ေနမ်ိဳးေအာင္က လက္ရွိမွာ သူ႔ရဲ႕ ဇနီးေလးနဲ႔အတူတူ ပုပၸါးၿမိဳ႕မွာရွိတဲ့ သူ႔ရဲ႕ ေနမင္းသား ဟိုတယ္ကို ဦးစီးေနတာပဲ ျဖစ္ပါတယ္။

ေနမ်ိဳးေအာင္ရဲ႕ ေနမင္းသားဟိုတယ္ကေတာ့ ေနမ်ိဳးေအာင္ကိုယ္တိုင္ သစ္ပင္ပန္းမန္ေလးေတြ စိုက္ပ်ိဳးၿပီး ေနခ်င္စဖြယ္နဲ႔ တည္းခိုသူေတြ စိတ္အပန္းေျပေစဖို႔ ဖန္တီးထားတာ ျဖစ္ပါတယ္။ ေနမ်ိဳးေအာင္ကလည္း “ကိုျမင့္ႏိုင္ႀကီးျပန္ရင္ ေအးခ်မ္းတဲ့ပုပၸါးၿမိဳ႕က ေနမင္းသားမွာအနားယူရင္း သဘာဝအလွတရားေတြခံစားဖို႔ ဖိတ္ေခၚတယ္ေနာ္” ဆိုၿပီး သူ႔ရဲ႕ ဟိုတယ္ေလးကို လာေရာက္လည္ပတ္ဖို႔ ပရိသတ္ေတြကို ဖိတ္ေခၚထားပါတယ္။

ေနမ်ိဳးေအာင္ကေတာ့ ကပ္ေရာဂါကာလႀကီးကို ဟိုတယ္မွာပဲ သစ္ပင္ပန္းပင္ေလးေတြ စိုက္ပ်ိဳးရင္းနဲ႔သာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ပုပၸါးၿမိဳ႕ေလးကို လမ္းႀကဳံႀကိဳက္လို႔ ေရာက္ျဖစ္ခဲ့ရင္ ေနမ်ိဳးေအာင္ရဲ႕ ဟိုတယ္ေလးကိုလည္း သြားေရာက္လည္ပတ္ဖို႔ မေမ့ပါနဲ႔ေနာ္။

Source: Nay Myo Aung’s ig , Crd – Cele Connections

Unicode

မင်းသား နေမျိုးအောင်ကတော့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နေမျိုးအောင်က အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာတော့ အနုပညာလုပ်ငန်းတွေထက် မိသားစုနဲ့အတူတူ အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ နေမျိုးအောင်က လက်ရှိမှာ သူ့ရဲ့ ဇနီးလေးနဲ့အတူတူ ပုပ္ပါးမြို့မှာရှိတဲ့ သူ့ရဲ့ နေမင်းသား ဟိုတယ်ကို ဦးစီးနေတာပဲ ဖြစ်ပါတယ်။

နေမျိုးအောင်ရဲ့ နေမင်းသားဟိုတယ်ကတော့ နေမျိုးအောင်ကိုယ်တိုင် သစ်ပင်ပန်းမန်လေးတွေ စိုက်ပျိုးပြီး နေချင်စဖွယ်နဲ့ တည်းခိုသူတွေ စိတ်အပန်းပြေစေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ နေမျိုးအောင်ကလည်း “ကိုမြင့်နိုင်ကြီးပြန်ရင် အေးချမ်းတဲ့ပုပ္ပါးမြို့က နေမင်းသားမှာအနားယူရင်း သဘာဝအလှတရားတွေခံစားဖို့ ဖိတ်ခေါ်တယ်နော်” ဆိုပြီး သူ့ရဲ့ ဟိုတယ်လေးကို လာရောက်လည်ပတ်ဖို့ ပရိသတ်တွေကို ဖိတ်ခေါ်ထားပါတယ်။

နေမျိုးအောင်ကတော့ ကပ်ရောဂါကာလကြီးကို ဟိုတယ်မှာပဲ သစ်ပင်ပန်းပင်လေးတွေ စိုက်ပျိုးရင်းနဲ့သာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပုပ္ပါးမြို့လေးကို လမ်းကြုံကြိုက်လို့ ရောက်ဖြစ်ခဲ့ရင် နေမျိုးအောင်ရဲ့ ဟိုတယ်လေးကိုလည်း သွားရောက်လည်ပတ်ဖို့ မမေ့ပါနဲ့နော်။

Source: Nay Myo Aung’s ig , Crd – Cele Connections

About the author

Aung Lay

Leave a Comment